
၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများသည် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ ပထမနှစ်သင်တန်း တက်ရောက်ရန် ဝင်ခွင့်လျှောက်လွှာများကို (၂၆-၈-၂၀၂၂) ရက် (သောကြာနေ့) မှစ၍ ကျောင်းသားရေးရာဌာန၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ ဇေယျာသီရိမြို့နယ်၊ နေပြည်တော်သို့ လိပ်မူ၍ စာတိုက်သေတ္တာ အမှတ် ၁၅၀၅၀၁ (သို့မဟုတ်) Email လိပ်စာ student-affairs@yau.edu.mm သို့ တိုက်ရိုက်လျှောက်ထားနိုင်ပါသည်။ လျှောက်လွှာပုံစံများကို မြန်မာ့အလင်းသတင်းစာ၊ ကြေးမုံသတင်းစာနှင့် တက္ကသိုလ် website www.yau.edu.mm/event တို့တွင် ကြေညာထားမည် ဖြစ်ပါသည်။
ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်