စီရော်နယ်ဒို၏ သွင်းဂိုးနှစ်ဂိုးဖြင့် အတ္တလန္တာကွင်း၌ မန်ယူ သရေကျခဲ့

 

ယူအီးအက်ဖ်အေ   ချန်ပီယံလိဂ် အုပ်စု ပွဲစဉ်(၄)အဖြစ် အတ္တလန္တာ အသင်းနှင့် မန်ယူအသင်းတို့ပွဲစဉ် ကို နိုဝင်ဘာ ၃ ရက် နံနက်ပိုင်းက အတ္တလန္တာအိမ်ကွင်း၌   အကြိတ် အနယ် ယှဉ်ပြိုင်ကစားခဲ့ရာ(ယာပုံ) တစ်ဖက်နှစ်ဂိုးစီဖြင့်      ပွဲပြီးဆုံးခဲ့သည်။ 

 


အတ္တလန္တာအသင်းအတွက် သွင်းဂိုးများကို အီလီဆစ်နှင့် ဇာပါ တာတို့က   သွင်းယူပေးပြီး မန်ယူ အသင်းအတွက်   သွင်းဂိုးများကို စီရော်နယ်ဒိုက   တစ်ဦးတည်း    နှစ်ဂိုးသွင်းယူပေးနိုင်ခဲ့သည်။

 


 ပြိုင်ဆိုင်မှုပြင်းထန်


အတ္တလန္တာအသင်းနှင့် မန်ယူအသင်းတို့ အောက်တိုဘာ  ၂၁  ရက်က   တွေ့ဆုံခဲ့သည့် ပထမအကျော့  မန်ယူအိမ်ကွင်းတွင် မန်ယူ အသင်းက သုံးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရရှိထား သည်။ သို့သော်လည်း ယနေ့ပွဲစဉ်သည် ရမှတ် လိုအပ်ချက်အရ နှစ်သင်းစလုံး နိုင်ပွဲရရှိရေး ဦးတည်လာခဲ့ပြီး  အပြန်အလှန်ထိုးဖောက်မှုများ နှင့်အတူ ပြိုင်ဆိုင်မှုပြင်းထန်သည့် ပွဲကောင်း တစ်ပွဲဖြစ်ခဲ့သည်။ 

 


အတ္တလန္တာအသင်းသည်   အသင်းလိုက်  ကစားပုံကောင်းမွန်မှုရှိခဲ့သော်လည်း   မန်ယူ အသင်းအနေဖြင့်    အမှားများ    မကြာခဏ ကျူးလွန်ခဲ့သည်ကို   တွေ့ရသည်။  အထူးသဖြင့်   မန်ယူအသင်းခံစစ်မှ   အသင်းခေါင်းဆောင် မက်ဂွိုင်းယားနှင့်  ကွင်းလယ်မှ  ပေါ့ဂ်ဘာတို့ အပျက်များနေခဲ့ပြီး တိုက်စစ်ကို ကောင်းမွန်စွာ ပံ့ပိုးနိုင်ခြင်း မရှိခဲ့ပေ။ 

 


ယနေ့ပွဲစဉ်အတွက် အဖွင့်ဂိုးကိုအတ္တလန္တာ အသင်းက စတင်ရရှိခဲ့ပြီး ပွဲချိန် ၁၂ မိနစ်တွင် ဇာပါတာ က သွင်းယူပေးခဲ့သည်။ ထို့နောက် တွင် မန်ယူအသင်း ချေပဂိုးရရှိရေး ကြိုးစားလာ ခဲ့ရာ ပထမပိုင်းပွဲချိန် ပြီးခါနီးတွင် ဖာနန်ဒက်စ် ၏ ဖန်တီးမှုမှ စီရော်နယ်ဒိုက သွင်းယူပေးနိုင်ခဲ့ သည်။ ဒုတိယပိုင်းတွင်လည်း ဂိုး ရရှိနိုင်လောက် သည့် အခွင့်အရေးများကို အတ္တလန္တာအသင်း ကသာ ပြုလုပ်နိုင်ခဲ့ပြီး မန်ယူအသင်းခံစစ်နှင့် ဂိုးသမား ဒီဂီယာတို့ ဟန့်တားရှင်းထုတ်နိုင်ခဲ့သည့်အတွက်    မိနစ် ၅၅  ကျော်သည်အထိ သွင်းဂိုးများ   ထပ်မံ   မမြင်တွေ့ခဲ့ရခြင်းဖြစ် သည်။ ပွဲချိန် ၅၆ မိနစ်တွင် အတ္တလန္တာအသင်း ဒုတိယဂိုးရရှိခဲ့ပြီး ဇာပါတာက သွင်းယူပေးနိုင် ခဲ့သည်။

