
နေပြည်တော် နိုဝင်ဘာ ၂၁
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် က အကောင်အထည်ဖော်ဆောင် ရွက်လျက်ရှိသော စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး နှစ်ဆင့် ချေးငွေ စီမံကိန်း၊ စီမံကိန်း ဦးဆောင်ကော်မတီ၏ (၂၈) ကြိမ် မြောက် အစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၌ ကျင်းပသည်။
အစည်းအဝေးတွင် စီမံကိန်း ဦးဆောင်ကော်မတီ ဥက္ကဋ္ဌ၊ စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က စိုက်ပျိုးရေးနှင့် ကျေးလက် ဒေသဖွံ့ဖြိုးရေး နှစ်ဆင့်ချေးငွေ စီမံကိန်းကို ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ တွင် စတင်ခဲ့ပြီး အတိုးနှုန်း သက်သာစွာဖြင့် တောင်သူတစ်ဦး ချင်းကို ငွေကျပ်သိန်း ၇၀၀ အထိ ချေးငွေများအား နှစ်တို (၃) နှစ်၊ နှစ်ရှည် (၅) နှစ် အရစ်ကျပြန်ဆပ် စနစ်ဖြင့် ထုတ်ချေးပေးလျက်ရှိ ကြောင်း၊ စီမံကိန်းစတင်သည်မှ ၂၀၂၃ ခုနှစ် စက်တင်ဘာလကုန် အထိ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ် ၁၄ ခု၊ မြို့နယ် ၁၈၇ ခု တို့မှ တောင်သူ ၅၆၈၅ ဦးသို့ ထွန်စက်ကြီး ၂၇၅၈ စီး၊ ရိတ်သိမ်းခြွေလှေ့စက် ၂၆၇၇ စီး ဝယ်ယူနိုင်ရေးအတွက် ချေးငွေ ကျပ် ၂၃၇၁၇၅ ဒသမ ၁၇၈ သန်း ထုတ်ချေးပေးထားပြီး ၂၀၂၃-၂၀၂၄ ခုနှစ်အတွင်းတွင် တိုင်းဒေသ ကြီး/ပြည်နယ် (၇) ခုရှိ မြို့နယ် ၁၇ မြို့နယ်မှ တောင်သူ ၂၈ ဦးသို့ ထွန်စက်ကြီး ၂၃ စီး၊ ရိတ်သိမ်း ခြွေလှေ့စက် ငါးစီး ဝယ်ယူနိုင်ရေး အတွက် ချေးငွေကျပ် ၁၈၆၆ ဒသမ ၆၅ သန်း ထုတ်ချေးပေး ခဲ့ကြောင်း။
ချေးငွေရယူလိုသည့် တောင်သူ များသို့ ချေးငွေသစ်များ စဉ်ဆက် မပြတ် ထုတ်ချေးနိုင်ရန် စိစစ် ဆောင်ရွက်လျက် ရှိကြောင်း၊ ချေးငွေအစီအစဉ် ကောင်းမွန်စွာ လည်ပတ်နိုင်ခြင်းဖြင့် တောင်သူ များ၏ ဝင်ငွေတိုးတက်လာစေ ပြီး လယ်ယာကဏ္ဍဖွံ့ဖြိုးရေး ကို အထောက်အကူပြုမည်ဖြစ် ကြောင်း၊ မြန်မာ့လယ်ယာဖွံ့ဖြိုး ရေးဘဏ် (ရုံးချုပ်)နှင့် ဘဏ်ခွဲ အဆင့်ဆင့်အနေဖြင့် Evaluation & Monitoring ကို စဉ်ဆက်မပြတ် ပြုလုပ်ပြီး စီမံကိန်းအောင်မြင်ရေး အတွက် တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များ၊ ဆက်စပ်ဌာနများ နှင့် စဉ်ဆက်မပြတ်ပူးပေါင်းဆောင် ရွက်သွားရန်၊ ချေးငွေအစီအစဉ် တွင် လယ်ယာသုံး စက်ကိရိယာ များ ပါဝင်ရောင်းချသည့် ကုမ္ပဏီ များအနေဖြင့်လည်း လိုက်နာရမည့် စည်းကမ်း သတ်မှတ်ချက်များနှင့် အညီ အတ္တ၊ ပရမျှတစွာဖြင့် ပါဝင် ဆောင်ရွက် ကြရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် ဦးဆောင်ညွှန်ကြား ရေးမှူးနှင့် တာဝန်ရှိသူများက Two Step Loan ချေးငွေထုတ်ချေး ထားမှုအခြေအနေနှင့် ဆက်လက် ဆောင်ရွက်မည့် အစီအစဉ်များ ကို ဆွေးနွေးတင်ပြကြရာ ကော်မတီဝင်များက အကြံပြု ဆွေးနွေးကြပြီး ဒုတိယဝန်ကြီးက နိဂုံးချုပ် သုံးသပ်ဆွေးနွေးကာ အစည်းအဝေးကို ရုပ်သိမ်းလိုက် သည်။
နိုင်ငံတော်က ချမှတ်ထား သည့် မူဝါဒများနှင့်အညီ လယ်ယာ ကဏ္ဍ ကုန်ထုတ်လုပ်မှုမြင့်မားရေး အတွက် တောင်သူဦးကြီးများ၊ ကန်ထရိုက်လယ်ယာစနစ် ဆောင် ရွက်သူများ၊ ခေတ်မီလယ်ယာသုံး စက်ကိရိယာများ သုံးစွဲလာနိုင် စေရန် ဘဏ္ဍာရေးပိုင်းမှ ပံ့ပိုး ဆောင်ရွက်မှုအဖြစ် အတိုးနှုန်း အလွန်သက်သာသော ချေးငွေများ ရရှိနိုင်ရေးအတွက် နိုင်ငံတော် အကြီးအကဲ၏ လမ်းညွှန်မှုနှင့် အညီ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနက စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက် ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်