စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်၍ အရည်အသွေးထက်မြက်ကောင်းမွန်သည့် အနာဂတ်ခေါင်းဆောင်ကောင်းများကို လေ့ကျင့်မွေးထုတ်ပေးနိုင်ရမည်ဖြစ်

 

နေပြည်တော်   ဒီဇင်ဘာ   ၉


စစ်ဘက်ဆိုင်ရာခေါင်းဆောင်များကို     လေ့ကျင့် မွေးထုတ်ပေးလျက်ရှိသည့်    တက္ကသိုလ်များတွင် အရည်အချင်းများနှင့်      ကိုက်ညီပြည့်စုံမှုရှိသော ကြောင့် နည်းပြတာဝန်များကို ရရှိထမ်းဆောင်နေ ကြသူများအနေဖြင့် မိမိတို့တတ်မြောက်ထားသည့်၊ သင်ကြားထားရသည့် စာပေပညာ၊ စစ်ပညာများကို ဖြတ်သန်းခဲ့ရသည့်အတွေ့အကြုံများနှင့် ပေါင်းစပ် ချိန်ထိုး၍ စနစ်တကျ   သင်ကြားလေ့ကျင့်ပေးရန်၊ သင်ခန်းစာများကို  အမှန်တကယ်တတ်မြောက်ပြီး လက်တွေ့မြေပြင်တွင် ခေါင်းဆောင်မှုကောင်းမွန် စွာပေးနိုင်ရန်၊ စိတ်ဓာတ်ခိုင်မာကောင်းမွန်ရန်နှင့် နိုင်ငံတော်နှင့် တပ်မတော်ကအားထားရသည့်၊ ပြည်သူ က အားကိုးရသည့် အနာဂတ်ခေါင်းဆောင်များကို     မွေးထုတ်ပေးနိုင်ရမည်ဖြစ်ကြောင်းဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်     ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့မွန်းလွဲပိုင်းတွင် စစ်တက္ကသိုလ်နှင့် တပ်မတော် နည်းပညာတက္ကသိုလ်တို့မှ   ကျောင်းအုပ်ကြီးများ၊ နည်းပြအရာရှိကြီးများ၊   ကထိကအရာရှိကြီးများ၊ ဆရာ၊   ဆရာမကြီးများ၊   သန္ဓေအရာရှိများအား စစ်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌  တွေ့ဆုံအမှာ စကား ပြောကြားစဉ် ထည့်သွင်းပြောကြားသည်။ 

 


အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊   ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊     အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦး၊ ကျောင်းအုပ် ကြီးများ၊ နည်းပြအရာရှိကြီးများ၊   ကထိကအရာရှိကြီး များ၊ ဆရာကြီး၊ ဆရာမကြီးများ၊ သန္ဓေအရာရှိများ တက်ရောက်ကြသည်။ 

 


ဦးစွာ စစ်ရာထူးခန့်ချုပ်   ဒုတိယဗိုလ်ချုပ်ကြီး လင်းအောင်နှင့် တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဇော်မျိုးတင်တို့က ၂၀၀၀ ပြည့် နှစ်မှ ၂၀၂၁ ခုနှစ်အထိ   နှစ်ပေါင်း ၂၀  အတွင်း စစ်တက္ကသိုလ်နှင့် တပ်မတော်နည်းပညာတက္ကသိုလ် တို့မှ အရာရှိများလေ့ကျင့်မွေးထုတ်ပေးနိုင်ခဲ့မှု၊ စာပေ သင်ကြားပေးနိုင်ခဲ့မှုနှင့် လက်ရှိ တာဝန်ထမ်းဆောင် နေမှုအခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

 


