စိုက်ပျိုးရေးသုတေသနဦးစီးဌာနက ပဲစိုက်တောင်သူများအတွက် ပဲမြစ်ဖုဇီဝမြေဩဇာများကို လက်ဝယ်အရောက်ဖြန့်ဖြူးပေးလျက်ရှိ

 

နေပြည်တော်  မတ်  ၂၇


စိုက်ပျိုးရေး သုတေသနဦးစီးဌာန၊ စိုက်ပျိုးရေးဆိုင်ရာ   သဘာဝ အရင်းအမြစ်များ သုတေသနဌာနခွဲ စိုက်ပျိုးရေး        အဏုဇီဝသိပ္ပံ သုတေသနဌာနစု၏ သုတေသန ရလဒ်များအဖြစ်  ပဲစိုက်တောင်သူ များအတွက်    လွန်စွာအကျိုးရှိ ထိရောက်သည့်      ပဲမြစ်ဖုဇီဝ မြေဩဇာများအား  တောင်သူများ လက်ဝယ်အရောက်     ပို့ဆောင် နိုင်ခဲ့ပြီဖြစ်သလို      အကျိုးပြု အဏုဇီဝ   သက်ရှိမှိုတစ်မျိုးဖြစ် သော   Native  ထရိုင်ခိုဒါးမား (ဒေသမျိုးစိတ်)     များအား သုတေသနပြုလုပ်    ရရှိခဲ့ပြီးဖြစ် သဖြင့်   ဇီဝမှိုမျိုးထုပ်အနေဖြင့် ထုတ်လုပ်ခြင်း    သုတေသနကို လည်း အောင်မြင်စွာ ဆောင်ရွက် နိုင်ခဲ့ကြောင်း သိရသည်။

 


သွင်းအားစု  မြေဩဇာများ ဈေးကြီးချိန်တွင်    အစားထိုး အသုံးပြုနိုင်ရုံမက   သဘာဝ ပတ်ဝန်းကျင်ကို  ထိန်းညှိပေးနိုင် သည့်    လယ်ယာထွက်စွန့်ပစ် ပစ္စည်းများ (ကောက်ရိုး၊  ဟင်းသီး ဟင်းရွက်စွန့်ပစ်ပစ္စည်း၊  ကြံမြုပ် ချေး၊ နှမ်းရိုး၊ ပြောင်းရိုး)   များအား ထရိုင်ခိုဒါးမားမှို အသုံးပြု၍ အဏု ဇီဝမြေဆွေးအမျိုးမျိုး  ထုတ်လုပ် ခြင်း    သုတေသနကိုလည်း အောင်မြင်စွာ    သုတေသနပြု ဆောင်ရွက်နိုင်ခဲ့ပြီး ဖြစ်ကြောင်း စိုက်ပျိုးရေးဆိုင်ရာ   သဘာဝ အရင်းအမြစ်များ  သုတေသနဌာန ခွဲ၏ ထုတ်ပြန်ချက်အရ သိရသည်။

 


ထရိုင်ခိုဒါးမားမှိုသည် အကျိုး ပြု အဏုဇီဝကပ်ပါးမှိုတစ်မျိုးဖြစ် ပြီး ကွန်ပေါင်းနှင့်အမ်ဇိုင်း အမျိုး မျိုး  ထုတ်လုပ်လျက်  မြေကြီးနှင့် အပင်အဖြစ်    ပတ်ဝန်းကျင်တွင် လွတ်လပ်စွာ အဆွေးစား  နေထိုင် နိုင်ခြင်း၊    သီးနှံရောဂါဖြစ်ပွားမှုများ အား ဟန့်တားနိုင်သည့် ကွန်ပေါင်း များထုတ်ခြင်း၊  သီးနှံရောဂါမှိုအား ကပ်ပါးပြုနိုင်ခြင်း၊   သီးနှံရောဂါ ဖြစ်မှိုနှင့်အပြိုင်   ရေ၊   နေရာ၊ အာဟာရအား      ရယူနိုင်ခြင်း စသည့်အကျိုးကျေးဇူးများကို ရရှိ စေသည့်   အကျိုးပြုဇီဝမှိုတစ်မျိုး ဖြစ်သည်။

 


