
နေပြည်တော် ဇန်နဝါရီ ၁၂
စိန်ရတု ပြည်ထောင်စုနေ့အထိမ်းအမှတ် လူငယ် နှင့် စာပေပွဲတော် ကျင်းပရေးလုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုဝေး ခန်းမ၌ ကျင်းပရာ အစည်းအဝေးသို့ လုပ်ငန်း ကော်မတီဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးရဲတင့်၊ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသော ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်ဝင်း၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမျိုးလှိုင်၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ လုပ်ငန်းကော်မတီ အတွင်းရေးမှူးနှင့် လုပ်ငန်းကော်မတီအဖွဲ့ဝင်များ တက်ရောက်ကြ သည်။
ရှင်းလင်းဆွေးနွေး
ရှေးဦးစွာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယ ဝန်ကြီး ဦးရဲတင့်က လူငယ်နှင့် စာပေပွဲတော် ခင်းကျင်းပြမှုများကို ပွဲတော်သို့ လာရောက်သည့် ကျောင်းသားများ၊ မိဘများသာမက နိုင်ငံတစ်ဝန်း မှ ကျောင်းသား ကျောင်းသူများ၊ ပြည်သူများပါ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်အောင် ဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း၊ ပွဲတော်အောင်မြင်စွာကျင်းပနိုင် ရေးအတွက် လုပ်ဆောင်ရမည်များကို ညှိညှိနှိုင်းနှိုင်း ဖြင့် ပူးပေါင်းဆောင်ရွက်ပေးကြရန် မေတ္တာရပ်ခံ လိုပါကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယဥက္ကဋ္ဌများဖြစ်ကြသော ဒုတိယ ဝန်ကြီး ဦးဇော်ဝင်းနှင့် ဦးမျိုးလှိုင်၊ နေပြည်တော် ကောင်စီဝင် ဦးမြင့်စိုးတို့က နေပြည်တော်အတွင်းရှိ ကျောင်းသား ကျောင်းသူများ၊ ဝန်ထမ်းမိသားစုများ ဖိတ်ကြားရေး၊ ပြခန်းတစ်ခု၏ ဝင်ဆံ့နိုင်မှုအင်အား နှင့် ပြသချိန်များ အပါအဝင် ပွဲတော်တွင် ကျောင်းသား ကျောင်းသူများ ပျော်ရွှင်စွာ ဆင်နွှဲနိုင်ရေးတို့နှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးကြသည်။
ယင်းနောက် လုပ်ငန်းကော်မတီ အတွင်းရေးမှူး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအေးကြွယ်က လူငယ်နှင့် စာပေပွဲတော် ကျင်းပရေးအတွက် ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြပြီး တက်ရောက် လာကြသူများက ပွဲတော်အောင်မြင်စွာကျင်းပနိုင် ရေးအတွက် ကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြသည်။
ဆွေးနွေးတင်ပြချက်များအပေါ် လုပ်ငန်း ကော်မတီဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌများက ဖြည့်စွက် ဆွေးနွေးမှာကြားခဲ့သည်။
ပြန်ကြားရေးဝန်ကြီးဌာနက (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့်လည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ တာဝန်ထမ်းဆောင်မှု နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် လည်းကောင်း စိန်ရတု ပြည်ထောင်စုနေ့အထိမ်းအမှတ် လူငယ်နှင့် စာပေ ပွဲတော်ကို နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း ၌ ဇန်နဝါရီ ၂၉ ရက်မှ ၃၀ ရက်အထိ နေ့စဉ် နံနက် ၉ နာရီခွဲမှ ညနေ ၅ နာရီအထိ ကိုဗစ်-၁၉ ဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
ပွဲတော်တွင် လေကြောင်းပညာရပ်ဆိုင်ရာ သရုပ် ပြသခြင်း၊ သမိုင်းဝင် စာချုပ်စာတမ်းများ၊ မှတ်တမ်း များ ခင်းကျင်းပြသခြင်း၊ အားကစားလှုပ်ရှားမှု ပြခန်း၊ ကာတွန်းဓာတ်ပုံပြခန်း ပြသခြင်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီး ဌာနတို့မှ ပြခန်းများ ခင်းကျင်းပြသခြင်း၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ယာဉ်စည်းကမ်းထိန်းသိမ်းရေး ပြခန်း၊ ကလေးငယ်တစ်ဦးချင်းပြိုင်ပွဲများအဖြစ် စကားပုံ ဆက်၊ အရုပ်ဆက်၊ ဆေးရောင်ခြယ်၊ အိမ်ဆောက် ကစားခြင်း၊ အဖွဲ့လိုက်ပြိုင်ပွဲများအဖြစ် ထုပ်ဆီးတိုး၊ အာလူးကောက်၊ ခါးလှည့်ကွင်း၊ ဆန်ကောရွက်၊ ခုံဖိနပ်စီး၊ ခွက်နင်း၍ လမ်းလျှောက်ခြင်း၊ ဘောလုံး ညှပ်လမ်းလျှောက်ခြင်းပြိုင်ပွဲများ၊ ဖျော်ဖြေပွဲများ စသည်ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်