စီမံကိန်းကြီးပြီးရင် ကျွန်တော်တို့နိုင်ငံက ကုန်စည်တွေရော၊ ကျွန်တော်တို့နိုင်ငံကို ဖြတ်သန်းသွားမယ့် ကုန်စည်တွေရော အာဖရိက နိုင်ငံတွေ၊ တောင်အာရှနိုင်ငံတွေနဲ့ ဥရောပနိုင်ငံတွေကို တိုက်ရိုက်တင်ပို့နိုင်မှာဖြစ်

 

ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်း တိုးတက်ဆောင်ရွက်ရာတွင် "PPP"("People ၊ Prosperity ၊ Planet") ဖြစ်သော
ပြည်သူလူထုအကျိုးစီးပွားမြှင့်တင်မှု၊ ချမ်းသာကြွယ်ဝမှုနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းခြင်း စသည့်အခြေခံမူကြီး 
၃ ချက်အပေါ်တွင်မူတည်ပြီး အလေးထားအကောင်အထည်ဖော် ဆောင်ရွက်သွားမည်

 

နေပြည်တော်   ဒီဇင်ဘာ  ၂၇


ကျောက်ဖြူ    အထူးစီးပွားရေးဇုန်တွင်  ရေနက်ဆိပ်ကမ်းစီမံကိန်း    အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက်  လုပ်ငန်းလုပ်ကိုင်ခွင့်သဘောတူစာချုပ် (Concession Agreement) ကို ဖြည့်စွက် သည့် နောက်ဆက်တွဲစာချုပ် (Adden-dum) လက်မှတ်ရေးထိုးခြင်း အခမ်းအနား ကို ဒီဇင်ဘာ ၂၆ ရက် ညနေပိုင်းက နေပြည် တော်ရှိ Horizon Lake View Hotel ၌ ကျင်းပခဲ့သည်။ လက်မှတ်ရေးထိုးခြင်း အခမ်းအနားအပြီးတွင်    မြန်မာအထူး စီးပွားရေးဇုန်ဆိုင်ရာ   ဗဟိုလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ      ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန (၁)   ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက သတင်းမီဒီယာများ နှင့် တွေ့ဆုံသည်။


တွေ့ဆုံစဉ်    ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက  ကျောက်ဖြူအထူး စီးပွားရေးဇုန်တွင်      ရေနက်ဆိပ်ကမ်း စီမံကိန်း အကောင်အထည်ဖော် ဆောင် ရွက်နိုင်ရေးအတွက် လုပ်ငန်းလုပ်ကိုင် ခွင့်   သဘောတူစာချုပ်   (Concession Agreement)    ကို      ဖြည့်စွက်သည့် နောက်ဆက်တွဲစာချုပ် (Addendum) လက်မှတ်ရေးထိုးခြင်းနှင့်   ကျောက်ဖြူ အထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်း စီမံကိန်း ဆက်လက်အကောင်အထည် ဖော်မည့် လုပ်ငန်စဉ်များနှင့် စပ်လျဉ်း ၍      ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်း     အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ကျောက်ဖြူအထူးစီးပွားရေးဇုန်      စီမံ ခန့်ခွဲမှုကော်မတီနှင့်    မြန်မာ - တရုတ် ပူးပေါင်း၍     ဖက်စပ်ဖွဲ့စည်းထားသော ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက် ဆိပ်ကမ်း  ကုမ္ပဏီလီမိတက် (စီမံကိန်း ကုမ္ပဏီ) တို့အကြား လုပ်ငန်းလုပ်ကိုင်ခွင့် သဘောတူစာချုပ် (Concession Agree-ment) ကို ၂၀၂၀ ပြည့်နှစ်  နိုဝင်ဘာလ တွင် ချုပ်ဆိုခဲ့ပါကြောင်း။ 


မြန်မာနိုင်ငံဘက်မှ စတင်အဆိုပြု
 ဆောင်ရွက်ခဲ့ခြင်းဖြစ်


ကျောက်ဖြူ    အထူးစီးပွားရေးဇုန်  ရေနက်ဆိပ်ကမ်းစီမံကိန်းကို ဆောလျင် စွာ အကောင်အထည်ဖော် ဆောင်ရွက် နိုင်ရန်  စာချုပ်ပါအချက်အလက် အချို့ အား   မြန်မာ - တရုတ်  နှစ်ဖက်လုံး၏ လုပ်ပိုင်ခွင့်အာဏာနှင့် တာဝန်ဝတ္တရား များကိုပို၍ ရှင်းလင်းအောင်သတ်မှတ်  နိုင်ရန်    လိုအပ်သဖြင့်    လည်းကောင်း၊ ယခင်လုပ်ငန်းလုပ်ကိုင်ခွင့် သဘောတူ စာချုပ်   (Concession   Agreement) အပေါ်  ပိုမိုရှင်းလင်းတိကျစွာ နားလည် သဘောပေါက်ရန် လိုအပ်သဖြင့် လည်း  ကောင်း နှစ်ဖက်ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြပါကြောင်း၊ ယင်းစာချုပ်ကို ဖြည့်စွက်ချုပ်ဆိုသည့်  ကိစ္စကို  မြန်မာ နိုင်ငံဘက်မှ စတင်အဆိုပြု၍ ဆောင်ရွက် ခဲ့ခြင်း ဖြစ်ပါကြောင်း။


