
စိုက်ပျိုးရေး အခြေခံစားသောက်ကုန်များ ထုတ်လုပ်ရောင်းချမှုသည် ကမ္ဘာ့လူဦးရေ တိုးမြင့်လာသည်နှင့်အမျှ အလားအလာ ကောင်းသော ကဏ္ဍတစ်ခုဖြစ်လာပြီး ဝယ်လို အားလည်း မြင့်တက်လာလျက်ရှိသည်။ လယ်ယာထွက်ကုန်များ စတင်ထုတ်လုပ် သည်မှ ဈေးကွက်အတွင်း အသင့်စားသုံးနိုင် သော အစားအစာများ ဖြန့်ဖြူးရောင်းချသည် အထိ အဆင့်တိုင်းတွင် မူဝါဒ၊ ဈေးကွက် ယှဉ်ပြိုင်မှု၊ ထုတ်ကုန်အရည်အသွေး၊ စံချိန် စံညွှန်းသတ်မှတ်ချက်များ၊ စားသုံးသူအခွင့် အရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှု တို့ကိုပါ ထည့်သွင်းစဉ်းစား၍ ထုတ်လုပ် ရောင်းချရန် လိုအပ်ကြောင်း Myantrade ၏ ဆောင်းပါးရှင် လဲ့လဲ့နှင်းက ဘာသာပြန်ဆို ဖော်ပြထားသည်။
ဝယ်လိုအားမြင့်တက်လာလျက်ရှိ
ဝယ်လိုအားတည်ငြိမ်သော စားသောက် ကုန် ဈေးကွက်သည် မူဝါဒအပြောင်းအလဲ များ၊ နိုင်ငံရေးမတည်ငြိမ်မှု၊ နိုင်ငံခြားငွေ လဲလှယ်မှုနှင့် ငွေကြေးဈေးကွက် မတည်ငြိမ် မှုများကြောင့် ဆိုးရွားစွာမထိခိုက်ဘဲ စားသုံး သူများ၏ သုံးစွဲမှုနှုန်း (Consumers Spending) မြင့်မားလေ့ရှိသော ဖွံ့ဖြိုးပြီးနိုင်ငံများ၏ စိုက်ပျိုးရေးကဏ္ဍသည် ကပ်ရောဂါကာလ များတွင် ထုတ်လုပ်မှုကျဆင်းခဲ့သော်လည်း အချိန်တိုအတွင်း ပြန်လည်နာလန်ထူနိုင်ခဲ့ပြီး ကမ္ဘာတွင် အော်ဂဲနစ်အစားအစာများ၏ ဝယ်လိုအားသည် မြင့်တက်လာလျက်ရှိသည်။
လယ်ယာထွက် စားသောက်ကုန်များ အနက် အဖျော်ယမကာထုတ်လုပ်သည့် ကုမ္ပဏီများ၏ အမြတ်ရရှိမှု မြင့်မားလျက် ရှိသည်။ ယခုကဏ္ဍအတွက် အဓိက စိန်ခေါ်မှု များမှာ ကမ္ဘာ့ဈေးကွက် လိုအပ်ချက်အလိုက် ထုတ်လုပ်နိုင်ရန် လိုအပ်ပြီး ဈေးကွက်အတွင်း ယှဉ်ပြိုင်သူ၊ ထုတ်ကုန်အမျိုးအစား၊ စားသုံး သူ၏အကြိုက်၊ ရွေးချယ်မှုနှင့် မျှော်မှန်းချက် များအလိုက် အရသာနှင့် အနံ့များ၊ ထုပ်ပိုး မှုပုံစံများမှ ကြော်ငြာမိတ်ဆက်ပုံအထိ အရေး ပါသောအချက်များကို ဖြည့်ဆည်းပေးနိုင် ရန်ပင် ဖြစ်သည်။
စိုက်ပျိုးရေးအခြေခံ ဒေသစားသောက် ကုန်များကို ဦးစားပေး ဝယ်ယူလာကြသည့် အတွက် ထုတ်ကုန်အသစ်များ တိုးမြှင့် ထုတ်လုပ်ရန်လိုအပ်လာပြီး ထိုသို့ပြောင်းလဲ ထုတ်လုပ်မှုများတွင် လုပ်သားအင်အား ရှားပါးခြင်း၊ ဈေးကွက်အတွင်း ယှဉ်ပြိုင်ရမှု များပြားခြင်း၊ မတူကွဲပြားသည့် ထုပ်ပိုးမှုနှင့် ထုတ်ကုန်သစ်များ ဖန်တီးဆန်းသစ်ရခြင်း၊ မဟာဗျူဟာကျသည့် နည်းလမ်းများဖြင့် ဖြန့်ဖြူးရခြင်း၊ ဈေးနှုန်းလျှော့၍ ယှဉ်ပြိုင်ရ မည့်အချိန်တွင် သယ်ယူပို့ဆောင်မှုစရိတ် မြင့်မားလာခြင်းစသည့် အခက်အခဲများကို ကြုံတွေ့လာနိုင်သည်ကိုလည်း သတိချပ်ရ မည် ဖြစ်ပါသည်။
