စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်းအနားတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ပြန်ကြားရေးဝန်ကြီးဌာနမှဝန်ထမ်းများအား ဂုဏ်ပြုပွဲကျင်းပ

 

နေပြည်တော်  ဇန်နဝါရီ   ၁၈


၂၀၂၃ ခုနှစ်  (၇၅)နှစ်မြောက်  စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အားကြိုးမာန်တက် ပါဝင်ခဲ့ကြ သည့်   ပြန်ကြားရေးဝန်ကြီးဌာနမှ  ဝန်ထမ်းများအား ဂုဏ်ပြုပွဲအခမ်း အနားကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီး ဌာန၌ ကျင်းပသည်။

 


အခမ်းအနားသို့ ပြည်ထောင်စု ဝန်ကြီး ဦးမောင်မောင်အုန်းနှင့်ဇနီး ဒေါ်ခင်ဆွေဝင်း၊   ဒုတိယဝန်ကြီး ဦးရဲတင့်နှင့်    ဇနီး   ဒေါ်ဝင်းရီ၊ အမြဲတမ်းအတွင်းဝန်နှင့်   ဇနီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ   နှင့် ဝန်ထမ်းများ တက်ရောက်ကြသည်။

 


အခမ်းအနားတွင်       ပြည် ထောင်စုဝန်ကြီး  ဦးမောင်မောင် အုန်းက အမှာ စကား ပြောကြားရာ၌ ကြုံတောင့် ကြုံခဲ နေ့ထူးနေ့မြတ် အခါသမယ ဖြစ်သည့် (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်း အနား၌  တာဝန်ကျေရုံ မဟုတ်ဘဲ ပြုံးရွှင်တက်ကြွစွာ ပါဝင်ဆောင် ရွက်ခဲ့သည့်  မိမိဝန်ကြီးဌာန၏     ဝန်ထမ်းများအတွက်   အထူးအစီ အစဉ်အဖြစ်  ဂုဏ်ပြုအခမ်းအနား ကျင်းပပေးခြင်း ဖြစ်ပါကြောင်း၊    စိန်ရတု    လွတ်လပ်ရေးနေ့သည် တစ်သက်တွင်      တစ်ခါသာ ကျော်ဖြတ်ရခြင်းဖြစ်ပြီး ပြန်ကြား ရေးဝန်ကြီးဌာနမှ ဆောင်ရွက်ခဲ့ သည့်    လုပ်ငန်းများသည်    နိုင်ငံ အတွက် ထိရောက်သည့် ခြေလှမ်း များဖြစ်ပါကြောင်း၊    ကမ္ဘာက   အသိအမှတ်ပြုရသည့် သမိုင်းတွင် မည့်   ဂုဏ်ယူဖွယ်  အခမ်းအနား ကြီး   အောင်မြင်စွာ ကျင်းပနိုင်ခဲ့ ခြင်းသည်      ဝန်ထမ်းများ၏ စွမ်းဆောင်ချက်ကြောင့်   ဖြစ်ပါ ကြောင်း၊  အဘက်ဘက်မှ ဝိုင်းဝန်း ပံ့ပိုးပေးခဲ့သည့်  ဝန်ထမ်းများကို မှတ်တမ်းတင်       ဂုဏ်ပြုအပ်ပါ ကြောင်း ပြောကြားသည်။

 


ထို့နောက်  (၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့အထိမ်း အမှတ်    ဂုဏ်ပြုအခမ်းအနား များ၊   ပွဲတော်များ၊  ပဒေသာကပွဲ ကျင်းပခဲ့ပုံများနှင့် ပတ်သက်သည့် မှတ်တမ်းဗီဒီယိုကို ပြသသည်။

 


ဆက်လက်၍  ဒုတိယဝန်ကြီး ဦးရဲတင့်က   စစ်ရေးပြတပ်ခွဲတွင် ပါဝင်ခဲ့သည့်   ဝန်ထမ်း  ၁၆၅ ဦး အတွက် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ရာ ဝန်ထမ်းများကိုယ်စား  ဝန်ကြီးရုံး၊ မြန်မာ့အသံနှင့် ရုပ်မြင် သံကြား၊  ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊  ပုံနှိပ်ရေး နှင့် ထုတ်ဝေရေးဦးစီးဌာန၊ သတင်း နှင့်       စာနယ်ဇင်းလုပ်ငန်းတို့မှ  ဝန်ထမ်းနှစ်ဦးစီတို့က လက်ခံရယူ ကြသည်။ 

 


ယင်းနောက် ပြည်ထောင်စု ဝန်ကြီးက    စစ်ရေးပြတပ်ခွဲတွင် ပါဝင်ခဲ့သည့်  ဝန်ထမ်း ၁၆၅ ဦး၊ ချင်းပြည်နယ်ကိုယ်စားပြု   ယိမ်း အဖွဲ့တွင်       ပါဝင်ခဲ့ကြသည့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနမှ ဝန်ထမ်း ၅၇ ဦး၊ ဂုဏ်ပြုယာဉ်   တည်ဆောက်ရေး တွင်   ပါဝင်ခဲ့ကြသည့်    ဝန်ထမ်း ၁၀ ဦး၊ တူယှဉ်နွှဲပျော်ဂီတပွဲတော် တွင်   ပါဝင်ခဲ့ကြသည့်  ဝန်ထမ်း ၁၀ ဦး၊ လူငယ်စာပေနှင့် အနုပညာ ပြပွဲတွင် ပါဝင်ခဲ့ကြသည့်ဝန်ထမ်း ၁၀ ဦး၊  လွတ်လပ်ရေးနေ့ အထိမ်း အမှတ်ပြခန်းတွင် ပါဝင်ခဲ့ကြသည့် ဝန်ထမ်း ၁၀ ဦး၊    ပဒေသာကပွဲ အခမ်းအနားတွင် ပါဝင်ခဲ့ကြသည့် ဝန်ထမ်း ၁၀ ဦး စုစုပေါင်း ဝန်ထမ်း ၂၇၂ ဦးတို့ကို တစ်ဦးလျှင် ငွေကျပ် သုံးသောင်းစီဖြင့်  စုစုပေါင်း ငွေကျပ် ရှစ်ဆယ့်တစ်သိန်းခြောက်သောင်း ကို   ပေးအပ်ရာ    ဝန်ထမ်းများ ကိုယ်စား  ဝန်ထမ်းတစ်ဦးစီတို့က လက်ခံရယူကြသည်။

 


ဆက်လက်၍ တက်ရောက် လာကြသည့် ဂုဏ်ပြုခံဝန်ထမ်း များက    ကာရာအိုကေ    သီဆို ယှဉ်ပြိုင်ကြပြီး ပထမဆု၊ ဒုတိယ ဆု၊ တတိယဆုနှင့် အထူးဆုရရှိ သူများကို   ပြည်ထောင်စုဝန်ကြီး နှင့် တာဝန်ရှိသူများက ဆုငွေများ ပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် တက်ရောက်လာ ကြသည့် ဝန်ထမ်းများကို ကံစမ်းမဲ များဖွင့်ဖောက် ပေးအပ်ခဲ့သည်။


သတင်းစဉ်