
နေပြည်တော် ဇန်နဝါရီ ၃၁
ပြည်ထောင်စုရာထူးဝန်အဖွဲ့က ကြော်ငြာစာအမှတ် (၅ / ၂၀၂၂) ဖြင့် ဝန်ကြီးဌာနနှင့် အဖွဲ့အစည်း ၂၈ ခုမှ ပြန်တမ်းဝင်အရာရှိအဆင့် စတင်ခန့်လစ်လပ်ရာထူး ၁၀၉၁ နေရာအတွက် ရေးဖြေစာမေးပွဲ အမှတ်စဉ် (၂ / ၂၀၂၂) ကို ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၂ ရက်နှင့် ၁၃ ရက်တို့တွင် စာစစ်ဌာန ငါးခု၌ ကျင်းပခဲ့သည်။
အဆိုပါ ရေးဖြေစာမေးပွဲတွင် ဖြေဆိုသူ ၂၃၃၄ ဦးထဲမှ ရေးဖြေ အောင်မြင်သူ နိုင်ငံ့ဝန်ထမ်း အမှု ထမ်းများနှင့် ပြင်ပဖြေဆိုပုဂ္ဂိုလ် ၇၄၇ ဦးတို့အား စိတ်အခြေအနေ စစ်ဆေးခြင်းနှင့် လူတွေ့စစ်ဆေး ခြင်းကို ဇန်နဝါရီ ၂၄ ရက်မှ ဖေဖော် ဝါရီ ၇ ရက်အထိ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ ရုံးအမှတ် (၁၇) နေပြည်တော်၌ ဆောင်ရွက်လျက် ရှိသည်။
ပြည်ထောင်စု ရာထူးဝန် အဖွဲ့ဥက္ကဋ္ဌ ဒေါက်တာမောင်မောင် နိုင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ပြန်တမ်း ဝင် အရာရှိအဆင့် စတင်ခန့် လစ်လပ်ရာထူးများတွင် ရွေးချယ် ခန့်ထားမည့် ရေးဖြေစာမေးပွဲ အောင် နိုင်ငံ့ဝန်ထမ်းအမှုထမ်း များနှင့် ပြင်ပဖြေဆိုပုဂ္ဂိုလ်များ အား နေပြည်တော် ရုံးအမှတ် (၁၇) ၌ ပြည်ထောင်စုရာထူးဝန် အဖွဲ့၊ အဖွဲ့ဝင်များက လူတွေ့ စစ်ဆေးရေးအဖွဲ့များခွဲ၍ လူတွေ့ စစ်ဆေးနေမှုများ၊ စိတ်အခြေ အနေ စစ်ဆေးရေးအဖွဲ့များက ရေးဖြေနှင့် လူတွေ့စိတ်စစ်ဆေးမှု အခြေအနေများကို လိုက်လံ ကြည့်ရှုစစ်ဆေးသည်။
ထို့ပြင် ပြည်ထောင်စုရာထူး ဝန်အဖွဲ့ ဥက္ကဋ္ဌသည် စာမေးပွဲ ဖြေဆိုရန် လာရောက်ကြသည့် နိုင်ငံ့ဝန်ထမ်း အမှုထမ်းများနှင့် ပြင်ပဖြေဆို ပုဂ္ဂိုလ်များအား လိုက်လံနှုတ်ဆက်ပြီး (ယာပုံ) နိုင်ငံ့ ဝန်ထမ်း ပြန်တမ်းဝင်အရာရှိအဖြစ် တာဝန် ထမ်းဆောင်မည့်သူများ အနေဖြင့် အရည်အချင်း ပြည့်ဝ ပြီး နိုင်ငံနှင့် လူမျိုးအတွက် ကောင်းမွန်သော ဝန်ဆောင်မှု ပေးလိုစိတ်များ ထားရှိရမည်ဖြစ် ကြောင်း၊ မိမိတို့၏ ဘဝတိုးတက်မှု အတွက် ကြီးမားသော အပြောင်း အလဲ အောင်မြင်မှုဖြစ်၍ မဆုတ် မနစ်သော ဇွဲ၊ လုံ့လတို့ဖြင့် ကြိုးစားဖြေဆိုကြရန် အားပေး စကားပြောကြားသည်။
ကျန်ရှိသော စိတ်အခြေအနေ နှင့် လူတွေ့စစ်ဆေးခြင်းလုပ်ငန်း များကိုလည်း သတ်မှတ်ထား သည့် နေ့ရက်များအတိုင်း ပြည်ထောင်စု ရာထူးဝန်အဖွဲ့၊ အဖွဲ့ဝင်များက လူတွေ့စစ်ဆေး ရေး ဘုတ်အဖွဲ့များခွဲ၍ ဆက်လက် စစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်