စက္ကူစက်ရုံ(ရေနီ) အသေးစားစက္ကူစက်ဖြင့် စက္ကူများစမ်းသပ်ထုတ်လုပ်၊ တန်(၂၀) ထုပ်ပိုးစက္ကူစက်ရုံလည်ပတ်နိုင်ရေးအတွက် ကြည့်ရှုစစ်ဆေး

နေပြည်တော်   မေ   ၁၈
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်းသည် ယမန်နေ့ ညနေပိုင်းက  ပဲခူးတိုင်း ဒေသကြီး ရေနီမြို့ရှိ စက္ကူစက်ရုံ(ရေနီ)သို့ရောက်ရှိပြီး စက်ရုံဓာတ်ခွဲခန်း၌ အသေးစားစက္ကူစက်ဖြင့် စက္ကူ များစမ်းသပ်ထုတ်လုပ်နေမှု၊ တန်(၂၀) ထုပ်ပိုးစက္ကူ စက်ရုံလည်ပတ်နိုင်ရေးအတွက်    စက်ပစ္စည်းများ စစ်ဆေးပြုပြင်နေမှုအခြေအနေတို့ကို    လှည့်လည် ကြည့်ရှုစစ်ဆေးပြီး စက်ရုံစဉ်ဆက်မပြတ်လည်ပတ် နိုင်ရေးအတွက် ကုန်ကြမ်း၊ စက်အရန်ပစ္စည်း၊ အခြား သွင်းအားစုများကိုလည်း ကြိုတင်ဝယ်ယူစုဆောင်း ထားရန်၊ ဝန်ထမ်းများကို ခေတ်မီစက္ကူထုတ်လုပ်သည့် နည်းပညာများရရှိရေးအတွက်    ဆွေးနွေးပွဲများ၊ သင်တန်းများကျင်းပပေးရန် မှာကြားသည်။
ပြည်ထောင်စုဝန်ကြီးသည် ယနေ့နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေး ရေးဦးစီးဌာနသို့ရောက်ရှိပြီး ဝန်ထမ်းများနှင့်တွေ့ဆုံ ၍ နိုင်ငံတော်၏လမ်းညွှန်ချက်နှင့်အညီ တိုင်းဒေသ ကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့်  တိုင်းဒေသကြီး အတွင်းရှိ MSME များ ဖွံ့ဖြိုးတိုးတက်အောင် ကူညီ ဆောင်ရွက်ပေးရန်၊ ပြည်ပသွင်းကုန်အစားထိုးနိုင်ရေး အတွက် MSME များမှ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရန်၊ ဝတ်ဆင်ရေးကဏ္ဍနှင့်ပတ် သက်သည့် ဝါမှဝါဂွမ်း၊ ချည်၊ အထည်ရက်လုပ်ခြင်း လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည် များကို ကူညီပံ့ပိုးပေးရန်၊ ထို့ပြင် ပြည်ပမှ စားသုံးဆီ တင်သွင်းရမှုကို လျှော့ချနိုင်ရေးအတွက် ပြည်တွင်း စားသုံးဆီဖူလုံရေးကို    ဦးတည်ဆောင်ရွက်နေ၍ ပုဂ္ဂလိကလုပ်ငန်းရှင်များ၏    လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်၊ စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်မှသာ နိုင်ငံဖွံ့ဖြိုးတိုးတက်မည်ဖြစ်၍   စက်မှုကဏ္ဍဖွံ့ဖြိုး တိုးတက်စေရေး   ကြပ်မတ်စစ်ဆေးဆောင်ရွက်ရန် မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မကွေး တိုင်းဒေသကြီး ပွင့်ဖြူမြို့ရှိ အမှတ်(၄) အထည်စက်ရုံ (ပွင့်ဖြူ)  သို့ရောက်ရှိရာ   အစည်းအဝေးခန်းမ၌ စက်ရုံမှူးက  ၂၀၂၃ - ၂၀၂၄ ခု   ဘဏ္ဍာရေးနှစ်တွင် လုပ်ငန်းလည်ပတ်အကောင်အထည်ဖော် ဆောင်ရွက် ခဲ့မှု၊ ယခုဘဏ္ဍာရေးနှစ်တွင် လုပ်ငန်းဆောင်ရွက်မည့် အစီအမံ၊ ကုန်ထုတ်လုပ်မှုလုပ်ငန်း တိုးမြှင့်ဆောင်ရွက် နိုင်ရေးအတွက် စီမံဆောင်ရွက်ထားရှိမှုတို့ကို ရှင်းလင်း တင်ပြရာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အနေ ဖြင့်  ပြည်သူလူထုဝတ်ဆင်ရေးကဏ္ဍ ဖူလုံစေရေး အတွက်  ဝါကြိတ်စက်ရုံများ၊   ချည်မျှင်စက်ရုံများ၊ အထည်လိပ်ရက်လုပ်သည့်  စက်ရုံများကို   ရင်းနှီး မြှုပ်နှံတည်ထောင်ထားရှိသဖြင့်  ကုန်ထုတ်လုပ်မှု လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေး စီမံဆောင် ရွက်ရန်၊  စက်ရုံအနေဖြင့်   စိုက်ပျိုးရေးထွက်ကုန် အခြေခံကုန်ထုတ်လုပ်ငန်းများကို ဆောင်ရွက်နေခြင်း