 ညှိနှိုင်းဆွေးနွေးချက်များ      အရ ကျောက်ဖြူအထူးစီးပွားရေးဇုန်     စီမံ ခန့်ခွဲမှုကော်မတီဥက္ကဋ္ဌနှင့်  ကျောက်ဖြူ အထူးစီးပွားရေးဇုန်    ရေနက်ဆိပ်ကမ်း ကုမ္ပဏီလီမိတက်၏ တရားဝင်ကိုယ်စား လှယ်တို့အကြား နောက်ဆက်တွဲစာချုပ် (Addendum) အား သဘောတူလက်မှတ်  ရေးထိုးခဲ့ပြီး ကျောက်ဖြူအထူးစီးပွားရေး ဇုန်စီမံကိန်းကို ဆောလျင်စွာ စတင်နိုင် ရန်    ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊  ဤစီမံကိန်းသည်    ကျောက်ဖြူဒေသ အပါအဝင် ရခိုင်ပြည်နယ်ရှိ ပြည်သူများ ၏   လူနေမှုအဆင့်အတန်းကို   မြှင့်တင် ရန်နှင့်     အလုပ်အကိုင်   အခွင့်အလမ်း များကို ဖန်တီးပေးနိုင်ရုံသာမက မြန်မာ နိုင်ငံ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက် မှုနှင့် မြန်မာ - တရုတ် နှစ်နိုင်ငံအကြား  စီးပွားရေးနှင့်  ကုန်သွယ်မှု     ပူးပေါင်း ဆောင်ရွက်မှုများကို     မြှင့်တင်ပေးနိုင် မည်ဖြစ်ကြောင်း။


မြန်မာနိုင်ငံ၏ ပထမဆုံးသော    
နိုင်ငံတကာအဆင့်မီ ရေနက်ဆိပ်ကမ်း


ကျောက်ဖြူ     အထူးစီးပွားရေးဇုန်  ရေနက်ဆိပ်ကမ်းစီမံကိန်းသည် မြန်မာ-တရုတ်   ပူးပေါင်းဆောင်ရွက်ပြီး   ရင်းနှီး မြှုပ်နှံမှုကြီးမားသည့် အကြီးစားအခြေခံ အဆောက်အအုံ      တိုးတက်ရေး   စီမံ ကိန်းတစ်ခုဖြစ်ပါကြောင်း၊      အဆိုပါ စီမံကိန်းတွင် မြန်မာဘက်မှ အစုရှယ်ယာ ၃၀   ရာခိုင်နှုန်းနှင့်  တရုတ်ဘက်မှ  အစု ရှယ်ယာ ၇၀ ရာခိုင်နှုန်း ပါဝင်ပါကြောင်း၊ ကျောက်ဖြူ ရေနက်ဆိပ်ကမ်းစီမံကိန်းကို  အဆင့်လေးဆင့်ဖြင့် အကောင်အထည် ဖော်       ဆောင်ရွက်သွားမည်ဖြစ်ပြီး စုစုပေါင်း   ဆိပ်ခံတံတားပေါင်း   ၁၀  ခု ပါဝင်ပါကြောင်း၊ အဆိုပါစီမံကိန်း ပြီးစီး ပါက တစ်နှစ်လျှင် ကုန်တင်ကုန်ချပမာဏ  TEU   ကွန်တိန်နာပေါင်း   ၇,၀၀၀,၀၀၀ လက်ခံနိုင်ရန်    လျာထားပြီး    စီမံကိန်း ပြီးစီးအောင်မြင်ပါက      မြန်မာနိုင်ငံ၏ ပထမဆုံးသော    နိုင်ငံတကာ    အဆင့်မီ ရေနက်ဆိပ်ကမ်းအဖြစ် ရပ်တည်နိုင်မည် ဖြစ်ပါကြောင်း။
ယင်းစီမံကိန်းသည် အာရှ၊ အာဖရိက နှင့် ဥရောပတိုက်ကြီးများနှင့် ဆက်သွယ် မည့်   ကုန်သွယ်မှု   အချက်အချာနေရာ တစ်ခုဖြစ်လာနိုင်ပြီး    ကမ္ဘာသို့    တံခါး ပေါက်ကြီး    (Gateway)     အသွင်ဖြင့် မြန်မာနိုင်ငံနှင့်ဒေသတွင်း၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ပေးနိုင် မည်ဖြစ်ပါကြောင်း၊     မြန်မာ - တရုတ် နှစ်ဖက်လုံးသည်       စီမံကိန်းဆိုင်ရာ ကနဦးလုပ်ငန်းများကို တက်တက်ကြွကြွ လုပ်ဆောင်ရန်    နီးကပ်စွာ    ပူးပေါင်း ဆောင်ရွက်လျက်ရှိပါကြောင်း။


