
နေပြည်တော် ဇူလိုင် ၇
မြဝတီမြို့၊ ရွာငံမြို့နယ်နှင့် မိုင်းဆတ်မြို့နယ်တို့တွင် မူးယစ် ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် များပါဝင်သော ပူးပေါင်းအဖွဲ့ သည် ဇူလိုင် ၆ ရက် ညနေ ၆ နာရီတွင် မြဝတီမြို့ အမှတ်(၄)ရပ်ကွက် အောင်ပြည့်ဝလမ်းတွင် ဆိုင်ကယ် တစ်စီးနှင့်အတူ တွေ့ရှိသူ အထွန်း(ခ)ကိုထွန်း ကို စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၂၁၄၅ ပြားကိုလည်း ကောင်း၊ အလားတူယင်းနေ့ နံနက် ၁၁ နာရီခွဲတွင် မူးယစ် ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင် သောပူးပေါင်းအဖွဲ့သည် ရွာငံ မြို့နယ် ကျောက်ကူပြင်ကျေးရွာ အနီး ရွာငံ-ကျောက်ဆည်သွား ကားလမ်းတွင် စိုင်းထက်အောင် မောင်းနှင်ပြီး ဝေယံဘုန်းမြင့်နှင့် သက်နောင် တို့လိုက်ပါလာသည့် Toyota Mark ii အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့် စစ်ဆေးရှာဖွေရာ ယာဉ်အတွင်းမှ စိတ်ကြွ ရူးသွပ်ဆေးပြား ၄၀၀၀၀ ကိုလည်းကောင်း၊ ထို့အတူ ဇူလိုင် ၅ ရက် ညနေ ၄ နာရီတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင် သော ပူးပေါင်းအဖွဲ့သည် မိုင်းဆတ်မြို့နယ် မိုင်းယွန်း ကျေးရွာအုပ်စု ပိန်းခမ်းကျေးရွာ အနီးတွင် မသင်္ကာဖွယ်တွေ့ရှိသူ နော်ကက် (ခ)ငုတ်ကက် ကို စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၁၅၀၀၀ ကို လည်း ကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေး ယူထားကြောင်း သိရသည်။
သတင်းစဉ်