စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ၂၀၂၃ -၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးရ ကျောင်းသား ကျောင်းသူများနှင့် ထူးချွန်ဆုရရှိကြသူ ဝန်ထမ်းများအား ဆုချီးမြှင့်ခြင်းနှင့် ၂၀၂၄ -၂၀၂၅ ပညာသင်နှစ် ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲ အခမ်းအနားကျင်းပ

 

နေပြည်တော်   ဇူလိုင်   ၂၇


စီမံကိန်းနှင့်  ဘဏ္ဍာရေးဝန်ကြီး ဌာန  ၂၀၂၃-၂၀၂၄  ပညာသင်နှစ် တက္ကသိုလ်ဝင်    စာမေးပွဲတွင် ဂုဏ်ထူးရကျောင်းသား ကျောင်း သူများနှင့် အလွတ်တန်းဆောင်းပါး ပြိုင်ပွဲဆု၊    သင်တန်းထူးချွန်ဆု၊ အားကစားထူးချွန်ဆု ရရှိကြသည့် ဝန်ထမ်းများအား   ဆုချီးမြှင့်ခြင်း နှင့်  ၂၀၂၄-၂၀၂၅   ပညာသင်နှစ် ပညာသင်ထောက်ပံ့ကြေးပေးအပ် ပွဲအခမ်းအနားကို  ယနေ့  နံနက် ၉   နာရီခွဲတွင်   နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၌    ကျင်းပ သည်။


အခမ်းအနားသို့     ဒုတိယ ဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာ ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းရှိန်၊ ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းနှင့်        ဌာန ဆိုင်ရာ အကြီးအကဲများ၊ ထူးချွန် ဆုရရှိကြသူများ၊   ကျောင်းသားကျောင်းသူများနှင့်      မိဘများ တက်ရောက်ကြသည်။


အခမ်းအနားတွင်    ဒုတိယ ဝန်ကြီးချုပ်နှင့်     ပြည်ထောင်စု ဝန်ကြီး ဦးဝင်းရှိန်က နိုင်ငံတော် အစိုးရအနေဖြင့် အမျိုးသားပညာ ရည်မြင့်မားရေးနှင့်   လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် အလေးထားဆောင်ရွက် လျက်ရှိကြောင်း၊ ယနေ့ လူငယ် များသည်    နောင်တစ်ချိန်တွင် နိုင်ငံ့တာဝန်များကို ပခုံးပြောင်း တာဝန်ယူပြီး   နိုင်ငံတော်   ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက် သွားကြရမည့်သူများဖြစ်ကြောင်း၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံ တည်ဆောက်ရာတွင်    ရုပ်ပိုင်း ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ လူငယ်များအနေဖြင့် အသိပညာ ဗဟုသုတမြင့်မားပြီး   စိတ်ပိုင်း ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရန်လည်း အရေးကြီးကြောင်း၊   နည်းပညာ သစ်များဖြင့် စိန်ခေါ်မှု၊ ပြိုင်ဆိုင်မှု များပြားသည့် ယနေ့ ကမ္ဘာကြီး တွင် လူငယ်များအနေဖြင့် အချိန် ကို အကျိုးရှိစွာအသုံးချ၍ အစဉ် ကြိုးစားလေ့လာသင်ယူသွားကြ ရန်      တိုက်တွန်းပါကြောင်း ပြောကြားသည်။


ထို့နောက် ဒုတိယဝန်ကြီးချုပ် နှင့် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယ ဝန်ကြီးနှင့်  ဌာနဆိုင်ရာ  အကြီး အကဲများက ၂၀၂၃-၂၀၂၄ ပညာ သင်နှစ်တွင် တက္ကသိုလ်ဝင်စာမေး ပွဲ၌ ထူးချွန်စွာအောင်မြင်ခဲ့သည့် ခြောက်ဘာသာ       ဂုဏ်ထူးရှင် ခြောက်ဦး၊ ငါးဘာသာဂုဏ်ထူးရှင် ရှစ်ဦး၊  လေးဘာသာဂုဏ်ထူးရှင် ၁၈ ဦး၊  သုံးဘာသာဂုဏ်ထူးရှင် ၁၃ ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် ၁၃ ဦး၊ တစ်ဘာသာဂုဏ်ထူးရှင် ၂၈ ဦး၊ အလွတ်တန်းဆောင်းပါးပြိုင်ပွဲ ဆုရရှိသူ တစ်ဦး၊ နိုင်ငံ့ဝန်ထမ်း တက္ကသိုလ်    သင်တန်းများတွင် ထူးချွန်ဆုရရှိသူ ၃၁ ဦး၊ ဝန်ကြီး ဌာနအဆင့်   သင်တန်းများတွင် ထူးချွန်ဆုရရှိသူ ၂၃ ဦး၊ ၂၀၂၄ ခုနှစ် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်     ဝန်ကြီးဌာန ပေါင်းစုံ     ဘောလုံးပြိုင်ပွဲနှင့် ဖူဆယ်ပြိုင်ပွဲတွင် ဒုတိယဆုရရှိ သည့်   ဝန်ကြီးဌာန   ကိုယ်စားပြု အားကစားသမားများကို ဂုဏ်ပြု ဆုများနှင့် ၂၀၂၄-၂၀၂၅ ပညာသင် နှစ်    အခြေခံပညာကျောင်းများ ၌    ပညာသင်ကြားနေကြသော ဝန်ထမ်းသားသမီးများကို ပညာ သင်ထောက်ပံ့ကြေးများ   ချီးမြှင့် ပေးအပ်သည်။


အခမ်းအနားအပြီးတွင် ဒုတိယ ဝန်ကြီးချုပ်နှင့်    ပြည်ထောင်စု ဝန်ကြီး၊   ဒုတိယဝန်ကြီး၊   ဌာန ဆိုင်ရာ   အကြီးအကဲများသည် ထူးချွန်ဆု    ရရှိသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်  ဓာတ်ပုံ ရိုက်ကြပြီး ရင်သွေးငယ်များအား ထူးချွန်အောင် ပြုစုပျိုးထောင်ပေး ခဲ့ကြသည့် ဝန်ထမ်းမိဘများနှင့် ထူးချွန်ကျောင်းသား ကျောင်းသူ များကို ရင်းရင်းနှီးနှီး  နှုတ်ဆက် အားပေးကာ ဂုဏ်ပြုနေ့လယ်စာ ဖြင့်     တည်ခင်းဧည့်ခံခဲ့ကြောင်း သတင်းရရှိသည်။      

သတင်းစဉ်