
နေပြည်တော် ဇန်နဝါရီ ၁၂
စက်မှုဝန်ကြီးဌာန၌ တာဝန် ထမ်းဆောင်နေသည့် အရာထမ်း၊ အမှုထမ်းများနှင့် ချစ်ကြည်ရင်းနှီး မှု ပိုမိုရရှိစေရန်၊ အထက်အောက် ညီညွတ်မျှတသည့် အုပ်ချုပ်မှုစနစ် အားကောင်းစေရန်၊ နွေးထွေး သည့်ဆက်ဆံရေး စသည့် ကောင်းမွန်သည့် အလေ့အထ ကောင်းများ ဆက်လက်တိုးပွား စေရန်တို့အတွက် စက်မှုဝန်ကြီး ဌာန မြန်မာ့ဆေးဝါးလုပ်ငန်း၏ နှစ်သစ်ကူးမိတ်ဆုံစားပွဲ အခမ်း အနားကို ယနေ့ မွန်းလွဲပိုင်းတွင် စက်မှုဝန်ကြီးဌာန ရုံးအမှတ် (၃၇)၌ ကျင်းပရာ စက်မှုဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်း၊ ဒုတိယ ဝန်ကြီး ဦးရင်မောင်ညွန့်၊ ညွှန် ကြားရေးမှူးချုပ်များ၊ ဦးဆောင် ညွှန်ကြားရေးမှူးများ၊ ဒုတိယအမြဲ တမ်း အတွင်းဝန်နှင့် အရာထမ်း၊ အမှူထမ်းများ တက်ရောက်သည်။
ရှေးဦးစွာ ပြည်ထောင်စု ဝန်ကြီးက နှစ်သစ်ကူးမိတ်ဆုံစားပွဲ ကျင်းပခြင်းဖြင့် အချင်းချင်း အထက်အောက် မခွဲခြားဘဲ ချစ်ခင်ရင်းနှီးမှုကို ရရှိစေသလို လုပ်ငန်းတာဝန်များ ထမ်းဆောင် နေချိန်တွင် ဖိစီးနေသည့် စိတ် တင်းကျပ်မှုများကို လျော့နည်းစေ မည်ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က ဝန်ကြီး ဌာနရှိ အရာထမ်း၊ အမှုထမ်းများ နှင့် အခါအားလျော်စွာ တွေ့ဆုံ၍ မိတ်ဆုံစားပွဲများ ကျင်းပရန် လမ်းညွှန်မှု ပြုထားပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် နှစ်သစ်မှ စ၍ စိတ်သစ်ကိုယ်သစ်ဖြင့် နိုင်ငံ တော်၏အကျိုး၊ ဝန်ကြီးဌာန၏ အကျိုးကို ကျေပွန်စွာထမ်းဆောင် ကြရမည်ဖြစ်ကြောင်း၊ လုပ်ငန်း တာဝန်များ ထမ်းဆောင်ရာတွင် တွေ့ကြုံရမည့် စိန်ခေါ်မှုများကို စုပေါင်းအားဖြင့် ကျော်လွှားနိုင် ရေး ညီညွတ်စွာ ကြိုးစား ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ မြန်မာ့ဆေးဝါး လုပ်ငန်းသည် ပြည်သူလူထုလိုအပ်သော အခြေခံ ဆေးဝါးများကို ထုတ်လုပ် ဖြည့်ဆည်းနေသည့် စက်မှု လုပ်ငန်းဖြစ်၍ လုပ်ငန်းတာဝန် များကို ယခုထက် ပိုမိုကြိုးစား ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် နိုင်ငံတော် နှင့် ဝန်ကြီးဌာနမှ ပေးအပ်လာ သည့် လုပ်ငန်းတာဝန်များကို အပြည့်အဝ အကောင်အထည် ဖော် ဆောင်ရွက်နိုင်ရန်အတွက် တစ်ဦးချင်း၏ စွမ်းဆောင်ရည်များ ကိုလည်း မြှင့်တင်ထားရမည်ဖြစ် ကြောင်း၊ ယခုလို ဝန်ထမ်းအကြီး အကဲများနှင့် မိတ်ဆုံစားပွဲများကို ကျင်းပပေးရမည် ဖြစ်ကြောင်း၊ မင်္ဂလာအပေါင်းနှင့် ပြည့်စုံသည့် နှစ်သစ်ကို ပိုင်ဆိုင်ကြပါစေရန် ဆန္ဒပြုပါကြောင်း ပြောကြား သည်။
ဆက်လက်၍ မြန်မာ့ဆေးဝါး လုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေး မှူးက နှစ်သစ်ကူးမိတ်ဆုံစားပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။ ထို့ နောက် ပြည်ထောင်စုဝန်ကြီး သည် မြန်မာ့ဆေးဝါးလုပ်ငန်းရှိ ဌာနအကြီးအကဲများ၊ အရာထမ်း၊ အမှုထမ်းများနှင့် အတူတကွ လက်ရည်တစ်ပြင်တည်း နေ့လယ် စာသုံးဆောင်ခဲ့ကြကြောင်း သိရ သည်။
သတင်းစဉ်