စိုက်ပျိုးရေးကျောင်း ပျဉ်းမနားတည်ထောင်ခြင်း နှစ်(၁၀၀)ပြည့် အထိမ်းအမှတ် အခမ်းအနားကျင်းပ

 

နေပြည်တော်  ဇွန်  ၂၄


စိုက်ပျိုးရေးကျောင်း ပျဉ်းမနားစတင်တည်ထောင်ခြင်း နှစ်(၁၀၀)ပြည့် အခမ်းအနားကို   ယနေ့နံနက်ပိုင်းက  စိုက်ပျိုးရေးသိပ္ပံ(ပျဉ်းမနား) ကျောင်းဝင်းအတွင်းရှိ နှစ်(၁၀၀)သက်တမ်း ရှေးဟောင်းအဆောက်အအုံ ရှေ့၌ ကျင်းပသည်။

 


အခမ်းအနားသို့       စိုက်ပျိုး ရေး၊  မွေးမြူရေးနှင့်   ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊     နေပြည်တော် ကောင်စီ    ဥက္ကဋ္ဌ    ဦးတင်ဦးလွင်၊ ဒုတိယဝန်ကြီး         ဒေါက်တာ တင်ထွဋ်၊ နေပြည်တော်ကောင်စီ ဝင်များနှင့် အမြဲတမ်းအတွင်းဝန် များ၊  ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊  စိုက်ပျိုးရေး သိပ္ပံ(ပျဉ်းမနား) ကျောင်းအုပ်ကြီး နှင့် ဆရာ ဆရာမများ၊ စိုက်ပျိုး ရေးသိပ္ပံ ကျောင်းသားဟောင်းများ နှင့်   မျိုးဆက်သစ်   စိုက်ပျိုးရေး သိပ္ပံ    ကျောင်းသား   ကျောင်းသူ များ၊    စိုက်ပျိုးရေးအထက်တန်း ကျောင်းသား ကျောင်းသူများနှင့် ဒေသခံ တောင်သူလယ်သမားများ တက်ရောက်ကြသည်။

 


ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊     နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်နှင့် စိုက်ပျိုးရေးသိပ္ပံ    ကျောင်းသား ဟောင်းများက  စိုက်ပျိုးရေးကျောင်း  ပျဉ်းမနား စတင်တည်ထောင်ခြင်း   နှစ်  (၁၀၀)   ပြည့် အခမ်းအနားကို       ဖဲကြိုးဖြတ်     ဖွင့်လှစ်ပေးကြပြီး အထိမ်းအမှတ်အဖြစ် ကံ့ကော်ပင် နှင့်  စိန်ပန်း၊ သပြေဘူတ၊  ငုရွှေဝါ ပင်များကို စိုက်ပျိုးပေးကြသည်။
ထို့နောက်   ပြည်ထောင်စု ဝန်ကြီး၊    နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့်      ဧည်သည်တော်များ က    အထိမ်းအမှတ်    ကမ္ပည်း ကျောက်စာနှင့်     ရှေးဟောင်း အဆောက်အအုံ ကမ္ပည်းကြေးပြား ကို အမွှေးနံ့သာရည်များ ပက်ဖျန်း ပေးကြပြီး    ခေတ်အဆက်ဆက် က     သုံးစွဲခဲ့သည့်     ရှေးဟောင်း လယ်ယာသုံး     စက်ပစ္စည်းများ၊ ဓာတ်ခွဲခန်းသုံး     ပစ္စည်းများနှင့် လက်သမားပစ္စည်းများကို လှည့် လည်ကြည့်ရှုကြသည်။

 


ယင်းနောက်    အခမ်းအနား ဒုတိယပိုင်းအစီအစဉ်ကို ဆက်လက် ကျင်းပရာ   စိုက်ပျိုးရေးကျောင်း ပျဉ်းမနား စမ်းသပ်ဖွင့်လှစ်ခဲ့သည့် Mr.Brayton Clarke Case (ဗိုလ် ကိတ်ကြီး)     ကိုယ်တိုင်ရေးသား စပ်ဆိုခဲ့သော စိုက်ပျိုးရေးကျောင်း ဩဘာသီချင်းဖြင့်    စိုက်ပျိုးရေး သိပ္ပံ    ကျောင်းသား     ကျောင်းသူ များက ဖျော်ဖြေကြသည်။

