စိုးရိမ်ဖွယ်ရာဖြစ်လာတဲ့ ရာသီဥတုဖောက်ပြန်ပြောင်းလဲမှု

 

ကျော်ထက် 
 

ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုဆိုတာ ဒေသအဝန်း၊ နိုင်ငံအဝန်းသာမက ကမ္ဘာ အဝန်းဖြစ်ပေါ်ပြောင်းလဲလာတဲ့ ဖြစ်စဉ် တစ်ခုဖြစ်တာကြောင့် ရှောင်လွှဲလို့ မရပါ ဘူး။ လူသားတွေရဲ့ လုပ်ဆောင်မှုကြောင့် ဖြစ်ပေါ်လာတဲ့      ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်မှာ စက်ရုံအလုပ်ရုံတွေက မှန်လုံအိမ်ဓာတ်ငွေ့လျှော့ချဖို့နဲ့     သစ်တော ပြုန်းတီးမှုကို     ကာကွယ်တားဆီးဖို့ ဖြစ်နိုင်သမျှ မြန်မြန်လုပ်ဆောင်ဖို့ လိုအပ် ပါတယ်။ 

 


လောကလူသားတွေကို 
စိုးရိမ်ဖွယ်ရာ ခြိမ်း‌ခြောက်လျက်ရှိ


အဲ့ဒီရာသီဥတု‌ ဖောက်ပြန်‌ပြောင်းလဲ မှုဖြစ်စဉ်တွေကြောင့်        ကမ္ဘာ့အပူချိန် မြင့်တက်လာပြီး          မိုး‌ခေါင်ခြင်း၊ ‌မြေ‌အောက်ရေတွေ ခန်းခြောက်လာခြင်း၊ မြစ်၊‌  ချောင်း၊   အင်းအိုင်တွေ    တိမ်‌ကော‌ ပျောက်ကွယ်လာခြင်း၊        ‌မြေဆီလွှာ‌ ခန်းခြောက်လာခြင်းတို့သာမက  ‌ရေကြီး‌ ရေလျှံမှုတွေဖြစ်‌ပေါ်ခြင်း၊ ‌  ရေခဲ‌တောင် တွေ အရည်‌ပျော်လာခြင်း၊ ပင်လယ်‌ရေ မျက်နှာပြင်မြင့်တက်လာခြင်း၊ အင်အား ပြင်း‌တဲ့ မုန်တိုင်းတွေ၊ ငလျင်တွေဖြစ်‌ပေါ် လာခြင်း၊ ‌တောမီးတွေ လောင်ကျွမ်းခြင်း စ‌တဲ့ သဘာဝ‌ဘေးအန္တရာယ် ဆိုးကျိုးများ စွာက   လောကလူသားတွေကို    စိုးရိမ် ဖွယ်ရာ ခြိမ်း‌ခြောက်လျက်ရှိပါတယ်။

 


စားနပ်ရိက္ခာမလုံလောက်မှု မြင့်မားတဲ့အဆင့်နဲ့ ရင်ဆိုင်နေရ


မကြာသေးခင်က   အာဖရိက    ဦးချို ဒေသမှ   ဆိုမာလီယာနိုင်ငံမှာ   မိုးခေါင် ရေရှားမှုကြောင့်  အိုးအိမ်စွန့်ခွာ နေရသူ တွေဟာ တစ်နေ့တခြား များပြားလာတာ ကို တွေ့နိုင်သလို ဆိုမာလီယာနိုင်ငံအပြင် ကင်ညာနိုင်ငံမြောက်ပိုင်း၊      အီသီယို ပီးယားနိုင်ငံတောင်ပိုင်းနဲ့ အရှေ့ပိုင်းမှာ ရှိတဲ့   လူပေါင်း  ၂၁    သန်းကျော်ဟာ လေးနှစ်ဆက်     မိုးရွာသွန်းမှုမရှိတာ ကြောင့်    စားနပ်ရိက္ခာမလုံလောက်မှု မြင့်မားတဲ့အဆင့်နဲ့ ရင်ဆိုင်နေရတယ်လို့ ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြ ထားပါတယ်။  

