စိန်ရတုလွတ်လပ်ရေးနေ့နှင့် စိန်ရတု ကချင်ပြည်နယ်နေ့ အခမ်းအနားများတွင် MSME လုပ်ငန်းများနှင့် ဒေသထုတ်ကုန်များ ဖော်ထုတ်ပြသနိုင်ရေးဆွေးနွေး

 

မြစ်ကြီးနား   နိုဝင်ဘာ   ၂၆
ကချင်ပြည်နယ်အတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စား  (MSME)   စီးပွားရေးလုပ်ငန်းများနှင့် ပတ်သက်၍ ထူးခြားလုပ်ငန်းများနှင့် ထုတ်ကုန် များကို (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုပွဲ အခမ်းအနားနှင့် (၇၅)နှစ်မြောက် စိန်ရတု ကချင်ပြည်နယ်နေ့  အထိမ်းအမှတ်အခမ်းအနား များတွင် ဖော်ထုတ်ပြသနိုင်ရေးအတွက် ပြည်နယ် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီအဖွဲ့ဝင် များနှင့် MSME စီးပွားရေးလုပ်ငန်းရှင်များ၏ ညှိနှိုင်း ဆွေးနွေးပွဲကို နိုဝင်ဘာ ၂၄ ရက်က ပြည်နယ်အစိုးရ အဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပသည်။
ညှိနှိုင်းဆွေးနွေးပွဲတွင်   ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် က  ယနေ့နိုင်ငံတော်အနေဖြင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ထုတ်ကုန်များ ပိုမိုတိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက် အားပေးဆောင် ရွက်လျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ ပြည်နယ်အတွင်း ရှိ MSME စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မိမိတို့ ထုတ်ကုန်များကို   ပိုမိုထိရောက်အောင်မြင်ရေးနှင့် ဈေးကွက်ခိုင်မာလာစေရေးအတွက်    ပြည်တွင်း ပြုလုပ်သည့်အခမ်းအနားများ၊ ထုတ်ကုန်ပြပွဲ/ပြိုင်ပွဲ အစီအစဉ်များတွင် ခင်းကျင်းပြသရောင်းချရန် လိုအပ် သည်များကို ဝိုင်းဝန်းအကြံပြု ဆွေးနွေးကြစေလို ကြောင်း တိုက်တွန်းမှာကြားသည်။
ယင်းနောက်   ပြည်နယ်လုံခြုံရေးနှင့်   နယ်စပ် ရေးရာဝန်ကြီး   ဗိုလ်မှူးကြီး   အောင်ကြည်လင်းနှင့် တက်ရောက်လာကြသည့် ပြည်နယ်အတွင်းရှိ MSME စီးပွားရေးလုပ်ငန်းရှင်များက  ပြခန်းခင်းကျင်းပြသ သွားမည့် အစီအစဉ်များအတွက် လိုအပ်ချက်၊ အခက် အခဲများကို တင်ပြဆွေးနွေးခဲ့ကြသည်။
တင်ပြဆွေးနွေးမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ် က ထုတ်ဖော်ပြသသွားမည့် ဒေသထုတ်ကုန်များကို ခမ်းနားထည်ဝါစွာ   ပြသနိုင်ရေးနှင့်   လုပ်ငန်းများ အတွက်  လိုအပ်သည်များကို   ဌာနဆိုင်ရာများနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းပေါင်းစပ်ဆောင် ရွက်ပေးခဲ့ကြောင်း သိရသည်။
 ပြည်နယ် (ပြန်/ဆက်)