
နေပြည်တော် ဇူလိုင် ၆
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ စက်မှုနှင့်သတင်း အချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနက ကြီးမှူး၍ တရုတ်ပြည်သူ့သမ္မတ နိုင်ငံ ကွမ်တုံးပြည်နယ် ရှန်းကျန်းမြို့၌ ဇူလိုင် ၄ ရက်မှ ၅ ရက်အထိ ကျင်းပခဲ့ သည့် China-ASEAN Forum on Emerging Industry သို့ တက်ရောက်ပြီး ယနေ့ မွန်းလွဲပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိကြသည်။
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စား လှယ်အဖွဲ့ကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံး စီးပွားရေး သံမှူး Mr.Ouyang Daobing နှင့် စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူများကရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်