စီးပွားရေးအဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ်များ၏ ၂၀၂၃ - ခုနှစ်အတွက် နှစ်သစ်ကူးဆုတောင်း စကားသံများ

 

ဦးတင်မောင် (မြန်မာနိုင်ငံ အိမ်ခြံမြေ
လုပ်ငန်း   ဖွံ့ဖြိုးတိုးတက်ရေးအသင်း နာယက)
၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့ မှာ ကုန်ဆုံးတဲ့နှစ်နဲ့ ၂၀၂၃ ခုနှစ် ဇန်နဝါရီ လ ၁ ရက်နေ့မှာ ကျရောက်တဲ့ နှစ်သစ် တွင်    မြန်မာနိုင်ငံသူ   နိုင်ငံသားများ အားလုံး ကျန်းမာချမ်းသာ၍ စီးပွားရေး များ        တိုးတက်ကောင်းမွန်ပြီး ဘေးအန္တရာယ်များ      ကင်းရှင်းပါစေ ကြောင်း၊ မြန်မာနိုင်ငံ အိမ်ခြံမြေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအသင်း  နာယက တစ်ယောက်အနေနဲ့   ဆုမွန်ကောင်း တောင်းအပ်ပါသည်။
ဦးနေလင်း 
(မြန်မာနိုင်ငံ ဆန်ကုန်သည်များ
အသင်းချုပ်ဥက္ကဋ္ဌ)
နှစ်ဟောင်းကုန်ဆုံးပြီး နှစ်သစ်ကူး ပြောင်းတဲ့အခါမှာ   မင်္ဂလာကျက်သရေ အပေါင်း        ခညောင်းပြည့်စုံပါစေ။ ကျေးလက်မှာရှိတဲ့ တောင်သူလယ်သမား ဦးကြီးများနဲ့ လယ်ယာကဏ္ဍမှာ လုပ်ကိုင် နေကြသူတွေအားလုံး နှစ်သစ်မှာစိတ်၏ ချမ်းသာခြင်း   ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေ။   ဆန်စပါးကုန်သည် အသင်းမှာရှိတဲ့ အသင်းဝင်တွေ၊ အသင်း သူ အသင်းသားတွေ၊  ဆန်စက်ပိုင်တွေ၊ ဆန်အကျိုးတော်ဆောင်တွေ၊     ဆန် လက်လီ   လက်ကားပွဲရုံများအားလုံး မင်္ဂလာအပေါင်းနဲ့ပြည့်စုံပြီး ၂၀၂၃ ခုနှစ် မှာ အခက်အခဲဟူသမျှမရှိကြဘဲ အားလုံး အောင်မြင်တိုးတက်   ကြီးပွားကြပါစေ ကြောင်း ဆုတောင်းပတ္ထနာ ခြွေလိုက်ပါ တယ်။ ကျွန်တော်တို့အသင်းက တစ်ဦး တစ်ယောက်ရဲ့ အကျိုးစီးပွားကို ဆောင် ရွက်နေခြင်းမဟုတ်ဘဲ   နိုင်ငံတော်၏ အကျိုး၊   ပုဂ္ဂလိကအကျိုး၊  မြန်မာနိုင်ငံ ဆန်ကုန်သည်များ အသင်းသူ အသင်း များရဲ့  အကျိုးကို     ဆောင်ရွက်နေခြင်း သာဖြစ်ပြီး    ပြည်တွင်း   ပြည်ပနဲ့ ဆက်နွှယ်လုပ်ကိုင်နေကြတဲ့  လုပ်ငန်း ဆောင်တာများလည်း     တိုးတက်ပါစေ ကြောင်း ဆုတောင်းလိုက်ပါတယ်။      
ဦးဆန်းလင်း ( မြန်မာနိုင်ငံဆီကုန်သည် နှင့် ဆီလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ)
နှစ်သစ်မှာ မြန်မာနိုင်ငံသူ နိုင်ငံသား များနဲ့ ကမ္ဘာသူ ကမ္ဘာသားများအားလုံး စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာ ခြင်းနဲ့ ပြည့်စုံကြပါစေ။ မင်္ဂလာနှစ်သစ် အချိန်အခါကစပြီး    ရှေ့ဖြစ်ပေါ်လာ မယ့် လုပ်ငန်းဆောင်တာများမှာလည်း ကျွန်တော်တို့ ပြည်သူ  ပြည်သားများ အားလုံး    တစ်တပ်တစ်အားနဲ့   ပါဝင် ဆောင်ရွက်နိုင်ကြပါစေ။ ကျွန်တော်တို့ မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်း ရှင်များအသင်းကလည်း     လာမယ့် နှစ်သစ် အခါသမယကစပြီး စားသုံးသူ များရဲ့ အကျိုး၊ ပြည်သူရဲ့အကျိုးနဲ့ နိုင်ငံ့ အကျိုးကို သင့်တင့်မျှတတဲ့ လုပ်ငန်းစဉ် များကို ဖော်ဆောင်ပြီး  အားလုံးပူးပေါင်း ဆောင်ရွက်သွားပါ့မယ်လို့ အသင်းအနေ နဲ့ ပြောကြားလိုပါတယ်။
ဒေါက်တာတိုးနန္ဒာတင် 
(မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် 
အကြီးတန်း ဒုတိယဥက္ကဋ္ဌ )
၂၀၂၃  ခုနှစ်မှာ   မြန်မာနိုင်ငံ ငါး လုပ်ငန်းအဖွဲ့ချုပ်အနေနဲ့ ရေလုပ်ငန်း ကဏ္ဍမှာ       ဖွံ့ဖြိုးတိုးတက်မယ်လို့ ယုံကြည်ပါတယ်။ ပန်းတနော် ငါးမွေးဇုန် ဆိုရင် ၂၀၂၃ ခုနှစ်မှာ လုပ်ငန်းစတင်ပြီး Operate လုပ်မယ်လို့ မျှော်လင့်ထားတာ ကြောင့် မျှော်လင့်တဲ့အတိုင်း ဖြစ်လာ မယ်လို့ ယုံကြည်ပါတယ်။  
ဒါကြောင့် ၂၀၂၃ ခုနှစ်သည် မြန်မာ နိုင်ငံရဲ့     ရေလုပ်ငန်းကဏ္ဍအတွက် အင်မတန်မှ  ထူးခြားမယ့် နှစ်တစ်နှစ် ဖြစ်တာကို တွေ့မြင်ရမှာပါ။ နှစ်သစ်မှာ နိုင်ငံရဲ့   စီးပွားရေးဖွံ့ဖြိုးမှုဟာ အရှိန် အဟုန်နဲ့ တိုးတက်လာမှာဖြစ်တဲ့အတွက် ပြည်သူအများ   အလုပ်အကိုင်အခွင့် အလမ်းများစွာရရှိပြီး      မွေးမြူရေး တောင်သူတွေလည်း       စီးပွားရေး ကောင်းမွန်မှုကြောင့်  အဆင်ပြေတဲ့နှစ် တစ်နှစ်အဖြစ် တွေ့မြင်ရမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံ   စီးပွားရေးဖွံ့ဖြိုးမှုနဲ့အတူ ပြည်သူအပေါင်း  စိတ်ချမ်းသာ  ကိုယ် ကျန်းမာပါစေလို့    နှစ်သစ်ဆုတောင်း မေတ္တာပို့သပါတယ်။