စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ၂၀၂၂ ခုနှစ် ပညာရည်ချွန်ဆုနှင့် ထူးချွန်ဆုများချီးမြှင့်ပွဲအခမ်းအနားကျင်းပ

 

ရန်ကုန်   ဇူလိုင်   ၁၅


စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ၂၀၂၂ခုနှစ် ပညာရည်ချွန်ဆုနှင့် ထူးချွန်ဆုများချီးမြှင့် ပွဲအခမ်းအနားကို  ယနေ့ နံနက်ပိုင်းက နေပြည်တော် ရုံးအမှတ်(၁၅) ပြည်ထောင်စုဝန်ကြီးရုံး စုဝေးဆောင် ခန်းမ၌ ကျင်းပသည်။ 

 


 အခမ်းအနားတွင်       ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက နိုင်ငံတော်အနေဖြင့် လူသားအရင်း အမြစ် ဖွံ့ဖြိုးမှုအားကောင်းလာစေရေးအတွက် ပညာ ရေးတွင် ရင်းနှီးမြှုပ်နှံမှုကို အလေးထားဆောင်ရွက် ပေးလျက်ရှိကြောင်း၊   မိမိတို့ဝန်ကြီးဌာနအောက်ရှိ ဝန်ထမ်းမိသားစုများအနေဖြင့်လည်း မိမိတို့မျိုးဆက် များ ပညာရည်ထူးချွန်ပြီး ဘက်စုံဖွံ့ဖြိုးရေး၊ ကျန်းမာ ကြံ့ခိုင်ရေးတို့အတွက် ပိုမိုမြှင့်တင်ပျိုးထောင်ပေးကြ ရန်လိုကြောင်း၊  ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ တွင် မိမိတို့ဝန်ကြီးဌာန ဝန်ထမ်းသားသမီး စုစုပေါင်း ၁၀၁၉  ဦး  အောင်မြင်ခဲ့ကြပြီး    ဝိပ္ပံဘာသာတွဲဖြင့် တစ်နိုင်ငံလုံး၌  ဒုတိယဆုရရှိခဲ့သူ တစ်ဦး၊   သိပ္ပံ ဘာသာတွဲဖြင့်   ဆဋ္ဌမဆုရရှိသူ တစ်ဦးအပါအဝင် ဘာသာစုံဂုဏ်ထူးဖြင့်   အောင်မြင်သူ  ၁၉  ဦး၊ ငါးဘာသာဂုဏ်ထူးဖြင့် အောင်မြင်သူ   ၂၃   ဦး၊   လေးဘာသာဂုဏ်ထူးဖြင့်   အောင်မြင်သူ  ၃၂ ဦး၊ သုံးဘာသာဂုဏ်ထူးဖြင့် အောင်မြင်သူ  ၅၂ ဦး စုစု ပေါင်း ကျောင်းသား ကျောင်းသူ ၁၂၆ ဦးကို ယနေ့ အခမ်းအနားတွင် ထူးချွန်ဂုဏ်ပြုဆုများ  ချီးမြှင့်သွား မည်ဖြစ်သကဲ့သို့ နှစ်ဘာသာနှင့်အောက်   ထူးချွန်သူ များကိုလည်း  သက်ဆိုင်ရာ   ဦးစီးဌာနများအလိုက် ချီးမြှင့်သွားမည်ဖြစ်ကြောင်း။

 


ထို့အပြင် ဝန်ကြီးဌာနတွင်တာဝန်ထမ်းဆောင်ဆဲ ပုဂ္ဂိုလ်နှစ်ဦးက   စာပေဗိမာန်စာမူဆုနှင့်   ပခုက္ကူ (ဦးအုန်းဖေ)စာပေဆုများ  ရရှိခဲ့ကြသကဲ့သို့   နိုင်ငံ့ ဝန်ထမ်း တက္ကသိုလ်သင်တန်းများတွင်    သင်တန်း ထူးချွန်ဆု ရရှိသူ ကိုးဦးတို့က မိမိဝန်ကြီးဌာနအတွက် ဂုဏ်ဆောင်နိုင်ခဲ့ကြသဖြင့် ယနေ့အခမ်းအနားတွင် ဂုဏ်ပြုချီးမြှင့်သွားမည် ဖြစ်ကြောင်း ပြောကြားသည်။

 


ဆက်လက်၍  ပြည်ထောင်စုဝန်ကြီး၊  ဒုတိယ ဝန်ကြီး၊   အမြဲတမ်းအတွင်းဝန်၊   ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ စိုက်ပျိုးရေးတက္ကသိုလ်နှင့် မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်တို့မှ ပါမောက္ခ ချုပ်များက တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးဖြင့် ထူးချွန်စွာ    အောင်မြင်ခဲ့ကြသည့်    ကျောင်းသား ကျောင်းသူများကို ဂုဏ်ပြုဆုများ ချီးမြှင့်ခဲ့ကြသည်။

 


ထို့နောက်   ဆုရကျောင်းသား   ကျောင်းသူများ ကိုယ်စား ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဝိပ္ပံဘာသာတွဲဖြင့် တစ်နိုင်ငံလုံး၌ ဒုတိယဆုရရှိခဲ့သူ မောင်ခန့်တေဇာ နှင့်  သိပ္ပံဘာသာတွဲ ဆဋ္ဌမဆုရရှိသူ မထက်ရတီဝင်းတို့က ကျေးဇူးတင်စကားပြောကြား ကြသည်။

 


ယင်းနောက်  စာပေဗိမာန်စာမူဆုနှင့်   ပခုက္ကူ (ဦးအုန်းဖေ)စာပေဆုများရရှိခဲ့သူ နှစ်ဦးနှင့် နိုင်ငံ့ ဝန်ထမ်းတက္ကသိုလ် သင်တန်းများတွင် ထူးချွန်ဆုရ ခဲ့ကြသော ဝန်ထမ်း ကိုးဦးတို့ကို ပြည်ထောင်စုဝန်ကြီး က  ဂုဏ်ပြုဆုများ ချီးမြှင့်သည်။

 


ဆုချီးမြှင့်ပွဲတွင် စာပေဗိမာန်စာမူဆုနှင့်  ပခုက္ကူ (ဦးအုန်းဖေ)    စာပေဆုများရရှိခဲ့သူ   စာရေးဆရာ မောင်အောင်(ဒေါက်တာအောင်ကြီး - ဒုတိယဝန်ကြီး)က  ကျေးဇူးတင်စကား   ပြောကြားခဲ့ကြောင်း သိရ သည်။        

                                     

သတင်းစဉ်