ထို့အတူ ဈေးကွက်တွင်း ကုန်စည်ဖြန့်ဖြူး ရောင်းချနိုင်ရန်နှင့် စားသုံးသူထံအရောက် ဖြည့်ဆည်းရာတွင် Department Stores၊ Supermarket၊ Malls စသည့် လက်လီ အရောင်းဆိုင်များကိုသာ အားထားလျက် ရှိသဖြင့် ထိုထက်ပို၍ လက်လီအရောင်း အော့ဖ်လိုင်း (Offline Retail) ကို သာမက အင်တာနက်ပေါ်တွင် ပေါ်ထွက်လာသော စီးပွားရေးပုံစံသစ်များမှ တစ်ဆင့်လည်း ဖြန့်ဖြူးရောင်းချနိုင်ပြီးတို့ကဲ့သို့ ဆိုရှယ် မီဒီယာနှင့် ကွန်ရက်များ၊ အပလီကေးရှင်း နှင့် ဘလော့ဂ်များအသုံးပြု၍ ထုတ်ကုန် မိတ်ဆက်ဖြန့်ဖြူးခြင်းကိုလည်း အသုံးပြု နိုင်သည်။
အဆင့်တိုင်းတွင် အစားအစာဘေးကင်းရေး
စိုက်ပျိုးရေးအခြေခံ စားသောက်ကုန်များ ထုတ်လုပ်ရာတွင် အသုံးပြုသည့်ပိုးသတ်ဆေး များ၏ သက်ရောက်မှု၊ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုစသည့် ပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်နိုင်ခြေများကိုလည်း ထည့်သွင်း စဉ်းစားကြရမည် ဖြစ်ပါသည်။ ထို့အတူ ဈေးကွက်သို့ ဖြန့်ဖြူးရောင်းချရာတွင် ပြောင်းလဲနေသည့် ဝယ်လိုအားနှင့် ရောင်းလို အားအလိုက် အစားအသောက် ပြုပြင်ထုတ်လုပ်၊ ပြင်ဆင်ဖြန့်ဖြူးစသည့် အဆင့်တိုင်းတွင် အစားအစာဘေးကင်းရေး၊ သက်ဆိုင်ရာ နိုင်ငံအလိုက် FDA ခွင့်ပြုချက်ရရှိရေး၊ နည်းစနစ်မှန်ကန်စွာ ထုတ်လုပ်၊ ထုပ်ပိုး၊ သိုလှောင်၊ ပို့ဆောင်ခြင်းများဖြစ်စေရန် အလေးထားရမည် ဖြစ်ပါသည်။
ဈေးကွက်အတွင်း အသင့်စားသုံးနိုင် သော အစားအစာများ ဖြန့်ဖြူးရောင်းချရာ တွင်မူ အစားအသောက် ဘေးကင်းရေးဆိုင်ရာ တင်းကျပ်သော စည်းမျဉ်းများကို လိုက်နာရန် ထုတ်လုပ်သူကုမ္ပဏီများအနေဖြင့် လိုအပ် ပါသည်။ ကပ်ရောဂါကာလအတွင်း အချို ရည်များ၊ အဖျော်ယမကာများ အဓိက ရောင်းချခဲ့ရပြီး ရောဂါထိန်းချုပ်ရန်နှင့် တားဆီးကာကွယ်ရန် ပိတ်ပင်ထားသော စီးပွားရေးလုပ်ငန်းများတွင် လက်လီကုန်စုံ ဆိုင်များ မပါဝင်သည့်အတွက် အဖျော်ယမကာ ထုတ်ကုန်များရောင်းအားသည် သိသိသာသာ မြင့်တက်ခဲ့သည်။ ခွင့်ပြုထားသော အဖျော် ယမကာ ထုတ်ကုန်များအတွက် အစား အသောက်ပြုပြင်ထုတ်လုပ်ခြင်း လုပ်ငန်းများ ကို မဟာဗျူဟာကျကျ ဆောင်ရွက်နိုင်မည် ဆိုပါက ဈေးကွက်တည်မြဲရေးအတွက် အထောက်အကူပြုမည် ဖြစ်ပါသည်။ အစား အသောက်ကုန်စည်များထက် ဝိုင်ကဲ့သို့ ခံစားမှုအခြေခံပြီး လူနေမှုအဆင့်အတန်း ကို ဖော်ပြပေးနိုင်သော အဖျော်ယမကာ ထုတ်ကုန်များကို ပိုမိုဝယ်ယူလာကြသည့် အတွက် အကျိုးအမြတ်ရရှိရန် အလားအလာ ကောင်းသည့် ဈေးကွက်တစ်ခုအဖြစ် တွေ့မြင်ရပါကြောင်း အကြံပြုတင်ပြလိုက် ရပါသည်။ ။
သတင်းရင်းမြစ်များ- မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ စီးပွားရေးသံမှူးများ၏ ပေးပို့မှုအချက်အလက်များ။ ခင်ရတနာ စုစည်းဖော်ပြသည်၊၊