၂၀၂၂   ခုနှစ်မှ  စတင်ကာ  ရေနက် ဆိပ်ကမ်း စီမံကိန်းအတွက် ကနဦးပထဝီ  မြေမျက်နှာသွင်ပြင်ဆိုင်ရာ    တိုင်းတာ စစ်ဆေးမှုလုပ်ငန်း (PGTS) နှင့် သဘာဝ ပတ်ဝန်းကျင်နှင့်လူမှုရေးဆိုင်ရာ အကျိုး သက်ရောက်မှုဆန်းစစ်ခြင်း    လုပ်ငန်း (ESIA)  တို့ကို  လုပ်ဆောင်ခဲ့ရုံသာမက  ကမ္ဘာပေါ်၌    နာမည်ကျော်ကြားသော ကနေဒါနိုင်ငံ     အခြေစိုက်       စီမံကိန်း စီမံခန့်ခွဲမှုကုမ္ပဏီ HATCH ကို စီမံကိန်း အတိုင်ပင်ခံအဖြစ်     ခန့်အပ်ထားပြီး ၎င်း၏ အကူအညီဖြင့် ကန်ထရိုက်တာ များ ရွေးချယ်ခြင်းနှင့် စီမံကိန်းဧရိယာ ဆိုင်ရာ   စီမံခန့်ခွဲရေး  လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း။


ယခုတွင် ကနဦး ပထဝီမြေမျက်နှာ သွင်ပြင်ဆိုင်ရာ     တိုင်းတာစစ်ဆေးမှု လုပ်ငန်း   (PGTS)  ကို   ပြီးစီးပြီဖြစ်ရာ သက်ဆိုင်သည့် ပထဝီမြေမျက်နှာသွင်ပြင် ဆိုင်ရာ နည်းပညာ အစီရင်ခံစာများသည် စီမံကိန်းနောက်ဆက်တွဲ   ဒီဇိုင်းရေးဆွဲ ခြင်းနှင့်     တည်ဆောက်ခြင်းအတွက် ခိုင်မာသော အခြေခံအုတ်မြစ်ကို ချပေး နိုင်မည်ဖြစ်ပါကြောင်း၊ သဘာဝပတ်ဝန်း ကျင်နှင့်     လူမှုရေးဆိုင်ရာ     အကျိုး သက်ရောက်မှု    ဆန်းစစ်ခြင်းလုပ်ငန်း (ESIA) သည်  စီမံကိန်း၏  အနာဂတ် တည်ဆောက်မှုနှင့် လည်ပတ်မှုလုပ်ငန်း စဉ်တို့ကြောင့်  ဖြစ်လာနိုင်သော သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ အကျိုးသက်ရောက် မှုများကို  ခွဲခြမ်းစိတ်ဖြာပြီး  အကဲဖြတ် ရန်နှင့်  ဆိုးကျိုးသက်ရောက်မှုများကို တားဆီးရန် သို့မဟုတ် လျော့ပါးသက်သာ စေရန်  အစီအမံများ ချမှတ်ရေးအတွက် ရည်ရွယ်ပါကြောင်း။


စီမံကိန်းကုမ္ပဏီသည် မြန်မာနိုင်ငံ၏  တည်ဆဲဥပဒေများအား      တင်းတင်း ကျပ်ကျပ်   လိုက်နာပြီး      နိုင်ငံတကာ အိတ်ဖွင့်တင်ဒါခေါ်ယူခြင်းဖြင့် ပြည်တွင်း အတွေ့အကြုံနှင့် နိုင်ငံတကာအမြင်များ ပြည့်ဝသော    သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ အကျိုးသက်ရောက်မှု ဆန်းစစ်ခြင်းလုပ်ငန်း  (ESIA)   အတိုင် ပင်ခံကုမ္ပဏီကို ခန့်အပ်ထားခြင်း ဖြစ်ပါ ကြောင်း၊ ၂၀၂၂ ခုနှစ် ဧပြီလမှစတင်၍ သဘာဝပတ်ဝန်းကျင်နှင့်      လူမှုရေး ဆိုင်ရာ အကျိုးသက်ရောက်မှုဆန်းစစ် ခြင်းလုပ်ငန်း    (ESIA)    အတိုင်ပင်ခံ ကုမ္ပဏီသည် ရေနက်ဆိပ်ကမ်းစီမံကိန်း ဝန်းကျင်ရှိ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ  အခြေခံအခြေအနေများကို သိရှိနားလည် နိုင်စေရန်       လေ့လာဆန်းစစ်ခြင်းနှင့်  အများပြည်သူပူးပေါင်းပါဝင်ခြင်းဆိုင်ရာလုပ်ငန်းစဉ်   (public    participation activities) များကို ဆက်တိုက်လုပ်ဆောင် ခဲ့ပါကြောင်း။


