စိုက်ပျိုးရေးထုတ်ကုန်များ စံချိန်စံညွှန်းနှင့်အညီ ထုတ်လုပ်နိုင်ရေး နည်းပညာများ ဖြန့်ဝေပေး

 

ရန်ကုန် ဩဂုတ် ၂၆


မဲခေါင်  -  လန်ချန်း        ပူးပေါင်း ဆောင်ရွက်မှု အထူးရန်ပုံငွေစီမံ ကိန်း ၂၀၂၀ ဖြင့် MSMEများအား စားသောက်ကုန်    ထုတ်လုပ်မှု နည်းပညာများ ပြန်လည်ဖြန့်ဝေရေး အစီအစဉ်(၂) ဒုတိယနေ့ကို ယမန် နေ့နံနက်ပိုင်းတွင်  သုတေသနနှင့် တီထွင်ဆန်းသစ်မှု  ဦးစီးဌာန၌ ကျင်းပရာ    သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန    ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ၊ သုတေ သနနှင့်  တီထွင်ဆန်းသစ်မှုဦးစီး ဌာန      ညွှန်ကြားရေးမှူးချုပ်၊ ပါမောက္ခချုပ်များ၊ ဆက်စပ်ဌာန များမှ တာဝန်ရှိသူများ၊   မြန်မာ နိုင်ငံ ကုန်သည်များနှင့်   စက်မှု လက်မှုလုပ်ငန်းရှင်များ  အသင်း ချုပ်မှ ကိုယ်စားလှယ်များ၊ MSME လုပ်ငန်းရှင်များ တက်ရောက်ကြ သည်။


စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာများ   ပြန်လည်ဖြန့်ဝေ ရေးအစီအစဉ်ကို    အသေးစား၊ အငယ်စားနှင့်  အလတ်စားစီးပွား ရေးလုပ်ငန်းများ   ဖွံ့ဖြိုးတိုးတက် ရေးဗဟိုကော်မတီ၏ လမ်းညွှန် ချက်နှင့်အညီ စားသောက်ကုန်များ ကို နိုင်ငံတကာအဆင့်မီနည်းပညာ များ  အသုံးချ၍    အရည်အသွေး မြင့်မားပြီး စံချိန်စံညွှန်းပြည့်မီစွာ စီးပွားဖြစ်     အမြောက်အမြား ထုတ်လုပ်နိုင်စေရန်၊   အာဆီယံ ထုတ်ကုန်များအတိုင်း ထုတ်ကုန် သစ်များ တိုးမြှင့်ထုတ်လုပ်နိုင်ရန် နှင့်  အမျိုးသားအဆင့်   အရည် အသွေးဆိုင်ရာ အခြေခံအဆောက် အအုံ   ခိုင်မာအားကောင်းစေရန် ရည်ရွယ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊   ဧရာဝတီတိုင်းဒေသ ကြီး၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ် နှင့် တနင်္သာရီတိုင်းဒေသကြီးတို့မှ MSME  လုပ်ငန်းရှင်  ၁၀၀  ထံ မဲခေါင်-လန်ချန်း နည်းပညာဖလှယ် ၍ ရရှိထားသော စားသောက်ကုန် ထုတ်လုပ်မှု     နည်းပညာသစ် ခြောက်မျိုးနှင့် စံချိန်စံညွှန်းဆိုင်ရာ အသိပညာများကို    မျှဝေပေးမည် ဖြစ်သည်။  


ဆွေးနွေးပွဲကျင်းပ


ထို့နောက်  စံချိန်စံညွှန်းများအသုံးချနိုင်ရေး   အသိပညာပေး ဆွေးနွေးပွဲကို  ကျင်းပရာ ဒုတိယ ဝန်ကြီးက အမျိုးသားရေးရည်မှန်း ချက်များဖြစ်သည့်    တိုင်းပြည် သာယာဝပြောရေးနှင့်စားရေရိက္ခာ ဖူလုံရေးကို    အောင်မြင်အောင် ဆောင်ရွက်ရန်ကြွယ်ဝသည့် ရေ၊ မြေအရင်းအမြစ်များမှ စိုက်ပျိုး ရေးထွက်ကုန်များကို  ပြည်တွင်း တွင် ဖူလုံရုံမျှမက   နိုင်ငံတကာ စျေးကွက်၌ ထိုးဖောက်နေရာယူနိုင် သည်အထိ  တန်ဖိုးမြှင့်ထုတ်ကုန် များဖြစ်ရေးအတွက် စားသောက် ကုန်များ ဘေးအန္တရာယ်ကင်းရှင်း ရေးနှင့်   စံချိန်စံညွှန်းများအတိုင်း  Market  Competency  ရှိစွာ ပို့ကုန်များကို တိုးမြှင့်ထုတ်လုပ်နိုင် ကာ နိုင်ငံ့စီးပွားမြှင့်တင်ရေး ပံ့ပိုး ပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက် ရန်၊    သမားရိုးကျထုတ်ကုန်များ သာမက    ထုတ်ကုန်သစ်များကို နည်းပညာသစ်များ အသုံးချထုတ် လုပ်နိုင်ရန် ယခုကဲ့သို့ ဖြန့်ဝေပေး ခြင်းဖြစ်ကြောင်း၊ လေ့လာသင်ယူ ခဲ့သည်များကို ဆင့်ပွားဖြန့်ဝေပေး ရန်၊ လုပ်ငန်းအစဉ်တိုးတက်မှုရှိ စေရေးနှင့် ပြည်သူ့ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး   ဆောင်ရွက် ရန်၊ MSME များမှ  ပို့ကုန်ကဏ္ဍ မြှင့်တင်နိုင်ရေး    လိုအပ်သည့် သုတေသနနှင့်   နည်းပညာများ၊ စံချိန်စံညွှန်းဆိုင်ရာ အသိပညာ များကို ဆက်လက်ကူညီပံ့ပိုးပေး သွားမည်ဖြစ်ကြောင်း ပြောကြား သည်။ 


လက်မှတ်များပေးအပ်


ယင်းနောက် ဒုတိယဝန်ကြီး က     သင်ယူပြီးမြောက်ခြင်း လက်မှတ်များကို MSME လုပ်ငန်း ရှင်များထံ ပေးအပ်ပြီး မြိတ်မြို့နှင့် ပြည်မြို့တို့မှ MSME လုပ်ငန်းရှင် များက    ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ 


သတင်းစဉ်