လေ့ကျင့်သင်ကြားပေးရမည်


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမှာ စကားပြောကြားရာတွင်           စစ်တက္ကသိုလ်နှင့် တပ်မတော်နည်းပညာတက္ကသိုလ်တို့၏ လေ့ကျင့် ရေးပိုင်းနှင့်     သင်ကြားရေးပိုင်းဆိုင်ရာများတွင် မှာကြားလိုသည်များ မှာကြားနိုင်ရေးအတွက် ယခုကဲ့သို့တွေ့ဆုံရခြင်းဖြစ်ကြောင်း၊ သင်တန်းသားများ၊ ကျောင်းဆင်းအရာရှိများအနေဖြင့် မိမိတို့၏ ရည်ရွယ် ချက်၊ ရည်မှန်းချက်များ အောင်မြင်ဖြစ်မြောက်လာ စေရေးအတွက် မိမိကိုယ်ကို ထိန်းသိမ်းဆောင်ရွက်ရန် လိုအပ်မည်ဖြစ်သကဲ့သို့ ပေးအပ်လာသည့်တာဝန် များကိုလည်း   ကျေပွန်စွာထမ်းဆောင်နိုင်ရမည် ဖြစ်ကြောင်း၊ နည်းပြများအနေဖြင့်လည်း  အရည် အချင်းပြည့်ဝပြီး အရည်အသွေးထက်မြက်ကောင်းမွန် သည့်အရာရှိများ ထွက်ပေါ်လာအောင်   လေ့ကျင့် သင်ကြားပေးရမည်ဖြစ်ကြောင်း။

 


ရည်မှန်းချက်များကို  ခိုင်မာစွာထားရှိရမည်ဖြစ် ပြီး တစ်ဆင့်မြင့်ရာထူးတာဝန်များကို ထမ်းဆောင် ရမည့်အချိန်တွင်   လုပ်ဆောင်နိုင်မည့်အရာများ၊ လုပ်ဆောင်သင့်သည်များကို မှတ်စုရေးမှတ်ထားရှိ တတ်သည့်   အလေ့အကျင့်ကောင်းမွေးမြူရန်နှင့် အမှန်တကယ် တာဝန်ထမ်း‌ဆောင်ရသည့်အချိန်တွင် မိမိမှတ်သားထားသည်များနှင့်       ချိန်ထိုးသုံးသပ် လုပ်ဆောင်ပါက အခက်အခဲမရှိ တာဝန်ထမ်းဆောင် နိုင်မည်ဖြစ်ကြောင်း၊ ၂၀၀၀ ပြည့်နှစ်မှ ၂၀၂၁  ခုနှစ် အထိ အရာရှိများ   မွေးထုတ်ပေးနိုင်ခဲ့မှု၊   စာပေ သင်ကြားပေးနိုင်ခဲ့မှုနှင့် လက်ရှိတာဝန်ထမ်းဆောင် နေမှုအခြေအနေများကို ပြန်လည်စိစစ်ခဲ့ရာ၌ အချို့ သော အရာရှိများအနေဖြင့် မိမိကိုယ်ကို ထိန်းသိမ်းမှု မရှိဘဲ စည်းကမ်းဖောက်ဖျက်မှု၊ အဆင့်နှင့် လျော်ညီ သော စားသောက်နေထိုင်မှုပုံစံမရှိမှု၊ ကျန်းမာရေး ချို့ယွင်းမှု   စသည်တို့ကြောင့်     ဆက်လက်တာဝန် ထမ်းဆောင်နိုင်မှု မပြုနိုင်သည်ကို တွေ့ရှိရကြောင်း၊ ခြုံငုံသုံးသပ်ကြည့်မည်ဆိုပါက   စိတ်ဓာတ်ခိုင်မာမှု အားနည်းချက်များကို တွေ့မြင်ရပြီး စိတ်ဓာတ်ခိုင်မာ မှုမရှိခြင်း၊ မိမိကိုယ်ကို   ထိန်းသိမ်းနိုင်မှုမရှိခြင်းတို့ ကြောင့် ဆက်လက်တာဝန်ထမ်းဆောင်မှု  မပြုနိုင် ခြင်းဖြစ်ပြီး  နိုင်ငံတော်နှင့်   တပ်မတော်အတွက် များစွာထိခိုက်နစ်နာမှုများရှိကြောင်း၊   အနာဂတ် တွင် ထူးချွန်ထက်မြက်ပြီး    ပြည်သူကအားကိုးပြီး နိုင်ငံတော်ကအားထားရသည့်   ခေါင်းဆောင်များ ထွက်ပေါ်လာစေရေးအတွက်       သင်တန်းစတင် တက်ရောက်ချိန်မှစ၍ အဆင့်လိုက် တက်ရောက် ရသည့် သင်တန်းများကို အဆင့်ဆင့်သင်ကြားပေးခဲ့ ရပြီး နိုင်ငံတော်နှင့်တပ်မတော်က အချိန်နှင့်ငွေကြေး အရင်းအနှီးများစွာဖြင့် ပြုစုပျိုးထောင်ပေးခဲ့ရခြင်း ဖြစ်ကြောင်း၊ ထို့ကြောင့် ခေါင်းဆောင်များအနေဖြင့် စိတ်ဓာတ်ခိုင်မာမှုရှိရမည်ဖြစ်ပြီး မိမိရည်မှန်းချက်အောင်မြင်ရန်အတွက်    မိမိကိုယ်ကို   ထိန်းထိန်း သိမ်းသိမ်းနှင့်  စည်းကမ်းရှိစွာ    နေထိုင်လုပ်ကိုင် ဆောင်ရွက်ရန်လည်းလိုကြောင်း။

