စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး နှစ်ဆင့်ချေးငွေစီမံကိန်း ဦးဆောင်ကော်မတီ အစည်းအဝေးကျင်းပ

 

နေပြည်တော်   ဒီဇင်ဘာ   ၁


စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန မြန်မာ့လယ်ယာ    ဖွံ့ဖြိုးရေးဘဏ် က        ဆောင်ရွက်လျက်ရှိသော စိုက်ပျိုးရေးနှင့်  ကျေးလက်ဒေသ ဖွံ့ဖြိုးရေး နှစ်ဆင့်‌ချေးငွေစီမံကိန်း   ဦးဆောင်ကော်မတီ၏   (၂၄) ကြိမ် မြောက်   အစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင်     ပြည်ထောင်စု ဝန်ကြီးရုံး    အစည်းအဝေးခန်းမ၌  ကျင်းပသည်။

 


အစည်းအဝေးတွင်  ဦးဆောင် ကော်မတီဥက္ကဋ္ဌ     စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန    ဒုတိယ ဝန်ကြီး     ဦးမောင်မောင်ဝင်းက စိုက်ပျိုးရေးနှင့်    ကျေးလက်ဒေသ ဖွံ့ဖြိုးရေး နှစ်ဆင့်ချေးငွေစီမံကိန်း ကို  ၂၀၁၇  ခုနှစ်     ဇူလိုင်လမှစ၍ အတိုးနှုန်းသက်သာသည့်   ချေးငွေ အဖြစ်      တောင်သူတစ်ဦးချင်း ငွေကျပ်သိန်း ၇၀၀ အထိ နှစ်တို သုံးနှစ်၊   နှစ်ရှည် ငါးနှစ်    အရစ်ကျ ပြန်ဆပ်စနစ်ဖြင့်   ထုတ်ချေးပေး သည့် စီမံကိန်းဖြစ်ကြောင်း၊ ၂၀၂၂ ခုနှစ်         နိုဝင်ဘာလကုန်အထိ နေပြည်တော်ကောင်စီ၊      တိုင်း ဒေသကြီး/ ပြည်နယ်    (၁၄)    ခုရှိ မြို့နယ် ၁၈၇ ခုမှ      တောင်သူ ၅၅၉၂ ဦးသို့  ထွန်စက်ကြီး  ၂၆၇၇ စီး၊ ရိတ်သိမ်းခြွေလှေ့စက်   ၂၆၆၅ စီး၊ ထော်လာဂျီ ၂၁၅ စီး၊ လက်တွန်း ထွန်စက် ၂၈ စီး၊  ဆန်စက် နှစ်လုံး၊  ကောက်စိုက်စက်          နှစ်စီး၊ အခြောက်ခံစက်          သုံးလုံးတို့ အတွက် ချေးငွေကျပ်  ၂၃၀ ဒသမ ၉၄၇  ဘီလီယံ  ထုတ်ချေးပေးထား ပြီးဖြစ်ကြောင်း၊      ဆက်လက်၍  ချေးငွေရယူလိုသည့်     တောင်သူ များသို့             ချေးငွေသစ်များကို စဉ်ဆက်မပြတ်         ထုတ်ချေးပေး လျက်ရှိကြောင်း၊   တောင်သူများ၏ ဝင်ငွေ        တိုးတက်လာစေပြီး လယ်ယာကဏ္ဍ         ဖွံ့ဖြိုးရေးကို များစွာ   အထောက်အကူပြုသည့် စီမံကိန်းဖြစ်၍ မိမိတို့  စဉ်ဆက် မပြတ် ဆက်လက်ဆောင်ရွက်ပေး ရမည်ဖြစ်ကြောင်း၊       မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်   ရုံးချုပ် နှင့်    ဘဏ်ခွဲအဆင့်ဆင့်တို့က တာဝန်ခံမှု၊         တာဝန်ယူမှုဖြင့်  Evaluation & Monitoring   ကို စဉ်ဆက်မပြတ်            ပြုလုပ်ပြီး စီမံကိန်း   အောင်မြင်ရေးအတွက် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရ အဖွဲ့များ၊    ဆက်စပ်ဌာနများနှင့် ပူးပေါင်း         ဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားသည်။

 


ဆက်လက်၍         မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ် ဦးဆောင် ညွှန်ကြားရေးမှူး     ဦးမင်းသူနှင့် တာဝန်ရှိသူများက     Two Step Loan ချေးငွေထုတ်ချေးထားမှုနှင့် ဆက်လက်ထုတ်ချေးမည့်    အစီ အစဉ်များကို     တင်ပြဆွေးနွေး ကြရာ    ဦးဆောင်ကော်မတီဝင် များက ဝိုင်းဝန်းအကြံပြု  ဆွေးနွေး ကြသည်။

 


အစည်းအဝေးသို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊  စီပွားရေး နှင့်      ကူးသန်းရောင်းဝယ်ရေး ဝန် ကြီးဌာန၊  စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့်  ဆည်မြောင်းဝန်ကြီးဌာန နှင့်   မြန်မာနိုင်ငံတော်ဗဟိုဘဏ် တို့မှ  ဦးဆောင်ကော်မတီအဖွဲ့ဝင် များ     စုံညီစွာ   တက်ရောက်ကြ ကြောင်း သိရသည်။  


သတင်းစဉ်