စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန “မျိုးစေ့ပြပွဲရက်သတ္တပတ် ၂၀၂၂” Seed Fair Week 2022

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ ဦးဆောင်မှုဖြင့် စိုက်ပျိုးရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သော မျိုးစေ့ပြပွဲ ရက်သတ္တပတ် ၂၀၂၂ ကို “လူမှုစီးပွားတိုးတက်ဖို့၊ မျိုးကောင်းမျိုးသန့် သုံးကြစို့” ဆောင်ပုဒ်နှင့်အညီ ပြည်ထောင်စုနယ်မြေ (နေပြည်တော်) ပျဉ်းမနားမြို့နယ် စိုက်ပျိုးရေး သိပ္ပံဝင်းအတွင်း (၁၈-၂-၂၀၂၂) မှ (၂၂-၂-၂၀၂၂) နေ့အထိ ကိုဗစ်-၁၉ စည်းကမ်းချက်၊ ညွှန်ကြားချက် များအတိုင်း လိုက်နာ၍  ကျင်းပသွားမည်ဖြစ်ပါသည်။  စိတ်ပါဝင်စားသူများ   လာရောက်လေ့လာနိုင် ပါကြောင်း အသိပေးအပ်ပါသည်။ 
ပြပွဲဆိုင်ရာ အချက်အလက်များကို www.myanmarseedportal.gov.mm  တွင် ဝင်ရောက်ကြည့်ရှု နိုင်ပါသည်။


စိုက်ပျိုးရေးဦးစီးဌာန