
နေပြည်တော် ဇန်နဝါရီ ၁၂
(၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် မြန်မာ့ အသံနှင့် ရုပ်မြင်သံကြားနှင့် မြန်မာနိုင်ငံ လူရွှင်တော်အသင်း (ဗဟို) တို့ ပူးပေါင်းပြီး “စိန်ရတု ပြည်ထောင်စုလူရွှင်တော်ဖလား” လူရွှင်တော်ပြိုင်ပွဲ၊ ပွဲစဉ် (၂) ကို ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁၅ ရက် (စနေနေ့) ည ၈ နာရီ သတင်းအပြီး တွင် မြန်မာ့အသံနှင့် ရုပ်မြင် သံကြား၏ MRTV-HD Channel မှ ထုတ်လွှင့်ပြသမည်ဖြစ်သည်။
ယင်းပြိုင်ပွဲတွင် ဟာသ မင်္ဂလာ ရွှေဆိုင်းတော်အဖွဲ့ တီးခတ်မှုနှင့်အတူ လူရွှင်တော် များဖြစ်ကြသည့် ရွှေကျား၊ ရွှေကောင်း၊ ဖြိုးကျော်နှင့် ပေါက်ကျော် တို့က ပါဝင်ယှဉ်ပြိုင် ကြမည် ဖြစ်သည်။
အဆိုပါပြိုင်ပွဲကို ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁၉ ရက် (ဗုဒ္ဓဟူးနေ့) မွန်းလွဲပိုင်း ၁ နာရီခွဲ၌ National News အင်္ဂလိပ်ဘာသာ သတင်း အစီအစဉ်အပြီးတွင် ဒုတိယ အကြိမ် ထမ်မံထုတ်လွှင့် ပြသ မည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်