 


လူပေါင်း ၆၄၁ ဦး ထက်မနည်း သေဆုံး


ဂျပန်၊  တောင်ကိုရီးယား၊   အာဖဂန် နစ္စတန်၊ ပါကစ္စတန်၊ လာအို၊ နယူးဇီလန်၊ ဂျာမနီ၊ ဩစတြေးလျ၊ ယီမင်စတဲ့နိုင်ငံ တွေမှာတော့ မိုးသည်းထန်စွာ ရွာသွန်းမှု ကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားနေတာကို နိုင်ငံတကာ   သတင်းရင်းမြစ်တွေမှာ အကျယ်တဝင့် ဖော်ပြထားတာ တွေ့နိုင် ပါတယ်။ ယခုနှစ်ဇူလိုင်လမှာ ပါကစ္စတန် နိုင်ငံ၌ မုတ်သုံမိုးသည်းထန်စွာ ရွာသွန်း မှုကြောင့်     ရေကြီးရေလျှံမှုဖြစ်ပွားပြီး ကလေးငယ် ၁၉၁ ဦးအပါအဝင် လူပေါင်း ၆၄၁ ဦး ထက်မနည်း သေဆုံးကာ ၁၀၁၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့  နိုင်ငံ တကာ   သတင်းရင်းမြစ်တွေမှာ ဖော်ပြ ထားပါတယ်။ 

 


တောင်ကိုရီးယားနိုင်ငံမှာ ရေကြီးရေလျှံမှုဖြစ်ပွား


ဩစတြေးလျနိုင်ငံ    နယူးဆော့ဝေးလ် ပြည်နယ်၌ ဇူလိုင်လတွင် မိုးသည်းထန် စွာရွာသွန်းမှုကြောင့် လူပေါင်း  ၈၅၀၀၀ ခန့် အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရပြီး ယခု နှစ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ၂၂  ဦး  သေဆုံးခဲ့တယ်လို့  သိရပါတယ်။ မကြာသေးခင်ရက်ပိုင်းက        တောင် ကိုရီးယားနိုင်ငံ   ဆိုးလ်မြို့နှင့်     အနီး ဝန်းကျင်ဒေသတွေမှာ  နှစ်ပေါင်း    ၈၀ အတွင်း မကြုံစဖူး မိုးသည်းထန်စွာ ရွာသွန်း မှုကြောင့်      ရေကြီးရေလျှံမှုဖြစ်ပွားကာ အဆောက်အအုံ  ၂၈၀၀ ထိခိုက်ပျက်စီး မှုဖြစ်ပွားကြောင်းနဲ့ လူကိုးဦးသေဆုံး ခဲ့ကြောင်း သိရပါတယ်။  

 


ဒါ့အပြင်  အဆိုပါ   မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့်       ဆိုးလ်မြို့မှာရှိတဲ့ လူပေါင်း ၁၆၃ ဦး အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတဲ့ အပြင် မြို့နယ်  ၅၀ ကိုလည်း မြေပြိုကျ မှု    သတိပေးချက်ထုတ်ပြန်ခဲ့ရပါတယ်။ လျှပ်စစ်ဓာတ်အားတွေလည်း      ပြတ် တောက်မှု ဖြစ်ပေါ်ခဲ့ပါသေးတယ်။ 

 


