စိုက်ပျိုးရေးသာမက မွေးမြူရေးလုပ်ငန်းများကို မိသားစုတစ်ပိုင်တစ်နိုင် လုပ်ကိုင်ဆောင်ရွက်ခြင်းဖြင့် လူမှုဘဝဖွံ့ဖြိုးတိုးတက်လာမည်

 

လယ်ဝေး     ဇူလိုင်     ၁၄


နေပြည်တော်ကောင်စီအဖွဲ့ဝင်      ဦးမြင့်စိုးသည် ယနေ့မွန်းလွဲ ၁ နာရီက ဒက္ခိဏသီရိမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ လယ်ဝေးခရိုင်အတွင်းရှိ     ခရိုင်နှင့်     မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် လယ်ဝေးခရိုင်အတွင်း စိုက်ပျိုး ရေးမွေးမြူရေးကဏ္ဍများ ဖွံ့ဖြိုးရေးတွေ့ဆုံဆွေးနွေးသည်။

 


ရှေးဦးစွာ   နေပြည်တော်ကောင်စီ     အဖွဲ့ဝင် ဦးမြင့်စိုးက    ပြည်ထောင်စုနယ်မြေ  နေပြည်တော် အတွင်းရှိ ခရိုင်နှင့် မြို့နယ်များအား Green City ၊  Clean City ၊ Smart City အဖြစ် ဖွံ့ဖြိုးတိုးတက်စေ ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊  လယ်ဝေးခရိုင်သည် ယခုအသစ်တိုးချဲ့ဖွဲ့စည်းသည့်  ခရိုင်ဖြစ်သော်လည်း ယခင်ဆောင်ရွက်လျက်ရှိသည့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆက်လက်ပူးပေါင်း ဆောင် ရွက်ရမည်ဖြစ်ပါကြောင်း၊    စိုက်ပျိုးရေးမွေးမြူရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက်      ထုတ်ကုန် တိုးတက်ရေး၊     စိုက်ပျိုးရေးသာမက     မွေးမြူရေး လုပ်ငန်းများကို မိသားစုတစ်ပိုင်တစ်နိုင် လုပ်ကိုင်  ဆောင်ရွက်ခြင်းဖြင့် မိသားစုလူမှုဘဝ ဖွံ့ဖြိုးတိုးတက် လာမည်ဖြစ်ကြောင်း၊ ကျေးလက်နှင့် မြို့ပြကွာဟမှု မရှိစေရေးအတွက်အိမ်ထောင်စုတိုင်းဖွံ့ဖြိုးတိုးတက် စေရေး ကဏ္ဍစုံမှ ဝိုင်းဝန်းကြိုးပမ်း  ဆောင်ရွက်လျက် ရှိပါကြောင်း စသည်ဖြင့်အမှာစကားပြောကြားသည်။

 


ဆက်လက်၍ လယ်ဝေးခရိုင်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး  ဦးဇင်မင်းကိုက မိတ်ဆက်ဆွေးနွေး၍ လယ်ဝေးခရိုင်အတွင်းရှိ ခရိုင် အဆင့်ဌာနဆိုင်ရာများက တစ်ဦးချင်းမိတ်ဆက်၍ ဌာနအလိုက်ဆောင်ရွက်နေမှုများကို     ရှင်းလင်း တင်ပြသည်။

 


ထို့နောက်    နေပြည်တော်ကောင်စီ   အဖွဲ့ဝင် ဦးမြင့်စိုးက  စိုက်ပျိုးရေး၊  မွေးမြူရေးကဏ္ဍ   ဖွံ့ဖြိုး တိုးတက်စေရေးအတွက်   နွေရာသီတွင်  နေကြာ၊ အစေ့ထုတ်ပြောင်းနှင့်   နှံစားပြောင်းများ  သီးထပ် စိုက်ပျိုးနိုင်ရေးအတွက် ယခုကတည်းက အစီအမံ များ ရေးဆွဲတင်ပြ၍  ကြိုတင်ဆောင်ရွက်သွားရန်       လိုအပ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့်  တာဝန် ထမ်းဆောင်ရာတွင် ကျန်းမာရေးအသိ၊ လုံခြုံရေး အသိတို့ဖြင့်      ဆောင်ရွက်သွားကြစေလိုကြောင်း စသည်ဖြင့်ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။


မြို့နယ်(ပြန်/ဆက်)