 အတည်ပြုချက်ရရှိထားပြီးဖြစ်


သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ   ကိစ္စရပ်များနှင့်    ပတ်သက်၍ ဒေသခံများ၏            စိုးရိမ်ပူပန်မှုများကို မှတ်တမ်းတင်ရယူခဲ့ကြပါကြောင်း၊  ယခု တွင် သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေး ဆိုင်ရာ  အကျိုးသက်ရောက်မှု ဆန်းစစ် ခြင်းလုပ်ငန်း  (ESIA)  သည်လည်း  စီမံ ကိန်း၏     နယ်ပယ်    အတိုင်းအတာ သတ်မှတ်ခြင်းအဆင့် လုပ်ငန်းများအား ပြီးစီးပြီဖြစ်၍ နယ်ပယ်အတိုင်းအတာ သတ်မှတ်ခြင်းအစီရင်ခံစာ (Scoping Report) သည်  မြန်မာနိုင်ငံ    သယံဇာတနှင့်     သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ၏    အတည်ပြုချက်အား    ရရှိထားပြီး ဖြစ်ပါကြောင်း။ 
ESIA  ၏  နောက်ဆက်တွဲလုပ်ငန်း များကို မြန်မာနိုင်ငံ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဥပဒေများနှင့် နိုင်ငံတကာ အကောင်းဆုံး လုပ်ထုံးလုပ်နည်းများကို တိကျစွာ လိုက်နာဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊     ကျောက်ဖြူရေနက် ဆိပ်ကမ်းကို     စိမ်းလန်း၍     ခေတ်မီ သော   ဆိပ်ကမ်းတစ်ခု   ဖြစ်လာစေရေး အတွက်ရည်ရွယ်၍ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။ 


ကျောက်ဖြူ     ရေနက်ဆိပ်ကမ်း စီမံကိန်း  တိုးတက်ဆောင်ရွက်ရာတွင် "PPP"("People ၊ Prosperity ၊ Planet ") ဖြစ်သော  ပြည်သူလူထု  အကျိုးစီးပွား မြှင့်တင်မှု၊ ချမ်းသာကြွယ်ဝမှုနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းခြင်း    စသည့် အခြေခံမူကြီး ၃ ချက်အပေါ်တွင် မူတည် ပြီး  အလေးထား အကောင်အထည်ဖော် ဆောင်ရွက်သွားမည်     ဖြစ်ပါကြောင်း၊ စီမံကိန်းဆိုင်ရာ          လုပ်ငန်းများကို တက်တက်ကြွကြွ ဆောင်ရွက်နေချိန်တွင် မြန်မာ - တရုတ်   နှစ်ဖက်စလုံးသည် ကျောက်ဖြူဒေသခံများ၏ လူနေမှုဘဝ များ တိုးတက်မြှင့်တင်ပေးနိုင်ရန် အထူး အလေးထား    ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ကျောက်ဖြူဒေသ၌ ကျေးလက် ရန်ပုံငွေစီမံကိန်း၊ အသက်မွေးဝမ်းကျောင်း ဆိုင်ရာ     ကျွမ်းကျင်မှု    သင်တန်းများ၊ ရွေ့လျားဆေးခန်းစီမံကိန်း၊ ဒီရေတော  စိုက်ပျိုးခြင်းစီမံကိန်း      အစရှိသည့် လူမှုအကျိုးပြုစီမံကိန်း ၁၀ ခု ကျော်ကို တစိုက်မတ်မတ်      ဆောင်ရွက်ခဲ့ကြပြီး အဆိုပါစီမံကိန်းများမှ   ဒေသခံပြည်သူ ထောင်ပေါင်းများစွာ     အကျိုးခံစားခဲ့ ရပါကြောင်း။