 


ဆက်လက်၍  ပြည်ထောင်စု ဝန်ကြီးက    ဂုဏ်ပြုအမှာစကား ပြောကြားရာတွင် စိုက်ပျိုးမွေးမြူ ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးတွင် လိုအပ်နေသော    လူသားအရင်း အမြစ်များ၊     အသက်မွေးဝမ်း ကျောင်းဆိုင်ရာ    ပညာရှင်များ သင်ကြားလေ့ကျင့် မွေးထုတ်ပေး ရန်   စိုက်ပျိုးရေး၊   မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုး ရေးဦးစီးဌာန  ဝန်ထမ်းလေ့ကျင့်ရေး သင်တန်းကျောင်းနှင့် စိုက်ပျိုးရေး သိပ္ပံ ဌာနခွဲအောက်တွင် စိုက်ပျိုး ရေးသိပ္ပံကျောင်း ၁၅ ကျောင်းကို တိုင်းဒေသကြီးနှင့်    ပြည်နယ် အသီးသီးတွင်    ဖွင့်လှစ်ထားရှိ ကြောင်း၊  ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ ပျဉ်းမနားစိုက်ပျိုး ရေးကျောင်းကို      လွန်ခဲ့သော နှစ်ပေါင်း တစ်ရာ့လေးနှစ်ကျော် ခန့်မှ စတင်၍ စိုက်ပျိုးရေးကျောင်း အဖြစ် တည်ထောင်ခဲ့ကြောင်း။

 


မှတ်တမ်းများအရ     ၁၉၁၇ ခုနှစ်တွင်   Mr.Brayton  Clarke Case (ဗိုလ်ကိတ်ကြီး)က စိုက်ပျိုး ရေးကျောင်းကို စမ်းသပ်ဖွင့်လှစ် ခဲ့ပြီး ၁၉၂၀ ပြည့်နှစ်တွင် စိုက်ပျိုး ရေးကျောင်းအဖြစ်   တရားဝင် ဖွင့်လှစ်နိုင်ရေး  လျှောက်ထားခဲ့ရာ စိုက်ပျိုးရေးကျောင်း (American Baptist Missionary (ABM) Agri-cultural    School   အဖြစ် ၁၉၂၃  ခုနှစ်  ဇွန်  ၆ ရက်တွင် ဖွင့်လှစ်နိုင်ခဲ့ ကာ   ကျောင်းသား  ၃၉ ယောက် တက်ရောက်ခဲ့ကြောင်း၊ နှစ်(၁၀၀)ပြည့်   သမိုင်းအထောက်အထား အဖြစ်    ၁၉၂၃  ခုနှစ်၌  စိုက်ပျိုးရေး  ကျောင်းသစ်အတွက် ဆောက်လုပ် ခဲ့သည့် လယ်ယာစက်မှုအဆောက် အအုံကို     တွေ့မြင်နိုင်ကြောင်း၊ စိုက်ပျိုးရေး ပညာသင်ကြားခဲ့သည့်     သမိုင်းတွင်သာမက   မြန်မာနိုင်ငံ ၏ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်း အရလည်း သမိုင်းတန်ဖိုးကြီးမား သည်ကို တွေ့ရှိရကြောင်း။

 