 


ကောင်းမွန်စွာ ဖြတ်သန်းနိုင်


ထိုသို့ စိတ်ဓာတ်ခိုင်မာပြီး မိမိကိုယ်ကို ထိန်းသိမ်း ဆောင်ရွက်တတ်ရန်အတွက် သင်တန်းကျောင်းများ တွင်ကတည်းက နည်းပြများအနေဖြင့်    လေ့ကျင့် သင်ကြားပေးရန် လိုအပ်မည်ဖြစ်ကြောင်း၊ သင်ခန်း စာများ ပိုင်နိုင်ပြီး ရှိသင့်ရှိထိုက်သည့်၊ သိသင့်သိထိုက် သည့် အသိပညာ၊   အတတ်ပညာနှင့်    ထိုးထွင်း မြော်မြင်နိုင်မှုရှိ‌အောင် သင်ကြားပေးလိုက်မှသာလျှင် လက်တွေ့မြေပြင်တွင် ခေါင်းဆောင်မှု ကောင်းမွန် စွာပေးနိုင်မည်ဖြစ်ပြီး   ဘဝတစ်လျှောက်လုံးတွင် လည်း ထိန်းသိမ်း၍ ကောင်းမွန်စွာ   ဖြတ်သန်းနိုင် မည်ဖြစ်ကြောင်း၊ ထို့ကြောင့် နည်းပြများအနေဖြင့် လေ့ကျင့်ရေးနှင့် ပတ်သက်ပါက ကြပ်ကြပ်မတ်မတ် ဆောင်ရွက်ကြရန်၊ သင်တန်းသားများကို    အလို မလိုက်ရန် လိုအပ်သကဲ့သို့ မိမိကိုယ်ကိုလည်း အလို မလိုက်ရန်လိုကြောင်း၊ အရည်အချင်းများနှင့် ပြည့်စုံ သဖြင့် နည်းပြများဖြစ်နေကြခြင်းဖြစ်သည့်အတွက် မိမိတတ်မြောက်ထားသည့်၊ သင်ကြားထားရသည့် စာပေပညာ၊ စစ်ပညာများကို ဖြတ်သန်းလာသည့် အတွေ့အကြုံများနှင့် ချိန်ထိုး၍ စနစ်တကျ သင်ကြား ပေးစေလိုပြီး        အနာဂတ်ခေါင်းဆောင်များကို မွေးထုတ်ပေးနိုင်ရမည်ဖြစ်ကြောင်း။