 မိတ်ဖက်အဖွဲ့အစည်းများကို ဖိတ်ခေါ်


စီမံကိန်း၏ အနာဂတ်တည်ဆောက် ရေးနှင့်   လည်ပတ်ရေးအဆင့်များတွင် လည်း ပြည်တွင်းပြည်ပ လူမှုအကျိုးပြု မိတ်ဖက်အဖွဲ့အစည်းများကို ဆက်လက် ၍     ဖိတ်ခေါ်လက်တွဲကာ    စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ သဘာဝပတ်ဝန်း ကျင် ထိန်းသိမ်းရေး၊ အလုပ်အကိုင်အခွင့် အလမ်းဖော်ဆောင်ခြင်းစသည့် ပြည်သူ များလိုအပ်နေသော နယ်ပယ်များတွင် အားထုတ်ဆောင်ရွက်သွားမည်  ဖြစ်ပါ ကြောင်း၊     စီမံကိန်းကုမ္ပဏီအနေဖြင့် စီမံကိန်းတည်ဆောက်ရေး  အဆင့်၏ ပထမ ငါးနှစ်တွင်  နှစ်စဉ်နှစ်တိုင်း အမေ ရိကန်ဒေါ်လာ ၁,၀၀၀,၀၀၀၊ လည်ပတ် ရေးအဆင့်တွင် နှစ်စဉ်နှစ်တိုင်း အမေ ရိကန် ဒေါ်လာ ၅၀၀,၀၀၀ ကို ထည့်ဝင် ပြီး  CSR  နှင့်  လူမှုအကျိုးပြုလုပ်ငန်း များကို  ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။
လူမှုအကျိုးပြု   CSR  လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဒေသခံတို့၏ လိုအပ် ချက်များနှင့်   ကိုက်ညီစေရန်  ဒေသခံ အဝန်းအဝိုင်း၏ ညီညွတ်မျှတစွာ ပါဝင် မှုကို    ဖိတ်ခေါ်လိုပြီး    အကျိုးသက်ဆိုင် သူများ၏    ထင်မြင်ယူဆချက်များနှင့် အကြံပြုချက်များကိုလည်း   သေချာစွာ နားထောင်သွားမည်      ဖြစ်ပါကြောင်း၊ ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက် ဆိပ်ကမ်းစီမံကိန်း တည်ဆောက်မှုနှင့် အတူ     စက်မှုဥယျာဉ်   စီမံကိန်းကိုပါ ဆက်လက်အကောင်အထည်ဖော် ဆောင် ရွက်မည်ဖြစ်ပါကြောင်း၊    ကျောက်ဖြူ အထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်း စီမံကိန်းနှင့်     စက်မှုဥယျာဉ်စီမံကိန်း စတင်အကောင်အထည်ဖော် ဆောင်ရွက် ပါက ဒေသခံပြည်သူများအတွက် အလုပ် အကိုင်   အခွင့်အလမ်းများစွာ    ရရှိမည် ဖြစ်ကာ        စီမံခန့်ခွဲမှုဆိုင်ရာ       နေရာ အများစုကို     မြန်မာနိုင်ငံသားများအား ခန့်အပ်လုပ်ကိုင်စေမည်ဖြစ်ပါကြောင်း။


တိုင်းရင်းသားစီးပွားရေး
လုပ်ငန်းရှင်များကိုဖိတ်ခေါ်၍  
ပူးပေါင်းဆောင်ရွက်သွားမည်


မြန်မာနိုင်ငံအတွက် ရင်းနှီးမြှုပ်နှံမှု ကို အမေရိကန်ဒေါ်လာသန်းပေါင်းများ စွာဖြင့် ဆွဲဆောင်နိုင်မည်ဖြစ်ပြီး နိုင်ငံတော် အတွက်   များပြားသော   အခွန်ငွေများ ဖန်တီးပေးကာ ပတ်ဝန်းကျင်ရှိ upstr-eam နှင့် downstream လုပ်ငန်းများကို မြှင့်တင်ပေးနိုင်သည့်အတွက်     မြန်မာ နိုင်ငံ  တစ်ပြည်လုံး၏  စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူပြည်သားတစ်ဦး ချင်းစီ GDP ကို မြှင့်တင်ပေးနိုင်မည်ဖြစ် ပါကြောင်း၊ စီမံကိန်းအကောင်အထည် ဖော်ဆောင်ရွက်ရာတွင်      ဒေသခံရခိုင် တိုင်းရင်းသား စီးပွားရေးလုပ်ငန်းရှင်များ အပါအဝင် မြန်မာနိုင်ငံမှ လုပ်ငန်းအတွေ့ အကြုံများရှိပြီး အမှန်တကယ်လုပ်ကိုင်  ဆောင်ရွက်နိုင်မည့်      တိုင်းရင်းသား စီးပွားရေး လုပ်ငန်းရှင်များကိုပါ ဖိတ်ခေါ် ၍  စီမံကိန်းကုမ္ပဏီနှင့် ပူးပေါင်းဆောင် ရွက်သွားမည်     ဖြစ်ပါကြောင်း       ပြော ကြားသည်။


ထို့နောက် ကျောက်ဖြူအထူးစီးပွား ရေးဇုန်     ရေနက်ဆိပ်ကမ်းစီမံကိန်း ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ် များနှင့် စီမံကိန်းစတင်အကောင်အထည် ဖော်နိုင်မည့်    အခြေအနေကို     သိလို ကြောင်း  မေးမြန်းချက်နှင့်  စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက “ စီမံကိန်းက အပိုင်း ၁၊ ၂၊ ၃၊ ၄ ဆိုပြီး အပိုင်း လေးပိုင်း ပါဝင်ပါတယ်။  အပိုင်း လေးပိုင်းမှာ  သင်္ဘောတွေ  ဆိုက်ကပ်နိုင် မယ့် ဆိပ်ခံတံတား ၁၀ ခုပါဝင်တဲ့ စီမံ ကိန်းဖြစ်ပါတယ်။ စီမံကိန်းပြီးသွားရင် တစ်နှစ်ကို  ပေ ၂၀ ကွန်တိန်နာ အလုံးရေ ခုနစ်သန်းခန့် လက်ခံနိုင်မယ့် စီမံကိန်း ဖြစ်ပါတယ်။   အဓိကက   စီမံကိန်းကြီး ပြီးရင်  ကျွန်တော်တို့နိုင်ငံက  ကုန်စည် တွေရော၊ ကျွန်တော်တို့နိုင်ငံကို ဖြတ်သန်း သွားမယ့် ကုန်စည်တွေရော အာဖရိက  နိုင်ငံတွေ၊     တောင်အာရှနိုင်ငံတွေနဲ့ ဥရောပနိုင်ငံတွေကို      တိုက်ရိုက်တင်ပို့ နိုင်မှာ     ဖြစ်ပါတယ်။     လက်ရှိမှာတော့ တိုက်ရိုက်မတင်ပို့နိုင်ဘဲ ဘာကိုပဲ ပို့ချင် ပို့ချင် စင်ကာပူနဲ့ မလေးရှားကနေတစ်ဆင့် ပို့နေရပါတယ်။     စီမံကိန်းပြီးသွားရင် တိုက်ရိုက်တင်ပို့နိုင်တဲ့    အခွင့်အလမ်း ရရှိသွားမှာ ဖြစ်ပါတယ်။ 


