စီးပွားရေးမသေချာမှုများကြောင့် အမေဇုန်ကုမ္ပဏီမှ ဝန်ထမ်းအင်အား ၁၈၀၀၀ လျှော့ချသွားမည်

 

နယူးယောက်   ဇန်နဝါရီ   ၅
အမေရိကန်   နည်းပညာကုမ္ပဏီကြီးဖြစ်သည့် အမေဇုန်ကုမ္ပဏီသည်  ဝန်ထမ်းအင်အား  ၁၈၀၀၀ ကျော်ကို    လျှော့ချသွားရန်    စီစဉ်ထားကြောင်း ပြောသည်။  ယင်းပမာဏသည် ယခင် လျှော့ချရန် သတ်မှတ်ထားသည့်ပမာဏထက် ကျော်လွန်ကြောင်း သိရသည်။ အမေဇုန်ကုမ္ပဏီသည် ဝန်ထမ်းအင်အား ၁၀၀၀၀ ခန့်ကို လျှော့ချသွားမည်ဟု နိုဝင်ဘာလ အတွင်းက မီဒီယာတွင် ဖော်ပြကြသည်။ ဝန်ထမ်း အင်အား  လျှော့ချမည့်အစီအစဉ်ကို    ကုမ္ပဏီမှ ပြန်လည်သုံးသပ်ခဲ့ကြောင်း   အမေဇုန်မှ   စီအီးအို အန်ဒီဂျက်စီက ပြောသည်။ စီးပွားရေးတွင် မသေချာမှု များကြောင့်     ယခုနှစ်တွင်    ဝန်ထမ်းအင်အား သုံးသပ်ရာ၌ ခက်ခဲခဲ့ကြောင်း ၎င်းကပြောသည်။ ခက်ခဲသည့်ဆုံးဖြတ်ချက်ဖြစ်သော်လည်း ဝန်ထမ်း အင်အား ၁၈၀၀၀ လျှော့ချရန် စီစဉ်ထားကြောင်း ဂျက်စီက ပြောသည်။ ယင်းဆုံးဖြတ်ချက်ကြောင့် ကုမ္ပဏီကို     ပိုမိုကျစ်လျစ်သည့်   ကုန်ကျစရိတ် တည်ဆောက်ပုံနှင့်    ခိုင်မာသည့်   ရေရှည်အခွင့် အလမ်းကောင်းများကို  ရရှိမည်ဟု ၎င်းကဆက်ပြော သည်။ အမေရိကန်နည်းပညာလုပ်ငန်းလောကတွင် အလုပ်အကိုင်လျှော့ချမှုများ  ဆက်တိုက်ဆိုသလို ဖြစ်ပေါ်နေရာ အမေဇုန်၏ကြေညာမှုမှာ နောက်ဆုံး ထွက်ပေါ်လာသည့်       အလုပ်အကိုင်လျှော့ချမှု ကြေညာချက်လည်းဖြစ်သည်။ 
အင်န်အိတ်ချ်ကေ