ယီမင်နိုင်ငံမှာ လူ ၇၇ ဦးထက်မနည်း သေဆုံးမှုဖြစ်ပွား


ယီမင်နိုင်ငံမှာလည်း      ဇူလိုင်လ လယ်ကနေ        ဩဂုတ်လလယ်အထိ မိုးသည်းထန်စွာရွာသွန်းပြီး     ရေကြီး ရေလျှံမှုကြောင့်  ကလေးငယ်တွေ အပါ အဝင် လူ  ၇၇ ဦးထက်မနည်း သေဆုံးမှု ဖြစ်ပွားခဲ့ပြီး လူပေါင်း ၂၀၀၀၀၀  ကျော် ရေဘေးသင့်တယ်လို့ ယီမင်နိုင်ငံမှာရှိတဲ့ ဒေသအာဏာပိုင်တွေကဩဂုတ် ၁၇ ရက် မှာ ပြောပါတယ်။ အဲ့ဒီနောက် အဆိုးရွား ဆုံး ထိခိုက်ခံစားနေရတဲ့ မိသားစုဝင်တွေ ထံ အမိုးအကာတွေ၊  စားနပ်ရိက္ခာတွေ အပြင်      အခြားအရေးကြီးလိုအပ်တဲ့ ထောက်ပံ့ရေးပစ္စည်းတွေကို    ကူညီပံ့ပိုး ပေးဖို့ လုပ်ဆောင်လျက်ရှိတယ်လို့ ကုလ သမဂ္ဂ လူသားချင်း စာနာထောက်ထား မှုဆိုင်ရာ ညှိနှိုင်းရေးရုံး (အိုစီအိတ်ချ်ကေ) နဲ့ မိတ်ဘက်အဖွဲ့အစည်းတွေက  ပြောပါ တယ်။ ယီမင်နိုင်ငံမှာ အဆိုပါ မိုးသည်းထန် စွာ ရွာသွန်းမှုကြောင့်  ခရိုင် ၂၀ အနက် ၁၆ ခုမှာ ရေကြီးရေလျှံမှုဒဏ် ခံစားနေရ တယ်လို့ ဆိုပါတယ်။ 

 


နိုင်ငံရဲ့ ၅၅ ရာခိုင်နှုန်း ရေလွှမ်းမိုးမှု ဒဏ်ခံရတဲ့  ဒေသအချို့ကို  ကာကွယ်ဖို့ အတွက် ဆည်တွေ၊  တာတမံတွေ  အပါ အဝင်    အခြေခံအဆောက်အအုံတွေ တည်ဆောက်ခဲ့ကြတဲ့     နယ်သာလန် လူမျိုးတွေအတွက်      မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဟာ နှစ်ရာနှင့်ချီ ပြဿနာတစ်ခုအဖြစ် ရှိနေ ခဲ့တာ   ဖြစ်ပါတယ်။   ဒါပေမယ့်လည်း မကြာသေးခင်နှစ်တွေအတွင်း နယ်သာ   လန်နိုင်ငံဟာ   ရာသီဥတုဖောက်ပြန်မှု ကြောင့် ပြင်းထန်တဲ့ မိုးခေါင်မှုနဲ့ စတင် ကြုံတွေ့ရပြီး ရေပြတ်လပ်မှုဟာ စိန်ခေါ် မှုတစ်ခုဖြစ်လာခဲ့ပါတယ်။   အဲ့ဒီမိုးခေါင် ရေရှားမှုဟာ နယ်သာလန် နိုင်ငံသာမက ဥရောပနိုင်ငံအချို့မှာ ဖြစ်ပွားနေတာကို လည်း နိုင်ငံတကာသတင်းရင်းမြစ်တွေ မှာ ဖော်ပြထားပါတယ်။ 

 