 


အမှတ်ပေးဇယားကို ဦးဆောင်နိုင် 


ပွဲချိန် ၆၉ မိနစ်တွင် မန်ယူအသင်းသည် ကစားအားကျလာသည့် ပေါ့ဂ်ဘာ၊ ရက်ဖို့ဒ် တို့ကို အနားပေးကာ  မာတစ်၊ ကာဗာနီတို့ကို ထည့်သွင်းအသုံးပြုခဲ့သည်။ ထို့နောက်တွင် မန်ယူအသင်း၏  ကစားအား  သိသိသာသာ တက်လာခဲ့ပြီး ပြိုင်ဘက်ကို ဖိအားပေးကစား နိုင်ခဲ့သည်။  မန်ယူအသင်းအတွက်  ဒုတိယ ချေပဂိုးကို    ဒုတိယပိုင်း    ပွဲချိန်ပြီးခါနီးတွင် ဂရင်းဝုဒ်၏    ဖန်တီးမှုမှ   စီရော်နယ်ဒိုကပင် သွင်းယူပေးနိုင်ခဲ့သည်။

 

ထို့ကြောင့် စီရော်နယ်ဒို သည် မန်ယူအသင်းအတွက် ပြိုင်ပွဲစုံ ၃၀၃ ပွဲ တွင် ၁၂၇ ဂိုးအထိ ရှိလာခဲ့ပြီး ဥရောပပြိုင်ပွဲ၌ ပွဲတစ်ပွဲအတွင်း နှစ်ဂိုးနှင့်အထက် သွင်းယူနိုင် သည့် အသက်အကြီးအဆုံး မန်ယူကစားသမား လည်း   ဖြစ်လာခဲ့သည်။   ထို့ပြင်  အသက် ၃၆ နှစ်ရှိ စီရော်နယ်ဒိုသည် ၂၀၀၃ ခုနှစ် ဧပြီလ ရုဒ်ဗန် နစ္စတယ်ရွိုင်း နောက်ပိုင်း ချန်ပီယံလိဂ် လေးပွဲဆက်   ဂိုးသွင်းယူနိုင်သူအဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။    မန်ယူအသင်းသည် ချန်ပီယံလိဂ်အုပ်စု (F) တွင် ဗီလာရီးရဲအသင်း နှင့်    ရမှတ် ၇ မှတ်တူ  ထိပ်တိုက်တွေ့ဆုံမှု အသာဖြင့်   အမှတ်ပေးဇယားကို  ဦးဆောင်နိုင် ခဲ့သည်။ 
အခြားသောပွဲစဉ်ရလဒ်များ


အခြားသောပွဲစဉ်ရလဒ်များတွင် ဝုဖ်ဘတ် က ဆောလ်ဘတ်ကို နှစ်ဂိုး-တစ်ဂိုး၊ ချယ်ဆီးက မယ်လ်မို တစ်ဂိုး-ဂိုးမရှိ၊ ဘိုင်ယန်မြူးနစ်က ဘင်ဖီကာကို ငါးဂိုး-နှစ်ဂိုး၊  ဘာစီလိုနာက ဒိုင်နမိုကိဗ်ကို   တစ်ဂိုး-ဂိုး မရှိ၊   ဗီလာရီးရဲက ယန်းဘွိုင်းကို    နှစ်ဂိုး-ဂိုးမရှိ၊    လိုင်လီက ဆီဗီလာကို   နှစ်ဂိုး-တစ်ဂိုး၊ ဂျူဗင်တပ်စ်က ဇင်းနစ်ကို    လေးဂိုး-နှစ်ဂိုးဖြင့်   အနိုင်ရရှိခဲ့ သည်။    

                                                                
အောင်ဇော်