‘‘စီမံကိန်းစတင်နိုင်ဖို့  ပြီးစီးသွားတဲ့ လုပ်ငန်းစဉ်ကတော့ သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးအပေါ် ဆန်းစစ်ချက်၊  လူမှုအကျိုးစီးပွား        ဆန်းစစ်ချက်နဲ့ ပတ်သက်ပြီး ၈၅ ရာခိုင်နှုန်းခန့် ပြီးစီး နေပြီး ရာနှုန်းပြည့်ပြီးစီးအောင် ဆက် လက်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။  ပထဝီမြေမျက်နှာသွင်ပြင် တိုင်းတာတဲ့  လုပ်ငန်းကတော့ အားလုံးပြီးသွားပါပြီ။  ဒီလိုပြီးစီးသွားတဲ့အတွက် ဆက်စပ်တဲ့ လိုအပ်တဲ့ ဒီဇိုင်းတွေဆွဲမယ်။ ဒါတွေကို ဆက်လက်လုပ်ဆောင်သွားမှာ   ဖြစ်ပါ တယ်။ စီမံကိန်းစတင်အကောင်အထည် ဖော်ဖို့အတွက် ရင်းနှီးမတည်ငွေထည့်တဲ့  လုပ်ငန်းစဉ်ကို ဆက်ပြီးလုပ်ဖို့ရှိတယ်။  ဒါတွေပြီးသွားရင် စီမံကိန်းကြီးစတင်ဖို့ လိုအပ်တဲ့        အခြေခံအဆောက်အဦ လုပ်ငန်းတွေ   ဆက်လုပ်မယ်။    ဒါတွေ အားလုံးပြီးရင်တော့ စီမံကိန်းကို စတင် သွားမှာ ဖြစ်ပါတယ်။ စီမံကိန်းမြန်မြန် စတင်နိုင်ဖို့အတွက်      နှစ်ဖက်စလုံးက ပူးပေါင်းပြီး  ဆောင်ရွက်သွားမှာ ဖြစ်ပါ တယ်” ဟု ပြောကြားသည်။ 


ကျောက်ဖြူဒေသခံတွေက စီမံကိန်းကို 
မြန်မြန်စစေချင်တဲ့ဆန္ဒရှိ


ယင်းနောက်    ကျောက်ဖြူအထူး စီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်း အကောင်အထည်ဖော်      ဆောင်ရွက်မှု အပေါ်   ဒေသခံပြည်သူများ၏    အမြင် သဘောထားများကို      သိလိုကြောင်း မေးမြန်းချက်နှင့်  စပ်လျဉ်း၍    ပြည် ထောင်စုဝန်ကြီး       ဦးအောင်နိုင်ဦးက “ကျောက်ဖြူ ရေနက်ဆိပ်ကမ်းစီမံကိန်းနဲ့ ပတ်သက်ပြီး ဒေသခံပြည်သူတွေရဲ့အမြင် ကိုပြောရမယ်ဆိုရင် မြန်မာအထူးစီးပွား ရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ အနေနဲ့ တာဝန်ယူရတာဖြစ်တဲ့အတွက် ကျောက်ဖြူဒေသခံတွေက စီမံကိန်းကို မြန်မြန်စစေချင်တဲ့    ဆန္ဒရှိကြပါတယ်။ ကျောက်ဖြူမှာရှိတဲ့ ဒေသခံ မြို့မိ၊ မြို့ဖ တွေထဲက    တချို့သော  ပုဂ္ဂိုလ်တွေနဲ့ ကျောက်ဖြူမြို့မှာရှိတဲ့ ဒေသခံတွေထဲက အရင်တုန်းက    တာဝန်ကြီးကြီးမားမား ထမ်းဆောင်ခဲ့ဖူးတဲ့     ပုဂ္ဂိုလ်တွေက ကျွန်တော့်ကို လာရောက်တွေ့ဆုံပြီး စီမံ ကိန်း မြန်မြန်စတင်နိုင်ဖို့ တောင်းဆိုကြ  တာ  ရှိပါတယ်။  ဒေသခံပြည်သူတွေက ကျောက်ဖြူစီမံကိန်းနဲ့     ပတ်သက်ရင် လိုလိုလားလားရှိတယ်။     စီမံကိန်းကို မြန်မြန်စတင်နိုင်ဖို့ တိုက်တွန်းတောင်းဆို တာတွေရှိကြောင်း ပြောလိုပါတယ်” ဟု ပြောကြားသည်။


