
နေပြည်တော် ဧပြီ ၁၂
ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း နှင့် ဒေါ်သန်းသန်းလင်းတို့ သည် ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၌ ကျင်းပ သည့် ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန် အကြိုပွဲသို့ တက်ရောက်၍ ဝန်ထမ်းများ ၏ သင်္ကြန်ယိမ်းအကများဖြင့် ဖျော်ဖြေမှုကို ကြည့်ရှုအားပေး ကာ ဝန်ထမ်းများအတွက် နှစ်သစ်ကူး ကံစမ်းမဲများ ဖောက်ပေးပြီး မြန်မာ့ရိုးရာ မဟာသင်္ကြန် အကြိုပွဲကို အတာရေစင်များ ပက်ဖျန်း၍ ပျော်ရွှင်စွာ ဆင်နွှဲကြ သည်။
ယခုနှစ်ကျင်းပသည့် ဝန်ကြီး ဌာန မဟာသင်္ကြန်အကြိုပွဲတွင် ပြည်ထောင်စု ဝန်ကြီးရုံးနှင့် ဝန်ကြီးဌာနအောက်ရှိ ဌာန ကိုယ်စားပြု ယိမ်းအဖွဲ့တို့က မြန်မာ့ရိုးရာ သင်္ကြန်အကများဖြင့် ဖျော်ဖြေကြပြီး ဝန်ထမ်းများက နှစ်သစ်ကူး ကံစမ်းမဲများကို ပျော်ရွှင်စွာ ကံစမ်းကြသည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီးရုံးနှင့် ဝန်ကြီးဌာနအောက် ရှိ ဌာနများက မဏ္ဍပ်များအလိုက် သင်္ကြန်စတုဒိသာ ကျွေးမွေးဧည့်ခံ ကြရာ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး၊ ဖိတ်ကြား ထားသော ဧည့်သည်တော်များ၊ ဒုတိယဝန်ကြီးများနှင့် ဌာန ဆိုင်ရာ အကြီးအကဲများက ဝန်ထမ်းများနှင့်အတူ ကြည့်ရှု အားပေးခဲ့ကြပြီး နှစ်သစ်ကူး ကံစမ်းမဲများ ဖောက်၍ ဆုမဲများ ကို ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယ ဝန်ကြီးများနှင့် ဌာနအကြီးအကဲ များက ချီးမြှင့်ကြသည်။
မြန်မာ့ရိုးရာ မဟာသင်္ကြန် အကြိုပွဲကို စီမံကိန်းနှင့် ဘဏ္ဍာ ရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစု များအနေဖြင့် မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးစံများအား ချစ်ခင် မြတ်နိုး ထိန်းသိမ်းနိုင်ကြစေရန်၊ ရာသီပွဲတော်အဖြစ် ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲ နိုင်ကြစေရန်နှင့် မြန်မာ့နှစ်သစ်ကို ကြိုဆိုကြပြီး အားမာန်အပြည့်၊ စည်းလုံး ညီညွတ်စွာဖြင့် နိုင်ငံ့တာဝန်များ ကို ကြိုးပမ်းထမ်းဆောင်ကြစေ ရန် ရည်ရွယ်လျက် ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်