ဖြစ်၍  ထုတ်ကုန်များ၏   အရည်အသွးကောင်းမွန် အောင်နှင့်  တစ်ယူနစ်ထုတ်လုပ်မှု   ကုန်ကျစရိတ် လျော့နည်းသက်သာအောင်   စီမံဆောင်ရွက်ရန်၊ စက်ရုံအနေဖြင့်  စက်စွမ်းအားပြည့်   လည်ပတ်ပြီး ကုန်ထုတ်လုပ်မှုလုပ်ငန်းများ   ဆောင်ရွက်နိုင်ရန် ပျက်စီးနေသည့်စက်ပစ္စည်းများ အမြန်ဆုံးပြုပြင်နိုင် ရေးစီမံဆောင်ရွက်ရန်၊  ထို့အပြင်   ကုန်ထုတ်လုပ်မှု လုပ်ငန်းများ  စဉ်ဆက်မပြတ်   ဆောင်ရွက်နိုင်ရေး အတွက် လိုအပ်သောစက်အရန်ပစ္စည်းများ၊ ကုန်ကြမ်း ပစ္စည်းများကို  ကြိုတင်ဝယ်ယူစုဆောင်းထားရှိရန် မှာကြားပြီး   ဝန်ထမ်းများ၏   တင်ပြချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးကာ ချည်များထုတ်လုပ် နေသည့်  လုပ်ငန်းစဉ်အဆင့်ဆင့်တို့ကို   လှည့်လည် ကြည့်ရှုစစ်ဆေးသည်။ 
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မကွေး တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌  မကွေးတိုင်းဒေသ ကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့်တွေ့ဆုံ၍ ပြည်တွင်း စားသုံးဆီဖူလုံရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာနမှ  ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးမည့်အခြေအနေနှင့်   စက်မှုဝန်ကြီး ဌာနမှ   ထွက်ရှိလာသည့်    ဆီထွက်သီးနှံများကို အပြည့်အဝကြိတ်ခွဲနိုင်ရေးအတွက် စီမံဆောင်ရွက် နေမှုအခြေအနေ၊  နို့နှင့်နို့ထွက်ပစ္စည်းများ   တိုးမြှင့် ထုတ်လုပ်ရေး၊  မကွေးတိုင်းဒေသကြီး    အတွင်းရှိ MSME များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်ရေးကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်း သည်။ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်က မကွေး စက်မှုဇုန်ကို  စနစ်တကျ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေမှုအခြေအနေ၊ စက်မှုဇုန်စိမ်းလန်းစိုပြည် ရေးအတွက်    ဆောင်ရွက်နေမှုအခြေအနေတို့ကို အသေးစိတ်ရှင်းလင်းဆွေးနွေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မကွေး မြို့ရှိ အမှတ်(၅)စက်မှုသင်တန်းကျောင်း (မကွေး)သို့ရောက်ရှိပြီး သင်တန်းကျောင်းအစည်းအဝေးခန်းမ ၌ သင်တန်းနည်းပြဆရာ ဆရာမများနှင့်တွေ့ဆုံ၍ သင်တန်းကျောင်းများကို   နိုင်ငံအလိုက်  အမျိုးသား အရည်အသွေးသတ်မှတ်ချက်မူဘောင်များ   ချမှတ် ထားရှိသဖြင့်  အမှတ်(၅)  စက်မှုသင်တန်းကျောင်း (မကွေး)သည် မည်သည့်အဆင့်တွင်  ရှိနေသည်ကို သိရှိအောင်ဆောင်ရွက်ရန်၊ နည်းပြဆရာ ဆရာမများ အနေဖြင့်  မိမိတို့၏သင်တန်းကျောင်းအား   အရည် အချင်းအဆင့် သတ်မှတ်နိုင်ရေးအတွက် သင်ရိုးညွှန်း တမ်း၊ လက်တွေ့သင်ကြားပြသနေမှုတို့ကို စစ်ဆေး ခံနိုင်ရေး ကြိုတင်ပြင်ဆင်ထားရန်၊ သင်တန်းသား များကို သမားရိုးကျလေ့ကျင့်သင်ကြားပေးရေးစနစ် မှ ကျွမ်းကျင်မှုအခြေပြုလေ့ကျင့်သင်ကြားရေးစနစ် ဖြင့်  ပြောင်းလဲလေ့ကျင့်သင်ကြားပေးရန်၊   စက်မှု သင်တန်းကျောင်းများသို့ တက်ရောက်အောင်မြင်ပြီး သည့်သူများအား နိုင်ငံပိုင်စက်ရုံ၊ အလုပ်ရုံများတွင် ခန့်အပ်တာဝန်ပေးနိုင်ရေး စီမံဆောင်ရွက်ရန်တို့ကို မှာကြားခဲ့ကြောင်း သိရသည်။             သတင်းစဉ်