
နေပြည်တော် သြဂုတ် ၈
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ယနေ့ နံနက်ပိုင်းတွင် ပျဉ်းမနား စိုက်ပျိုးရေးသိပ္ပံကျောင်းနှင့် နေပြည်တော်အတွင်းရှိ စိုက်ပျိုးမွေးမြူရေးလုပ်ငန်း များ ကွင်းဆင်းစစ်ဆေးသည်။
ရှင်းလင်းတင်ပြ
ရှေးဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည်
ပျဉ်းမနား စိုက်ပျိုးရေးသိပ္ပံကျောင်းတွင် တိုးချဲ့ ဖွင့်လှစ်မည့် မွေးမြူရေးဒီပလိုမာသင်တန်း သင်ကြားရေးအထောက်အကူပြု မွေးမြူရေးခြံ တည်ဆောက်မည့် မြေနေရာကိုလည်းကောင်း၊ စိုက်ပျိုးရေးဦးစီးဌာန မျိုးစေ့ဌာနခွဲ၏ မျိုးစေ့ အရည်အသွေးစစ်ဆေးခန်းတွင် မျိုးစေ့အရည်အသွေး စစ်ဆေးခြင်း လုပ်ငန်းအဆင့်ဆင့်နှင့် မျိုးစေ့အရည် အသွေး ထောက်ခံချက်လက်မှတ် ထုတ်ပေးခြင်း
လုပ်ငန်းများကိုလည်းကောင်း၊ မျိုးစေ့အအေးခန်း သိုလှောင်ခန်းတွင် မျိုးစေ့များ သိုလှောင်
ထိန်းသိမ်ထားရှိမှုများကိုလည်းကောင်း၊ GAP နည်းပညာပေး ဟင်းသီးဟင်းရွက် စံပြစိုက်ကွင်းကို လည်းကောင်း ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြသည်။
တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက
နည်းပညာပြန့်ပွားရေးလုပ်ငန်းများနှင့် သုတေသန လုပ်ငန်းများအနေဖြင့် ကိုဗစ် - ၁၉ ရောဂါ တားဆီး၊ ကာကွယ်ရေး အစီအစဉ်များကို တိကျစွာ လိုက်နာ ဆောင်ရွက်နိုင်သည့် လုပ်ငန်းများဖြစ်၍ အရှိန် အဟုန်မပြတ် ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ဆွေးနွေး ပြောကြားသည်။
ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဆင်သေကျေးရွာရှိ ပုဂ္ဂလိက ကြက်မွေးမြူရေးခြံ တွင် အသားစားကြက် မွေးမြူထားရှိမှုများကို လည်းကောင်း၊ ပျဉ်းမနားငါးလုပ်ငန်းစခန်း၌ GAqP (ဂျီအေကျူပီ)စနစ် ငါးမွေးမြူရေးစံပြကန် တည်ဆောက်နေမှု လုပ်ငန်းခွင်ကိုလည်းကောင်း ကြည့်ရှုစစ်ဆေးသည်။
စီမံဆောင်ရွက်လျက်ရှိ
ပျဉ်းမနား ငါးလုပ်ငန်းစခန်းအနေဖြင့် ယခုနှစ် ငါးမျိုးစိုက်ထည့်ရာသီအတွက် ငါးသားပေါက် ကောင်ရေ သိန်း ၄၀ ထုတ်လုပ်ပေးရန် လျာထား ဆောင်ရွက်လျက်ရှိရာ ယနေ့အထိ ငါးသားပေါက် ကောင်ရေ ၁၇ သိန်း ထုတ်လုပ်ပေးနိုင်ခဲ့ပြီး သြဂုတ်လကုန်တွင် ငါးသားပေါက်ကောင်ရေ သိန်း ၂၀ ထုတ်လုပ်ပေးနိုင်ရေးနှင့် စက်တင်ဘာလအတွင်း လျာထား ငါးသားပေါက်များအားလုံး ထုတ်လုပ် ပေးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။
သတင်းစဉ်