
နေပြည်တော် ဇန်နဝါရီ ၂၉
စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် လူငယ်နှင့်စာပေပွဲတော်ကို ယနေ့ နံနက် ၉ နာရီခွဲမှစတင်၍ နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ စတင်ကျင်းပရာ ဝန်ကြီးဌာနများမှ ဝန်ထမ်းများနှင့် မိသားစုများ၊ ကျောင်းသား ကျောင်းသူများ၊ လူငယ်များ၊ ကလေးငယ်များနှင့် လူငယ်များ တစ်ခဲနက်ပါဝင် ဆင်နွှဲကြသည်။
အဆိုပါပွဲတော်တွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ ပို့ဆောင်ရေးဝန်ကြီးဌာန၊ အားကစားနှင့်လူငယ် ရေးရာဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနတို့မှ သက်ဆိုင် ရာ ကဏ္ဍများအလိုက် ပြခန်းများဖြစ်သည့် စာအုပ် စာစောင်များနှင့် စာပေပညာရှင်ကြီးများ၏ အတ္ထုပ္ပတ္တိပြခန်း၊ သမိုင်းဝင်စာချုပ်၊ စာတမ်းများနှင့် မှတ်တမ်းမှတ်ရာများပြခန်း၊ ရေကြောင်းပညာရပ် ဆိုင်ရာ အသိပညာပေးပြခန်း၊ လေကြောင်းပညာရပ် ဆိုင်ရာပြခန်း၊ သိပ္ပံနှင့် နည်းပညာဆိုင်ရာအသိပညာ ပေးပြခန်း၊ ပန်းချီ၊ အနုပညာပြခန်း၊ ကိုဗစ်-၁၉ ကပ်ရောဂါဆိုင်ရာ အသိပညာပေးပြခန်းနှင့် အားကစားလှုပ်ရှားဆောင်ရွက်မှုပြခန်းစသည်ဖြင့် ပြခန်း ပေါင်း ၄၀ ကျော် ခင်းကျင်းပြသထားသည်။
ထို့ပြင် ကျောင်းသား ကျောင်းသူများနှင့် လူငယ် လူရွယ်များ အားကစားစိတ်ဓာတ်ရင့်သန်စေပြီး နိုင်ငံတော်၏ အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ဗီယက်နမ်နိုင်ငံ၌ ကျင်းပမည့် (၃၁)ကြိမ် မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မည့် အားကစားသမားများ လေ့ကျင့်နေမှုကိုလည်းလေ့လာနိုင်မည့် အစီအစဉ် တစ်ခုကိုထည့်သွင်းထားရာ စိတ်ပါဝင်စားစွာ လေ့လာကြသည်ကို တွေ့မြင်ရသည်။
ကြည့်ရှုလေ့လာ
ယခုနှစ် ပွဲတော်၌ ထူးထူးခြားခြားအဖြစ် မြန်မာ နိုင်ငံ၏လူငယ်များ လေကြောင်းပညာရပ်ကို စိတ်ပါ ဝင်စားလာစေရန်နှင့် ခေတ်ပေါ်နည်းပညာရပ်များ လေ့လာလိုက်စားပြီး နိုင်ငံတော်အတွက် အထောက် အကူပြုစေမည့် လူ့စွမ်းအားအရင်းအမြစ်များ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ လေကြောင်းပညာရပ်ဆိုင်ရာပြခန်းကိုထည့်သွင်းထားပြီး ပြကွက်များ အနေဖြင့် လေကြောင်းသုတသမိုင်းအစပြကွက်၊ ကောင်းကင်ယံစစ်သမိုင်းသစ်ပြကွက်၊ သမိုင်းတွင်ကျန်ရစ်လေယာဉ်ရွှေခေတ်ပြကွက်၊ စိုးမိုးကောင်းကင် ဒုတိယစစ်ဝေဟင်ပြကွက်၊ စစ်ပြီးခေတ်ဆန်းသစ် ဝေဟင်ပြကွက်၊ လေကြောင်းစွမ်းအားကမ္ဘာတစ်လွှား ပြကွက်၊ မျိုးပေါင်းစုံစွာလေယာဉ်ကမ္ဘာပြကွက်၊ လေကြောင်းသုတလေ့လာကြစို့ပြကွက်၊ လူမဲ့ လေယာဉ်ခေတ်ဝေဟင်ပြကွက်၊ ကိုယ်တိုင်ပျံသန်း မောင်းကာစမ်းပြကွက်၊ ပျံသာပျံပါ ထက်အာကာ ပြကွက်တို့ကိုလည်း ခေတ်မီဆန်းသစ်စွာဖြင့် ထုတ်ဖော်ပြသထားရာ လူငယ်လူရွယ်များ စိတ်အား ထက်သန်စွာ ကြည့်ရှုလေ့လာကြသည်။
ထို့ပြင် စာအုပ်စာပေဖတ်ရှုလေ့လာရန် အားသန် ကြသည့် ကျောင်းသား ကျောင်းသူများ၊ လူငယ်များ နှင့် ကလေးငယ်များအတွက်လည်း စာပေဗိမာန် အရောင်းပြခန်းဖွင့်လှစ်ထားပြီးစာပေဆုရ စာအုပ် များ၊ ရသစာအုပ်များ၊ ဘဝအောင်မြင်ရေးစာအုပ် များ၊ ကျန်းမာရေးကဏ္ဍစာအုပ်များ၊ ပညာရပ်ဆိုင်ရာ စာအုပ်များ၊ ဘာသာပြန်စာအုပ်များ၊ အနုပညာ စာအုပ်များ၊ ဆောင်းပါးများ၊ ရုပ်ပြစာအုပ်များ၊ စီးပွား ရေးစီမံခန့်ခွဲမှုစာအုပ်များနှင့် သမိုင်းစာအုပ်များ ခင်းကျင်းပြသရောင်းချလျက်ရှိရာ စာပေဗဟုသုတ များနှင့် စာပေအသိဉာဏ်များစွာရရှိစေမည့် ပြခန်း တစ်ခုဖြစ်သည့်အတွက် စာပေချစ်သူများဖြင့် စည်ကားလျက်ရှိသည်ကိုလည်း တွေ့မြင်ရသည်။
လက်ဆောင်ပစ္စည်းများပေးအပ်
ပွဲတော်ကြီးသို့ လာရောက်လေ့လာဆင်နွှဲကြ သည့် လူငယ်များနှင့်ကလေးငယ်များ ပျော်ရွှင်စေရန် အတွက်လည်း စုပေါင်းဆော့ကစားရသည့် ဂိမ်းများ ဖြစ်သော ဆေးရောင်ခြယ်ပြိုင်ပွဲ၊ အိမ်ဆောက်ပြိုင်ပွဲ၊ အရုပ်ဆက်ပြိုင်ပွဲနှင့် စကားပုံပြိုင်ပွဲများကိုလည်း ကိုဗစ် - ၁၉ စည်းကမ်းချက်များနှင့်အညီ ကန့်သတ် နေရာများအလိုက် ဆော့ကစားစေပြီး အမှတ်တရ လက်ဆောင်ပစ္စည်းများလည်း ပေးအပ်ကြသည်။
ထိုသို့အသိပညာဗဟုသုတရရှိစေမည့် အစီအစဉ် ကောင်းများအပြင် စိတ်ပျော်ရွှင်ချမ်းမြေ့စေမည့် ဖျော်ဖြေရေးအစီအစဉ်များအဖြစ် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားနှင့် အနုပညာဦးစီးဌာနမှ အနုပညာ ရှင်များ၊ ကျောင်းသား ကျောင်းသူများ၏ ဖျော်ဖြေမှု များကြောင့်လည်း ပွဲတော်ကြီးကို ပို၍အသက်ဝင် စေခဲ့သည်။
