
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်
ကြေညာချက်
ဘွဲ့ကြို ၊ ဘွဲ့လွန်သင်တန်းများ ဖွင့်လှစ်ကြောင်း ကြေညာခြင်း
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ရေဆင်း စိုက်ပျိုးရေးတက္ကသိုလ်တွင် ၂၀၂၀ ပြည့်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ပြီး တက်ရောက်ခွင့်ရရှိသူများ ပထမနှစ်(Semester I)၊ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက်ရောက်ဆဲ ပထမနှစ်သင်တန်း (Semester II) နှင့် ၂၀၂၂ ပညာသင်နှစ် ဘွဲ့ကြိုနှင့် ဘွဲ့လွန်သင်တန်း များအားလုံးကို ၁၂ - ၅ - ၂၀၂၂ ရက်၊ (ကြာသပတေးနေ့)မှစ၍ စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း ကြေညာလိုက်သည်။ ၂၀၂၂ ပညာ သင်နှစ်၊ ပထမနှစ်ဝင်ခွင့်ရ ကျောင်းသား၊ ကျောင်းသူများ စာရင်းကို www.yau.edu.mm/category/news တွင် ကြေညာထားမည် ဖြစ်ပါသည်။
ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်