ဆက်လက်၍   ကျောက်ဖြူအထူး စီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်း အတွက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးနှင့်ပတ်သက်ပြီး ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များနှင့်  စပ်လျဉ်း၍  သိရှိလို ကြောင်း  မေးမြန်းချက်နှင့် စပ်လျဉ်း၍ ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက် ဆိပ်ကမ်းကုမ္ပဏီလီမိတက် ဒါရိုက်တာ  Mr.Liang  Chuanxin  က   “သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် ပိုမို အပြုသဘောဆောင်တဲ့ သက်ရောက်မှု တွေကို ပိုမိုဖန်တီးဖို့နဲ့ အနုတ်လက္ခဏာ ဆောင်တဲ့ သက်ရောက်မှုတွေကို လျှော့ချ ဖို့ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့  ကုမ္ပဏီက မြန်မာနိုင်ငံရဲ့ တည်ဆဲဥပဒေ  တွေကို အတိအကျလိုက်နာပြီး ပြည်တွင်း အတွေ့အကြုံနဲ့ နိုင်ငံတကာအမြင်တွေ ပြည့်ဝတဲ့ သဘာဝပတ်ဝန်းကျင်နဲ့ လူမှု ရေးဆိုင်ရာ အကျိုးသက်ရောက်မှုတွေကို  ဆန်းစစ်ဖို့ လုပ်ငန်းအတိုင်ပင်ခံ ကုမ္ပဏီ ကို    ခန့်အပ်ထားပါတယ်။    သဘာဝ ပတ်ဝန်းကျင်နဲ့ လူမှုရေးဆိုင်ရာ အကျိုး သက်ရောက်မှု   ဆန်းစစ်ခြင်းလုပ်ငန်း တွေကို ဆောင်ရွက်သွားတဲ့အခါ သဘာဝ ပတ်ဝန်းကျင်ကို စိမ်းလန်းပြီး ရေရှည် တည်တံ့ခိုင်မြဲဖို့၊     ဖွံ့ဖြိုးတိုးတက်ရေး ပန်းတိုင်များ        အောင်မြင်ဖို့အတွက်  အခိုင်မာဆုံး အခြေခံအုတ်မြစ်ချမှတ်ပြီး တည်ဆောက်သွားမှာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။


နိုင်ငံတကာကို တိုက်ရိုက်ဆက်သွယ်
နိုင်တဲ့ ပင်လယ်ဆိပ်ကမ်းတစ်ခု


ထို့နောက် ကျောက်ဖြူအထူးစီးပွား ရေးဇုန်   ရေနက်ဆိပ်ကမ်း   စီမံကိန်း  အကောင်အထည်ဖော် ဆောင်ရွက်ခြင်း ဖြင့်   မြန်မာနိုင်ငံအတွက်   ရရှိလာမည့်  အကျိုးကျေးဇူးများနှင့် နိုင်ငံပိုင် ကုမ္ပဏီ  မည်မျှ   ပါဝင်ဆောင်ရွက်သွားနိုင်မည် ကို  သိရှိလိုကြောင်း မေးမြန်းချက်နှင့် စပ်လျဉ်း၍     ပြည်ထောင်စုဝန်ကြီးက “အဓိက နံပါတ် (၁) ရမယ့် အကျိုးကျေးဇူး ကတော့  ကျွန်တော်တို့နိုင်ငံက  နိုင်ငံ တကာကို တိုက်ရိုက်ဆက်သွယ်နိုင်တဲ့  ပင်လယ်ဆိပ်ကမ်းတစ်ခု ကျွန်တော်တို့ ရမယ်။ နံပါတ် (၂) က ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေက စီမံခန့်ခွဲမှု အပါ အဝင်  နေရာများစွာမှာ  အလုပ်အကိုင် အခွင့်အလမ်းတွေ ပေါ်လာမယ်။ နံပါတ် (၃) က  မြန်မာနိုင်ငံကို  ဖြတ်သန်းပြီး တရုတ်နိုင်ငံနဲ့ ကုန်စည်ကူးသန်းရောင်း ဝယ်တဲ့အခါမှာ   ကျွန်တော်တို့နိုင်ငံက အခွန်အကောက်တွေ     များစွာရရှိမှာ ဖြစ်ပါတယ်။ တစ်ဆက်တည်းမှာ စက်မှု ဇုန်စီမံကိန်းလည်း      ပါလာတာဖြစ်တဲ့ အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို များစွာ တိုးတက်ဆွဲဆောင်မြှင့်တင်နိုင်မှာ ဖြစ်ပါ တယ်။ စီမံကိန်းကြီးတစ်ခုလုံးက မြန်မာနိုင်ငံ တစ်ခုလုံးနဲ့ နိုင်ငံသားတွေ အတွက်ပါ လူမှုအကျိုးစီးပွား ဖြစ်ထွန်းမှု များစွာ အထောက်အကူပြုစေမယ့် ရလဒ် တွေရမယ်ဆိုတာ ပြောလိုပါတယ်။  


