
နေပြည်တော် ဩဂုတ် ၂၄
၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများသည် မွေးမြူရေး ဆိုင်ရာ ဆေးတက္ကသိုလ်၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တိရစ္ဆာန် ဆေးပညာဘွဲ့(DVM) ခြောက်နှစ်သင်တန်းနှင့် မွေးမြူရေးပညာဘွဲ့ (BASc) လေးနှစ်သင်တန်းများ တက်ရောက်ရန် ဝင်ခွင့်လျှောက်လွှာ များကို ကိုယ်တိုင်/ကိုယ်စား (သို့မဟုတ်) သင်တန်းရေးရာဌာန မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ် ရေဆင်း ဇေယျာသီရိမြို့နယ် နေပြည်တော်သို့လိပ်မူ၍ စာတိုက်သေတ္တာအမှတ် ၁၅၀၅၀၁ (သို့မဟုတ်) Email လိပ်စာ stdaffair.uvs@gmail.com သို့ ဩဂုတ် ၂၆ ရက် (သောကြာနေ့)မှစ၍ အောက်တိုဘာ ၁၄ ရက် (သောကြာနေ့) နောက်ဆုံးထားပြီး တိုက်ရိုက်လျှောက်ထားနိုင်သည်။
အသေးစိတ်နှင့် လျှောက်လွှာပုံစံများကို မြန်မာ့အလင်းသတင်းစာ၊ ကြေးမုံသတင်းစာနှင့် မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်၏ website ဖြစ်သော www.uvsyezin.edu.mm တို့တွင် ကြေညာထားမည် ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်