စီးပွားဖြစ် CERES-1 Y4 ဒုံးပျံဖြင့် ဂြိုဟ်တု ငါးစင်းကို အာကာသထဲသို့ တရုတ်လွှတ်တင်

 

ကျိုချွမ်    နိုဝင်ဘာ     ၁၆


တရုတ်နိုင်ငံသည် စီးပွားဖြစ် CERES-1 Y4 ဒုံးပျံဖြင့် ဂြိုဟ်တု ငါးစင်း ကို အာကာသထဲသို့    နိုဝင်ဘာ ၁၆ ရက်က  လွှတ်တင်လိုက်ကြောင်း ဆင်ဟွာသတင်းတစ်ရပ်၏ ဖော်ပြချက်အရ သိရသည်။ 

 


စီစဉ်သတ်မှတ်ထားသော ပတ်လမ်းထဲသို့ 1 Gaofen 03D ဂြိုဟ်တု ငါးစင်းကို    တရုတ်နိုင်ငံအနောက်မြောက်ပိုင်း     ကျိုချွမ်ဂြိုဟ်တု လွှတ်တင်ရေးစင်တာမှ ပေကျင်းစံတော်ချိန် မွန်းလွဲ ၂ နာရီ မိနစ် ၂၀ တွင် လွှတ်တင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ ဂြိုဟ်တုများကို စီးပွားရေးအဝေးထိန်းအာရုံခံစနစ်များ ထောက်ပံ့ရာတွင် အသုံးပြုသွား မည်ဟု ဆိုသည်။ 

 


ပေကျင်းအခြေစိုက် ဒုံးပျံထုတ်လုပ်သည့် Galactic Energyကုမ္ပဏီ မှ ထုတ်လုပ်ထားသည့် CERES-1 သည် ဂြိုဟ်တုငယ်များကို အနိမ့်ပိုင်း ကမ္ဘာ့ပတ်လမ်းကြောင်းသို့  ပို့ဆောင်ပေးနိုင်စွမ်းရှိကြောင်းနှင့် ယခု အကြိမ်  ဒုံးပျံလွှတ်တင်မှုသည် သယ်ဆောင်ရေးဒုံးပျံ CERES-1 ၏ လေးကြိမ်မြောက်ဖြစ်ကြောင်း သိရသည်။                            

ဆင်ဟွာ