
နေပြည်တော် ဖေဖော်ဝါရီ ၂
(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စု နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြန်မာ့ အသံနှင့်ရုပ်မြင်သံကြားနှင့် မြန်မာနိုင်ငံလူရွှင်တော်အသင်း(ဗဟို)တို့ ပူးပေါင်း ပြီး “စိန်ရတုပြည်ထောင်စုလူရွှင်တော် ဖလား” လူရွှင်တော်ပြိုင်ပွဲ၊ ပွဲစဉ်(၅)ကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၅ ရက် စနေနေ့ ည ၈ နာရီ သတင်းအပြီးတွင် မြန်မာ့ အသံနှင့် ရုပ်မြင်သံကြား၏ MRTV HD Channel မှ ထုတ်လွှင့်ပြသမည်ဖြစ်သည်။
ယင်းပြိုင်ပွဲတွင် ဟာသမင်္ဂလာ ရွှေဆိုင်းတော်အဖွဲ့ တီးခတ်မှုနှင့်အတူ လူရွှင်တော်များဖြစ်ကြသည့် ကော်ဖီ၊ ဖြိုးကြွယ်၊ ဝါဂွမ်းနှင့် ချစ်သူတို့ ပါဝင် ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ဒုတိယအကြိမ် ထပ်မံထုတ်လွှင့်ခြင်းကို ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၉ ရက် (ဗုဒ္ဓဟူးနေ့) မွန်းလွဲ ၁ နာရီခွဲ National News အင်္ဂလိပ် ဘာသာ သတင်းအစီအစဉ်အပြီးတွင် ပြသမည်ဖြစ်သည်။
အဆိုပါပြိုင်ပွဲကို ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၈ ရက်မှ ဖေဖော်ဝါရီ ၅ ရက်အထိ ပွဲစဉ် ၅ ပွဲကို အပတ်စဉ် စနေနေ့ညတိုင်းနှင့် ဖေဖော်ဝါရီ ၉ ရက်နှင့် ၁၀ ရက် ညတို့ အပြင် ဖေဖော်ဝါရီ ၁၂ ရက် (စနေနေ့) ညပိုင်းတွင် ထုတ်လွှင့်ပြသမည်ဖြစ် ကြောင်း သိရသည်။
သတင်းစဉ်