ယခုအချိန်အခါသည် ကိုဗစ် - ၁၉ ကပ်ရောဂါ ဖြစ်ပွားနေသည့် ကာလဖြစ်ခြင်းကြောင့် ပွဲတော်သို့ လာရောက်ကြသူများကိုလည်း ကျန်းမာရေး ဝန်ကြီးဌာနမှ ညွှန်ကြားထားသည့် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများနှင့်အညီ စစ်ဆေး ဆောင်ရွက်ပေးပြီးမှသာ ပွဲတော်အတွင်းသို့ ဝင်ရောက် ခွင့်ပြုသည့်အပြင် တစ်စုံတစ်ရာကျန်းမာရေး ချို့ယွင်း မှုဖြစ်ပေါ်ပါကလည်း အရေးပေါ်ကျန်းမာရေးစောင့် ရှောက်မှုအစီအစဉ်များကိုလည်း ထည့်သွင်းထားကာ ပွဲတော်ဧရိယာအတွင်း၌ ကိုဗစ် - ၁၉ ကပ်ရောဂါ အသိပညာပေးဆိုင်းဘုတ်များ၊ ဗီနိုင်းများကိုလည်း နေရာအနှံ့ ချိတ်ဆွဲဖော်ပြပေးထားသည်။
လူငယ်နှင့် စာပေပွဲတော်ကို ပြန်ကြားရေး ဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် အားကစား နှင့် လူငယ်ရေးရာဝန်ကြီးဌာနတို့ ပူးပေါင်းစီစဉ် ဆောင်ရွက်ခြင်းဖြစ်ပြီး မြန်မာနိုင်ငံ၏ အနာဂတ်တွင် ခေါင်းဆောင်များဖြစ်လာမည့် ကလေးများနှင့် လူငယ်များ၏ ဉာဏ်ရည်ဉာဏ်သွေးနှင့် အတွေး အခေါ်အယူအဆများထက်မြက်လာစေရန်၊ ပွဲတော် ၌ ပျော်ရွှင်စွာဆင်နွှဲရင်း စုပေါင်းအလုပ်များတွင် ဝိုင်းဝန်းပါဝင်တတ်သည့် အလေ့အထကောင်းများ ရရှိလာစေရန်၊ လူငယ်များ၏ တီထွင်ဖန်တီးလိုစိတ် ရင့်သန်လာစေရန်နှင့် စာပေဖတ်ရှုလေ့လာလိုစိတ် မြင့်မားလာစေရန်၊ အသိပညာ၊ အတတ်ပညာနှင့် ကျင့်ဝတ်တန်ဖိုးအပါအဝင် ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ ဗလငါးတန်မြှင့်တင်ပေးနိုင်ရန်နှင့် အနာဂတ်လူ့ဘောင်အဖွဲ့အစည်းအား ၎င်းတို့၏ အတွေးအမြင်ကောင်းများဖြင့် တည်ဆောက် အကောင်အထည်ဖော်နိုင်ရန် ရည်ရွယ်ကျင်းပခြင်း ဖြစ်ကြောင်းလည်း သိရှိရသည်။
ထို့ကြောင့် ကျောင်းသား ကျောင်းသူများ၊ လူငယ် များ၊ ကလေးငယ်များ၏ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်း ဆိုင်ရာ တိုးတက်ကောင်းမွန်လာစေရန်အတွက် အထောက်အကူပြုမည့် လူငယ်နှင့်စာပေပွဲတော်ကြီး ကို ဇန်နဝါရီ ၂၉ ရက်မှ ၃၁ရက်အထိ နံနက် ၉နာရီ ခွဲမှ ညနေ ၅နာရီခွဲအထိ ကျင်းပသွားမည်ဖြစ်သော ကြောင့် အခွင့်အရေးကို လက်လွတ်မခံဘဲ မည်သူ မဆိုလွတ်လပ်စွာ ပါဝင်ဆင်နွှဲနိုင်ကြောင်း သိရသည်။
သတင်း - မျိုးဆက်သစ်၊ ဓာတ်ပုံ - ကိုထိန်အေး