စိုက်ပျိုးရေး   အဏုဇီဝသိပ္ပံ သုတေသနဌာနစုမှ    အကျိုးပြု အဏုဇီဝသက်ရှိများနှင့် အပင်များ ၏   ဆက်စပ်မှုကို လေ့လာရန်၊ အပင်ကြီးထွား   ဖြစ်ထွန်းမှုကို အားပေးနိုင်သည့် သက်ရှိအဏုဇီဝ များအသုံးပြု၍  ဇီဝမြေဩဇာ အဖြစ် သုတေသနပြု ဖော်ထုတ် ရန်၊     စိုက်ပျိုးပင်များတွင် ကျရောက်တတ်သော   ရောဂါဖြစ်စေ    သော  သက်ရှိများအား    ကာကွယ် ဟန့်တားပေးနိုင်သည့်       ဇီဝ ထိန်းချုပ် သက်ရှိပစ္စည်းများအား သုတေသနပြုဖော်ထုတ်ရန်၊   ဇီဝ မြေဩဇာနှင့်     ဇီဝထိန်းချုပ် သက်ရှိများအား     တောင်သူ လက်ဝယ်အရောက်    ထုတ်လုပ် ဖြန့်ဖြူး        သုံးစွဲစေခြင်းဖြင့် တောင်သူများအား   ကူညီပံ့ပိုး ပေးရန် စသည့် ရည်ရွယ်ချက်များ ဖြင့်   သုတေသနလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

 


ယင်းသုတေသန   ဌာနစုမှ သုတေသနလုပ်ငန်းများအနေဖြင့် ပဲမြစ်ဖု ဇီဝမြေဩဇာ ထုတ်လုပ်ရာ တွင် အသုံးပြုရသည့် ရိုင်ဇိုဘီယမ် ဗက်တီးရီးယားများအား ပဲမျိုးစုံ စိုက်ပျိုးဧရိယာများမှ  စုဆောင်း မွေးမြူပြီး ၎င်းတို့၏ အကျိုးပြုစွမ်း အားကောင်းမွန်မှုကို     ရှာဖွေ ဖော်ထုတ်ခြင်းဆိုင်ရာ သုတေသန များ၊  ထရိုင်ခိုဒါးမားနှင့်  အခြား သော အကျိုးပြုအဏုဇီဝသက်ရှိ များအား စိုက်ပျိုးမြေဧရိယာများမှ စုဆောင်းမွေးမြူပြီး   ၎င်းတို့၏ စိုက်ပျိုးပင်များအပေါ်  အကျိုးပြု နိုင်မှုကို   လေ့လာစမ်းသပ်ခြင်း ဆိုင်ရာ    သုတေသနများ၊    ပဲစိုက် တောင်သူများ     လိုအပ်သော ပဲမြစ်ဖု           ဇီဝမြေဩဇာများ ထုတ်လုပ်  ဖြန့်ဖြူးပေးခြင်းနှင့် ၎င်းတို့၏ ထုတ်လုပ်မှုအဆင့်ဆင့် တွင် အရည်အသွေး စစ်ဆေးခြင်း ဆိုင်ရာ            သုတေသနများကို ဆောင်ရွက်လျက်ရှိသည်။

 


အဆိုပါ သုတေသနများအပြင် လယ်ယာထွက်စွန့်ပစ်ပစ္စည်းများ (ကောက်ရိုး၊   ဟင်းသီးဟင်းရွက် စွန့်ပစ်ပစ္စည်း၊    ကြံမြုပ်ချေး၊ နှမ်းရိုး၊   ပြောင်းရိုး)   များအပေါ် အခြေခံသည့်   အဏုဇီဝမြေဆွေး အမျိုးမျိုးထုတ်လုပ်ခြင်း  သုတေ သနများအားလည်း  ဆောင်ရွက် လျက်ရှိသည်။

 


ဆက်သွယ်မေးမြန်းနိုင်


စိုက်ပျိုးသူ  တောင်သူများ အနေဖြင့် ပဲမြစ်ဖုဇီဝမြေဩဇာနှင့် ဆက်စပ်၍ဖြစ်စေ၊ ထရိုင်ခိုဒါးမား မှိုနှင့်    ပတ်သက်၍ဖြစ်စေ လယ်ယာထွက်စွန့်ပစ်ပစ္စည်းများ အပေါ်အခြေခံသည့်     အဏုဇီဝ မြေဆွေး အမျိုးမျိုး    ထုတ်လုပ်ခြင်း နှင့်  ဆက်စပ်၍ဖြစ်စေ  သိရှိလိုပါ က စိုက်ပျိုးရေးသုတေသန ဦးစီး ဌာန စိုက်ပျိုးရေးဆိုင်ရာ    သဘာဝ အရင်းအမြစ်များ     သုတေသန ဌာနခွဲ၊    စိုက်ပျိုးရေးအဏုဇီဝသိပ္ပံ သုတေသနဌာနစု            ဖုန်း  ၀၉-၇၉၇၇၁၁၇၁၈ သို့  ဆက်သွယ် မေးမြန်းနိုင်ကြောင်း သိရသည်။

 

သီဟစည်သူ