စိုက်ပျိုးလုပ်ကိုင်ရန်မဖြစ်ထွန်းသည့် မြေများနှင့် မြေလွတ်၊ မြေရိုင်းများကို လျှောက်ထားလာပါက အမြန်ဆုံးစိစစ်ခွင့်ပြုဆောင်ရွက်ပေးလျက်ရှိ

 

တောင်ကြီး      ဇူလိုင်     ၂၂


ရှမ်းပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၅/၂၀၂၂)နှင့် ပြည်နယ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီအစည်းအဝေး အမှတ်စဉ် (၅/၂၀၂၂)ကို ဇူလိုင် ၂၂ ရက် နံနက် ၉ နာရီခွဲ က တောင်ကြီးမြို့ ပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 


အစည်းအဝေးအမှတ်စဉ် (၅/၂၀၂၂)အခမ်းအနား တွင်   ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ပြည်နယ်မြေလွတ်မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲ ရေးကော်မတီဥက္ကဋ္ဌ     ရှမ်းပြည်နယ်ဝန်ကြီးချုပ်   ဒေါက်တာကျော်ထွန်းက ပြည်သူများ တင်ပြလာ သည့်လုပ်ငန်းများ မြန်မြန်ဆန်ဆန် ဆုံးဖြတ်ပေးနိုင် ရေးအတွက် ခရိုင်/မြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့အဆင့်ဆင့် နှင့် သက်ဆိုင်ရာဌာနများကလည်း လျှောက်ထားသည့်   လုပ်ငန်းအမျိုးအစားလိုက်  စိစစ်ရမည့်အချက်များနှင့်   ပါရှိရမည့်အထောက် အထားများကို  သေသေချာချာ  စိစစ်ဆောင်ရွက်ပေး ရန်    လိုအပ်သည်ကို   အသိပေးပြောကြားလိုကြောင်း၊ ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့နှင့်  ပြည်နယ် မြေလွတ်၊  မြေလပ်နှင့်  မြေရိုင်းများ  စီမံခန့်ခွဲရေး ကော်မတီအနေဖြင့်လည်း ခွင့်ပြုပေးနိုင်သည့်ကိစ္စရပ်များကို အမြန်ဆုံးဆုံးဖြတ်ပြီး ပြည်နယ်အစိုးရအဖွဲ့ ၏ သဘောထားရယူခွင့်ပြုပေးသလို  ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့နှင့် မြေလွတ်၊  မြေလပ်နှင့်   မြေရိုင်း များစီမံခန့်ခွဲရေး ဗဟိုကော်မတီသို့ ဆက်လက်တင်ပြ ရမည့်ကိစ္စရပ်များကိုလည်း    အမြန်ဆုံးထောက်ခံ တင်ပြဆောင်ရွက်နေသည့်အကြောင်း အလေးအနက် ထား ပြောကြားလိုကြောင်း၊   ပြည်နယ်အတွင်း၌ရှိသည့်   စိုက်ပျိုးလုပ်ကိုင်ရန်   မဖြစ်ထွန်းသည့်  မြေများနှင့် မြေလွတ်၊ မြေရိုင်းများကိုလည်း ပြည်သူများ  အမှန် တကယ်  အကောင်အထည်ဖော်လိုသည့် လုပ်ငန်း အပေါ်မူတည်ပြီး လျှောက်ထားလာပါက အမြန်ဆုံး စိစစ်ထောက်ခံတင်ပြခြင်း၊    ခွင့်ပြုပေးခြင်းများ ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားသည်။

 


ဆက်လက်၍ အစည်းအဝေးဆုံးဖြတ်ချက်များကို လယ်ယာမြေစီမံခန့်ခွဲရေးလုပ်ငန်းအဖွဲ့   အစည်း အဝေးအမှတ်စဉ်   (၄/၂၀၂၂)   ဆုံးဖြတ်ချက်များ၊  မြေလွတ်၊  မြေလပ်နှင့်  မြေရိုင်းများ  စီမံခန့်ခွဲရေး ကော်မတီအစည်းအဝေးအမှတ်စဉ်    (၄/၂၀၂၂)ဆုံးဖြတ်ချက်များကို       ဖတ်ကြားအတည်ပြုပြီး ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေး အမှတ်စဉ်(၅/၂၀၂၂)တင်ပြချက်များနှင့် ပြည်နယ် မြေလွတ်၊  မြေလပ်နှင့်   မြေရိုင်းများ စီမံခန့်ခွဲရေး ကော်မတီအစည်းအဝေးအမှတ်စဉ်(၅/၂၀၂၂) တင်ပြ ချက်များကို  ဆွေးနွေးဆုံးဖြတ်ကြ၍  အထွေထွေ ဆွေးနွေးကြကာ ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ပြည်နယ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း များ  စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ   ရှမ်းပြည်နယ် ဝန်ကြီးချုပ်က နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း သိရသည်။            

မောင်မောင်သန်း(တောင်ကြီး)