
မွေးမြူရေးသုတေသနဦးစီးဌာန၊ ရေဆင်း၊ နေပြည်တော်၌ ဒုတိယ အကြိမ်မြောက် မွေးမြူရေး သုတေသနဆိုင်ရာစာတမ်းဖတ်ပွဲကို (၁-၄-၂၀၂၄)ရက်တွင် “ဆန်းသစ်တီထွင် သုတေသနမှသည် အာဟာရ ပြည့်မီ စားရေရိက္ခာရေရှည်တည်တံ့ဖူလုံရေးဆီ”ခေါင်းစဉ်ဖြင့် ကျင်းပ ပြုလုပ်မည် ဖြစ်ပါသည်။ ဈေးကွက်ဝင်တန်ဖိုးမြှင့် မွေးမြူရေးထုတ်ကုန် ဆိုင်ရာများ၊ ရေရှည်တည်တံ့စေမည့် မွေးမြူထုတ်လုပ်ရေးနည်းစနစ် ဆိုင်ရာများ၊ တိရစ္ဆာန်အစာနှင့် အာဟာရဗေဒဆိုင်ရာများ၊ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာများ၊ မွေးမြူရေးအခြေပြု လူမှုစီးပွား ရေးဆိုင်ရာ နယ်ပယ်များမှ သုတေသန စာတမ်းများကို (၁-၃-၂၀၂၄)ရက်နောက်ဆုံးထား၍ တင်သွင်းနိုင်ပါကြောင်း ဖိတ်ခေါ်နှိုးဆော် အပ်ပါသည်။
အသေးစိတ်ကို ဦးစီးဌာန၏ Website လိပ်စာ https://www.dlar.moali.gov.mm တွင်လည်းကောင်း၊ ဒေါက်တာဆောဘောမ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဖုန်း ၀၉ ၂၅၀၂၀၅၉၉၀၊ email sawvetdlar@gmail.com သို့လည်းကောင်း ဆက်သွယ်စုံစမ်းနိုင်ပါ သည်။