အကြီးမားဆုံးမီးလောင်ကျွမ်းမှုဖြစ်


ပေါ်တူဂီနိုင်ငံရဲ့ အကြီးမားဆုံး ကြိုးဝိုင်း ဧရိယာဖြစ်တဲ့  Serra  da   Estrela   မှာ မီးလောင်ကျွမ်းမှုဖြစ်ပွားခြင်းဟာ ၂၀၁၈ ခုနှစ်နောက်ပိုင်း အကြီးမားဆုံး မီးလောင် ကျွမ်းမှုဖြစ်တယ်လို့ ပေါ်တူဂီသဘာဝနဲ့ သစ်တော ထိန်းသိမ်းရေးဆိုင်ရာအဖွဲ့က မကြာသေးခင် ရက်အနည်းငယ်အတွင်း ပြောပါတယ်။  ၁၀  ရက်ကြာ    မီးလောင် ကျွမ်းမှုဖြစ်ပွားပြီး ၂၆  ဦး ထိခိုက်ဒဏ်ရာ ရရှိကာ ဟက်တာ ၁၆၀၀၀ ကျော် ထိခိုက် ပျက်စီးမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။  မီးငြှိမ်းသတ်ဖို့အတွက်    မီးသတ်သမား ၁၇၀၀  နီးပါးကို   ယာဉ်အစီးရေ  ၅၀၀ ကျော်နဲ့  လေယာဉ်  ၁၇ စင်း ပံ့ပိုးပေးခဲ့ရ တယ်လို့  ပေါ်တူဂီအရပ်သား  ကာကွယ် ရေး အေဂျင်စီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြ ထားပါတယ်။ 

 


ပေါ်တူဂီနိုင်ငံဟာ ပြင်းထန်တဲ့ အပူ လှိုင်းဖြတ်မှုနဲ့ အလွန်အမင်း မိုးခေါင်မှုကို ကြုံတွေ့ခံစားရပြီး  ၎င်းက နိုင်ငံအနှံ့ရှိ ဒေသအများအပြားမှာ    မီးလောင်ကျွမ်း မှုကို ဖြစ်ပွားစေခြင်းဖြစ်တယ်လို့ သိရပါ တယ်။ ဒါ့အပြင် ပေါ်တူဂီနိုင်ငံ၌ အပူလှိုင်း ဒဏ်ကြောင့်  ယခုနှစ်မှာ  သေဆုံးသူ စုစု ပေါင်း ၁၀၆၃ ဦးအထိ ရှိတယ်လို့ သိရပါ တယ်။ 

 


အပူလှိုင်းဒဏ်ကြောင့် သေဆုံးသူ စုစုပေါင်း ၁၂၁၂၅ ဦးအထိရှိ


ပေါ်တူဂီနိုင်ငံအပြင်     ဥရောပနိုင်ငံ အများအပြား   ယခုနှစ်မှာ   ပြင်းထန်တဲ့ အပူလှိုင်းဖြတ်မှုနဲ့ ကြုံတွေ့ခဲ့ရပြီး အဲ့ဒီ အပူလှိုင်းဒဏ်ကြောင့်   သေဆုံးသူ    စုစု ပေါင်း   ၁၂၁၂၅  ဦးအထိ   ရှိတယ်လို့ မှတ်တမ်းတွေအရ  သိရပါတယ်။    အဲ့ဒီ သေဆုံးသူတွေထဲမှာ          ဂျာမနီနိုင်ငံက ၈၁၃၈ ဦးနဲ့ အများဆုံးဖြစ်ပြီး အဲ့ဒီနောက် မှာ စပိန်က ၂၈၉၄ ဦး၊ ဗြိတိန်နိုင်ငံက ၁၆ ဦး၊    အိုင်ယာလန်နိုင်ငံက   ခြောက်ဦး၊ ပြင်သစ်က ငါးဦးနဲ့ ပိုလန်နိုင်ငံက သုံးဦး ပါဝင်ပါတယ်။ 

 


ဒါကြောင့်    ရာသီဥတုပြောင်းလဲမှုဘေးအန္တရာယ်ကို လောကလူသားတွေ ကြုံတွေ့နေရပြီး      သက်ရောက်မှုတွေ ကလည်း စိုးရိမ်ဖွယ်ရာအခြေအနေတွေဖြစ်တာကြောင့် သိသာထင်ရှားတဲ့ ကမ္ဘာ လုံးဆိုင်ရာ  လုပ်ဆောင်မှုတွေ    လိုအပ်ပါ ကြောင်း။       ။