အရည်အချင်းကိုက်ညီတဲ့ ကုမ္ပဏီတွေ 
ထုတ်ပြန်သွားမှာဖြစ်


လတ်တလောအားဖြင့်  အစိုးရအသိ အမှတ်ပြု    ကုမ္ပဏီတွေကို    ဘယ်လို ဖိတ်ခေါ်မလဲဆိုရင်       နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုတွေမပါဝင်တဲ့၊ မြန်မာနိုင်ငံသား ထူထောင်ထားတဲ့ကုမ္ပဏီတွေနဲ့   ရခိုင် တိုင်းရင်းသားတွေပါဝင်တဲ့ ကုမ္ပဏီတွေ ကို    ဦးစားပေးထားတယ်။    ပြီးခဲ့တဲ့ နိုဝင်ဘာလကစပြီး     သတင်းစာမှာ ကြေညာပြီး  စတင်ဖိတ်ခေါ်ခဲ့တယ်။ အခု လျှောက်လွှာတွေကို လက်ခံနေပါတယ်။ လျှောက်လွှာတွေနောက်ဆုံးတင်ရမယ့်ရက်က ဒီဇင်ဘာ ၂၉ ရက်နေ့ဖြစ်တယ်။ လျှောက်လွှာတွေတင်ပြီးတဲ့အခါ ကုမ္ပဏီ ဘယ်နှခုပါမယ်ဆိုတာ       သိရမှာဖြစ် ပါတယ်။ အခုကတော့ လျှောက်လွှာဝယ် ပြီးတင်တဲ့   ကုမ္ပဏီတွေက   တင်နေပါ တယ်။ တချို့လည်း တင်ဖို့ပြင်ဆင်ကြ ဆဲပဲ ဖြစ်ပါတယ်။ ဇန်နဝါရီလနောက်ပိုင်း ကျရင် အရည်အချင်းကိုက်ညီတဲ့ မြန်မာ နိုင်ငံသားကုမ္ပဏီတွေ ဘယ်နှခုပါတယ် ဆိုတာ   ထုတ်ပြန်သွားမှာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။


ယင်းနောက်    ကျောက်ဖြူအထူး စီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်း က     ဆိပ်ကမ်းတစ်ခုတည်းနဲ့    ပြီးပါ သလား၊ လမ်းပန်းဆက်သွယ်ရေးအတွက် ရော    ပါပါသလား၊      ဒီအပေါ်မှာရော ဘာတွေပြင်ဆင်ထားပါသလဲ၊ စီမံကိန်း လျာထားတဲ့ ၂၀၃၀ပြည့်နှစ်မှာ စီမံကိန်း ဘယ်လောက်ရာခိုင်နှုန်းအထိ    ပြီးစီး မလဲဆိုသည်ကို သိရှိလိုကြောင်း မေးမြန်း ချက်နှင့်စပ်လျဉ်း၍       ပြည်ထောင်စု ဝန်ကြီးက “စီမံကိန်းနဲ့ပတ်သက်လာရင် တစ်ဆက်တည်းမှာ    တရုတ် - မြန်မာ စီးပွားရေးစင်္ကြံကို အကောင်အထည်ဖော် ဖို့ ရှိပါတယ်။ အရင်အစိုးရလက်ထက်တွေ ကတည်းက သဘောတူထားခဲ့တာ ဖြစ်ပါ တယ်။ တရုတ် - မြန်မာ စီးပွားရေးစင်္ကြံ က တရုတ်နိုင်ငံ၊ မြန်မာနိုင်ငံ မန္တလေး၊ ကျောက်ဖြူကို     အမြန်ရထားလမ်း ဖောက်ဖို့ ရှိပါတယ်။ ဒီရထားလမ်းသည် ကျောက်ဖြူရေနက်   စီမံကိန်းနဲ့    ချိတ် ဆက်သွားမှာ ဖြစ်ပါတယ်။ စီမံကိန်းက အပိုင်းလေးပိုင်းနဲ့လုပ်မှာ ဖြစ်ပါတယ်။ အပိုင်းလေးပိုင်းက        အရင်အစိုးရ လက်ထက်ကတည်းက လက်မှတ်ထိုးတဲ့ အထဲမှာ ပါပြီးသားဖြစ်ပါတယ်။ အပိုင်း လေးပိုင်းထဲကမှ   အပိုင်းတစ်ကို   စပြီး အကောင်အထည်ဖော် ဆောင်ရွက်သွား မှာ ဖြစ်ပါတယ်။ အပိုင်းတစ်ပြီးမှ အပိုင်း နှစ်၊ သုံး၊ လေးတို့ကို သတ်မှတ်ထားတဲ့ အချိန်ကို  ရောက်ပြီဆိုမှ  တစ်ဆင့်ချင်း တစ်ဆင့် အကောင်အထည်ဖော် ဆောင် ရွက်သွားမှာ   ဖြစ်ပါတယ်”  ဟု   ပြော ကြားသည်။                        

ဟိန်းမင်းစိုး