
နေပြည်တော် ဖေဖော်ဝါရီ ၁၅
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၏ (၁၉) ကြိမ် မြောက် မြန်မာ့ရိုးရာထမနဲထိုး ပြိုင်ပွဲအခမ်းအနားကို ယနေ့ညနေ ပိုင်းတွင် အဆိုပါဝန်ကြီးရုံး၌ ကျင်းပ ရာ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ တက်ရောက်အားပေးသည်။
အခမ်းအနားတွင် ပြည် ထောင်စုဝန်ကြီးက ယခုကဲ့သို့ မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ မြန်မာတို့၏ ရိုးရာယဉ်ကျေးမှု အစဉ်အလာကို ထိန်းသိမ်းရန်၊ ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာန များမှ ဝန်ထမ်းများ စည်းလုံး ပျော်ရွှင်စွာ အတူတကွပူးပေါင်း ဆောင်ရွက်ခြင်း အလေ့အထများ ရရှိစေရန်နှင့် ဝန်ထမ်းများ၏ ကိုယ်ကာယ ကျန်းမာကြံ့ခိုင်မှု ရှိစေရန်အတွက် ကျင်းပပြုလုပ်ခြင်း ဖြစ်ကြောင်းနှင့် ဝန်ထမ်းများအနေ ဖြင့် မိမိတို့၏ လုပ်ငန်းတာဝန်များ ကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ စည်းလုံးညီညွတ် ပျော်ရွှင်စွာဖြင့် ကြိုးပမ်းဆောင်ရွက်သွားကြရန် ပြောကြားသည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီး၊ ဒုတိယဝန်ကြီး၊ ညွှန်ကြား ရေးမှူးချုပ်များနှင့် ဌာနဆိုင်ရာ အကြီးအကဲများက ဦးစီးဌာန အလိုက် ပြိုင်ပွဲဝင်အသင်းများ၏ တပျော်တပါး ထမနဲထိုးယှဉ်ပြိုင် နေမှုကို လိုက်လံကြည့်ရှုအားပေး ပြီး ဆုရရှိသည့်အသင်း များကို ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်း ရရှိ သည်။ သတင်းစဉ်