
နေပြည်တော် အောက်တိုဘာ ၂၉
၂၀၂၂-၂၀၂၃ ခုနှစ် မိုးနှောင်းချည် မျှင်ရှည်ဝါ အထူးအထွက် တိုးစံပြကွက် ကွင်းသရုပ်ပြပွဲနှင့် အာဟာရပြည့် ရွက်ဖျန်းအားဆေး ထောက်ပံ့ပေးအပ်ပွဲအခမ်းအနား ကို ယနေ့တွင် နေပြည်တော် တပ်ကုန်းမြို့နယ် ရှားတော ကျေးရွာအုပ်စု ဂွေးပင်စံပြကျေးရွာ ၌ ကျင်းပသည်။
အခမ်းအနားတွင် နေပြည် တော် ပြည်ထောင်စုနယ်မြေ တိုင်း စိုက်ပျိုးရေးဦးစီးဌာန တာဝန်ခံက ဒေသ၏ ဝါတိုးချဲ့စိုက်ပျိုးထား ရှိမှုနှင့် နည်းပညာပေးဆောင်ရွက် နေမှု၊ Glorious Morning Star Co.,Ltd တာဝန်ခံက ဝါစိုက် တောင်သူများထံ ရွက်ဖျန်းအား ဆေးနှင့် လိုအပ်ချက်များ ပံ့ပိုးနေမှု တို့ကို ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီးက လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး တောင်သူ၊ ပုဂ္ဂလိကနှင့် ဌာနများအကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာကိစ္စရပ်များနှင့် ခေတ်မီ နည်းပညာများ လိုက်နာဆောင် ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးပြောကြားပြီး ဝါစိုက် တောင်သူများအတွက် ရွက်ဖျန်း အားဆေးများ ထောက်ပံ့ပေးအပ် သည်။
ထို့နောက် ဒုတိယဝန်ကြီး သည် ပေတောကျေးရွာ Pay Taw Layer Farm Project ဥစားကြက် မွေးမြူရေးခြံသို့ ရောက်ရှိပြီး ဒေသရေမြေ ရာသီဥတုနှင့် ကိုက်ညီသော မွေးမြူထုတ်လုပ် မှုဖြစ်စေရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေး အကျိုးအမြတ် တွက်ချက်မှုပါဝင်သည့် နည်း ပညာပေးလုပ်ငန်းများ တိုးမြှင့် ဆောင်ရွက်ရေးနှင့် တစ်ပိုင် တစ်နိုင် မွေးမြူရေးတောင်သူ များအား လက်တွဲအားပေးကူညီ ရေးတို့ကို ဆွေးနွေးမှာကြား သည်။
ယင်းနောက် ဒုတိယဝန်ကြီး သည် ရမည်းသင်းမြို့နယ် ဆည်ကြီးကျေးရွာ တောင်သူ ဦးလှစိုး၏ ဆောင်းနေကြာ မျိုးစေ့ ထုတ်စံပြကွက်နှင့် တောင်သူ ဦးမြင့်သိန်း၏ မိုးနှောင်းချည် မျှင်ရှည်ဝါ စိုက်ခင်းတို့ကို ကြည့်ရှု အားပေးပြီး စိုက်ပျိုးမြေရှိ အပင် အာဟာရဓာတ်ပါဝင်မှုနှင့် စိုက် ပျိုးသည့်သီးနှံ၏ အာဟာရလိုအပ် မှုအပေါ်အခြေခံ၍ သွင်းအားစု အချိုးအစား မှန်ကန်ရေး၊ မျိုးကောင်းမျိုးသန့်များ အသုံးပြု နိုင်ရေး၊ အထွက်နှုန်းမြင့်မားရေး နှင့် ခေတ်မီလယ်ယာသုံး စက် ကိရိယာများ အသုံးပြုလုပ်ကိုင်နိုင် ရေးတို့ကို ဆွေးနွေးခဲ့ကြောင်း သိရ သည်။
သတင်းစဉ်