
ညောင်ရွှေ ဖေဖော်ဝါရီ ၂
စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ် စည်ပင်သာယာယာရေး ဌာန၏ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် အတွင်း ဆောင်ရွက်ပြီးစီးသည့် မြို့လည်ရပ်ကွက် ကျောင်းတော် အနောက်လမ်း ကတ္တရာထပ်ပိုး လွှာ လမ်းသစ်ဖွင့်ပွဲကို ဖေဖော်ဝါရီ ၁ ရက် နံနက် ၁၁ နာရီခွဲကအဆိုပါ လမ်းမုခ်ဦး၌ ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်စည်ပင် သာယာရေးဌာန အမှုဆောင် အရာရှိ ဦးတင့်ဝေက လမ်းသစ် ဆောင်ရွက်ခဲ့မှု အခြေအနေကို ရှင်းလင်းတင်ပြသည်။ ဆက်လက် ၍ ဒေသခံပြည်သူ ဦးလှဝေက ကျေးဇူးတင်စကား ပြောကြား သည်။ ထို့နောက် ကတ္တရာထပ်ပိုး လွှာလမ်းသစ်ကို မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်ဦး၊ မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးတင့်ဝေနှင့် မြို့လည်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိန်ဝင်းကိုတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။
အဆိုပါ ကတ္တရာထပ်ပိုးလွှာ လမ်းသစ်သည် လမ်းအရှည် ပေ ၅၇၀ ရှိပြီး မူလလမ်းအကျယ် ၁၂ ပေ မှ ၁၈ ပေအဖြစ် ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
နေမျိုးသူရိန်