၁၉၅၄ ခုနှစ် ဇွန် ၁ ရက်တွင် မြန်မာနိုင်ငံ၏      ပထမဆုံးသော စိုက်ပျိုးရေးသိပ္ပံအဖြစ် အဆင့်မြှင့် ဖွင့်လှစ်နိုင်ခဲ့ပြီး  စိုက်ပျိုးမွေးမြူ ရေးပညာရှင် အမြောက်အမြားကို မွေးထုတ်ပေးနိုင်ခဲ့သည့်အတွက် နိုင်ငံတော်တွင် အဆင့်မြင့်တာဝန် များအထိ ထမ်းဆောင်ပြီး လယ်ယာ ကဏ္ဍ      ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူဖြစ်စေခဲ့ကြောင်း၊     ဆက်လက်၍လည်း       စိုက်ပျိုး မွေးမြူရေးအတွက် အရည်အချင်း ပြည့်ဝသော   စံပြကျောင်းအဖြစ် ဝိုင်းဝန်းကြိုးစား       ထိန်းသိမ်း သွားကြရန်     တိုက်တွန်းကြောင်း ပြောကြားသည်။

 


ထို့နောက်     နေပြည်တော် ကောင်စီဥက္ကဋ္ဌ     ဦးတင်ဦးလွင် က    ဝမ်းမြောက်ဂုဏ်ပြုစကား ပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်  ဒေါက်တာ ရဲတင့်ထွန်းက ဧည့်သည်တော်များ ကို အထိမ်းအမှတ် လက်ဆောင် များ ပေးအပ်သည်။

 


အခမ်းအနား       အပြီးတွင် ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌနှင့်  ဧည့်သည်တော် များသည်    ခေတ်အဆက်ဆက် စိုက်ပျိုးရေးပညာရပ် သင်ရိုးညွှန်း တမ်း ပြခန်းများ၊ မျိုးစေ့ပြခန်းများ နှင့်       စိုက်ပျိုးရေးလုပ်ငန်းသုံး  သွင်းအားစုများ၊  စက်မှုလယ်ယာ သုံးယာဉ်များ၊ ပစ္စည်းကိရိယာများ၊  စိုက်ပျိုးရေ     ပေးဝေရေးဆိုင်ရာ ပြခန်းများကို လှည့်လည်ကြည့်ရှု ကြသည်။

 


မွန်းလွဲပိုင်းတွင် စိုက်ပျိုးရေး ကျောင်း ပျဉ်းမနား စတင်တည် ထောင်ခြင်း   နှစ်  (၁၀၀)  ပြည့် စကားဝိုင်းဆွေးနွေးပွဲကို ကျင်းပ ရာ   ဒုတိယဝန်ကြီး    ဒေါက်တာ တင်ထွဋ်က အမှာစကား ပြောကြား ပြီး စိုက်ပျိုးရေးသိပ္ပံ ကျောင်းသား ဟောင်းများဖြစ်ကြသည့် ရေဆင်း စိုက်ပျိုးရေးတက္ကသိုလ် ပါမောက္ခ ချုပ် (အငြိမ်းစား)     ဒေါက်တာ မြင့်သောင်း၊      စိုက်ပျိုးရေးသိပ္ပံ (ပျဉ်းမနား)     ကျောင်းအုပ်ကြီး (အငြိမ်းစား)  ဦးတင်ဆန်း၊ လက် ထောက်ကထိက    (အငြိမ်းစား) ဦးချစ်ဝိုင်း၊        ပြင်ပစီးပွားရေး လုပ်ငန်းရှင် ဦးအောင်မိုးဟိန်းနှင့် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိ သူများက ဦးဆောင်ဆွေးနွေးကြ ပြီး အခမ်းအနားသို့ တက်ရောက် လာကြသူများ၏   မေးမြန်းမှုကို ပြန်လည်ဖြေကြားကြသည်။

 


ယင်းနောက်    စိုက်ပျိုးရေး ကျောင်း     ပျဉ်းမနား      စတင် တည်ထောင်ခြင်း နှစ်(၁၀၀)ပြည့် အထိမ်းအမှတ် လိုဂို၊ ပန်းချီ၊ ကဗျာ၊ သီချင်းနှင့်     အားကစားပြိုင်ပွဲ၌ ဆုရရှိသူများကို    ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်နှင့် တာဝန်ရှိ သူများက ဂုဏ်ပြုဆုများ ချီးမြှင့်ခဲ့ ကြောင်း သိရသည်။    

သတင်းစဉ်