 


ဘက်ပေါင်းစုံမှ ကြိုးပမ်း


သင်တန်းသားများ၏ အရည်အသွေးမြှင့်တင်နိုင် ရေး အမြဲမပြတ် လေ့လာဖော်ထုတ်နေရမည်ဖြစ်ပြီး သင်တန်းဆင်းလာပါက ၎င်းတို့၏ အရည်အချင်းနှင့် ကိုက်ညီသည့် လူမှန်နေရာမှန် တာဝန်ပေးအပ်နိုင် ရန်လည်း လိုအပ်မည်ဖြစ်ကြောင်း၊   အရေအတွက် ထက် အရည်အချင်းကို   ဦးစားပေးဆောင်ရွက်ကြ စေလိုပြီး နိုင်ငံတော်နှင့် တပ်မတော်အတွက် အားကိုး  အားထားရသည့် အရာရှိကောင်းများကို  မွေးထုတ် ပေးကြရမည်ဖြစ်ကြောင်း၊ မိမိအနေဖြင့် အရည် အသွေးပြည့်ဝသော တပ်မတော်ဖြစ်စေရေးအတွက် တပ်မတော်စွမ်းရည်ထက်မြက်ရေး၊    စွမ်းပကား မြင့်မားရေးကို   အလေးထားဆောင်ရွက်ပေးခဲ့ပြီး အရာရှိ၊ စစ်သည်များ၏ ပညာရည်မြင့်မားရေး၊ မိသားစုများ၏ စားဝတ်နေရေး အဆင်ပြေချောမွေ့မှု ရှိစေရေး ဘက်ပေါင်းစုံမှ    ကြိုးပမ်းလုပ်ဆောင်ခဲ့ ကြောင်း၊ နိုင်ငံတကာတပ်မတော်များနည်းတူ အမျိုး သမီး အရာရှိ၊ စစ်သည်များကိုလည်း ပြန်လည်လေ့ကျင့် မွေးထုတ်ပေးနိုင်ခဲ့ပြီး     အမျိုးသားများ နည်းတူ တာဝန်ကျရာနေရာအသီးသီးတွင် တာဝန်ထမ်းဆောင် လျက်ရှိသည်ကို ဂုဏ်ယူဖွယ်တွေ့မြင်ရကြောင်း။

 


တက္ကသိုလ်၊      သင်တန်းကျောင်းအသီးသီးမှ နည်းပြများအနေဖြင့် မိမိတို့ လေ့ကျင့်သင်ကြားပေး သည့် ခေါင်းဆောင်ငယ်များအား   တစ်ဦးချင်း၏ အခြေခံစိတ်ဓာတ်၊   ခံယူချက်၊ ယုံကြည်ချက်၊ စစ်မြေ ပြင် ကျွမ်းကျင်မှုနှင့် ဘာသာရပ်အလိုက် တတ်မြောက် မှုစသည်ဖြင့်      လေ့ကျင့်သားပြည့်ဝမှုရှိစေရေး သင်ကြားလေ့ကျင့်ပေးရန်၊  သင်တန်းဆင်းပြီးပါက ဘဝတစ်လျှောက်လုံးတွင် မိမိတို့ ရာထူး၊ အဆင့်နှင့် လျော်ညီစွာနေထိုင်ပြုမူ ဆောင်ရွက်နိုင်စေရန်၊ အနာ ဂတ်   နိုင်ငံတော်နှင့်တပ်မတော်အတွက် ခေါင်းဆောင် ကောင်းများ    ပေါ်ထွက်လာစေရန် လေ့ကျင့်သင်ကြား လေ့ကျင့်ပေးရမည်ဖြစ်ကြောင်းဖြင့်    ပြောကြားခဲ့ ကြောင်း သတင်းရရှိသည်။                

သတင်းစဉ်