
ဝါရှင်တန် ဇူလိုင် ၂၉
အမေရိကန် သမ္မတဟောင်း ဒေါ်နယ်ထရမ့်သည် ၎င်းအပေါ် စွဲချက်တင်ထားသည့် အမှုများ အတွက် ပြစ်ဒဏ်ချမှတ်ခံရလျှင် ပင် အိမ်ဖြူတော်သမ္မတ ရွေး ကောက် ပွဲကို အဆုံးသတ်သွားမည် မဟုတ်ဟု ဇူလိုင် ၂၈ ရက်က ပြော သည်။
၎င်းသည် ၂၀၂၄ ခုနှစ် ရီပတ် ဘလီကင် သမ္မတလောင်းအဖြစ် အမည်စာရင်း တင်သွင်းခံရရန် ဦးဆောင်နေသည်။ ၎င်းသည် ဇူလိုင် ၂၇ ရက်က ရာဇဝတ်မှုများ ဖြင့် နောက်ထပ်စွဲချက်တင်ခံထား ရသည်။ ထရမ့်သည် နိုင်ငံတော် အမျိုးသားလုံခြုံရေး အချက် အလက်များအပါအဝင် အမျိုး အစားခွဲခြားထားသော စာရွက် စာတမ်းများကို တရားမဝင် လက်ဝယ်ထားရှိမှုအတွက် ပြီးခဲ့ သည့် လအတွင်းက တရားစွဲဆို ခံထားရသည်။ အမှုနှင့် ပတ်သက် ၍ ထရမ့်ကိုစွဲချက်သုံးခု တင်ထား ကြောင်း ပြည်ထောင်စုရှေ့နေများ က ပြောသည်။
ထရမ့်နှင့် ၎င်း၏လက်ထောက် များသည် စုံစမ်းစစ်ဆေးမှုကို တားဆီးရန်အတွက် လုံခြုံရေး ကင်မရာ မှတ်တမ်းများကို ဖျက်ဆီးရန် ဝန်ထမ်းများကို တောင်းဆိုခဲ့သည်ဟု ရှေ့နေများက စွပ်စွဲထားသည်။ ကွန်ဆာဗေး တစ်ရေဒီယိုမှ ဂျွန်ဖီဒရစ်နှင့် ထရမ့်တို့ အင်တာဗျူးတွင် ထရမ့် က ၎င်းအနေဖြင့် မှားယွင်းသည့် လုပ်ရပ်မျိုး မလုပ်ကြောင်း ငြင်းဆိုခဲ့သည်။ ထရမ့်သည် အိမ်ဖြူတော်မှ ထွက်ခွာပြီးနောက် စုံစမ်းစစ်ဆေးမှုများနှင့် ရင်ဆိုင် နေရကြောင်း သိရသည်။
အင်န်အိတ်ချ်ကေ