စီးပွားရေးလုပ်ငန်းများအတွက် တီထွင်ထုတ်လုပ်နိုင်စွမ်းရှိသည့် အေအိုင်စနစ်ကို မက်တာ အခမဲ့ဖြန့်ဝေ

 

နယူးယောက်   ဇူလိုင်  ၁၉
ဖေ့ဘွတ်ခ်၏ မိခင်ကုမ္ပဏီဖြစ်သည့် မက်တာသည် ၎င်း၏  ဉာဏ်ရည်တုစနစ်ဗားရှင်းအသစ်ကို အခမဲ့ ဖြန့်ဝေပေးလျက်ရှိကြောင်း  သိရသည်။  အဆိုပါ လုပ်ဆောင်ချက်က  တီထွင်ထုတ်လုပ်နိုင်စွမ်းရှိသော အေအိုင်နယ်ပယ်တွင် ၎င်း၏ နည်းပညာပြိုင်ဘက်ကြီးများအတွက် ပြိုင်ဆိုင်မှု ပြင်းထန်လာစေမည်ဖြစ်သည်။ 
မက်တာသည်      နောက်ဆုံးထွက်ဗားရှင်း Llama 2 ကို  ဖြန့်ချိမှုစတင်လိုက်ကြောင်း  ဇူလိုင် ၁၈ ရက်တွင်  ထုတ်ပြန်ကြေညာခဲ့သည်။   အဆိုပါ ကုမ္ပဏီသည်   ၎င်းစနစ်၏   ယခင်အမျိုးအစားကို သုတေသနနှင့် ပညာရေးနယ်ပယ်များအတွက် ရည်ရွယ် ကာ     ယခုနှစ်အစောပိုင်းတွင်  စတင်ခဲ့သည်။ ယခုဗားရှင်းအသစ်သည် စီးပွားရေးလုပ်ငန်းနယ်ပယ် အပါအဝင်  ပိုမိုကျယ်ပြန့်စွာ  သုံးစွဲခွင့်ရရှိနိုင်မည် ဖြစ်ကြောင်း သိရသည်။ 
Llama 2 သည် open source ဖြစ်သည့်အတွက် သုံးစွဲသူများအနေဖြင့် ပြုပြင်ပြောင်းလဲနိုင်မှု၊ တိုးတက် ကောင်းမွန်အောင်   မွမ်းမံပြင်ဆင်မှုနှင့်  ဆန်းသစ် တီထွင်မှုများကို ပြုလုပ်နိုင်မည်ဖြစ်ကြောင်း မက်တာ က ပြောသည်။  ၎င်းကို မိုက်ခရိုဆော့ဖ်၏   အဇူရီ ကလောက်ဒ် ဝန်ဆောင်မှုနှင့် အခြားသော နည်းလမ်း များမှတစ်ဆင့်  ဖြန့်ဝေသွားမည်ဖြစ်သည်။ 
အမေရိကန်အခြေစိုက်    အိုးပင်းအေအိုင်၊ ChatGPT  တီထွင်ထုတ်လုပ်သူ၊  ဂူးဂဲလ်နှင့်  အမေဇုန် တို့ သည်  စနစ်သစ်များနှင့်  ဝန်ဆောင်မှုအသစ်များကို တီထွင်ကြံဆရန်  လုပ်ဆောင်လျက်ရှိကြောင်း သိရ သည်။                          
 အင်န်အိတ်ချ်ကေ