ဆယ်စုနှစ်အတွင်း အလုပ်အကိုင်ပေါင်း ၁၂၆ သန်း ဖန်တီးပေးရန် ကမ္ဘာ့ခရီးသွားကဏ္ဍမျှော်လင့်

 

မနီလာ    ဧပြီ    ၂၁ 


ကမ္ဘာတစ်ဝန်း ၁၀ နှစ်အတွင်း အလုပ်အကိုင်ပေါင်း   ၁၂၆ သန်း နီးပါး   ဖန်တီးပေးရန်   ကမ္ဘာ့ခရီး သွားကဏ္ဍက    မျှော်လင့်ထား ကြောင်း   ဖိလစ်ပိုင်မြို့တော်၌   ဧပြီ ၂၁ ရက်က ထုတ်ပြန်လိုက် သော အစီရင်ခံစာတွင် ကမ္ဘာ့ခရီး သွားလုပ်ငန်းကောင်စီ (ဒယ်ဗလျူ တီတီစီ) က ဖော်ပြလိုက်သည်။  

 


နှစ်နှစ်ကြာ   ကပ်ရောဂါမှ     ကမ္ဘာ့စီးပွားရေး ပြန်လည်ဖွံ့ဖြိုး တိုးတက်လာရန်   ခရီးသွားကဏ္ဍ သည် မောင်းနှင်အားတစ်ခု   ဖြစ် လာမည်ဖြစ်ကြောင်း  ဒယ်ဗလျူ တီတီစီ၏ နောက်ဆုံးထုတ်ပြန် လိုက်သော စီးပွားရေးသက်ရောက် မှု  အစီရင်ခံစာတွင်  ဖော်ပြထား သည်။ 

 


ခရီးသွားကဏ္ဍ၏ အသားတင်     ထုတ်လုပ်မှုတန်ဖိုး (ဂျီဒီပီ) သည် ၂၀၂၂ ခုနှစ်မှ  ၂၀၃၂ ခုနှစ်ကြား နှစ်စဉ်ပျမ်းမျှအားဖြင့် ၅ ဒသမ ၈  ရာခိုင်နှုန်း     မြင့်တက်လာမည် ဖြစ်ကြောင်း အဆိုပါအစီရင်ခံစာ က ခန့်မှန်းထားသည်။ 

 


ဒယ်ဗလျူတီတီစီ  ဥက္ကဋ္ဌနှင့် အမှုဆောင်   အရာရှိချုပ်ဖြစ်သူ ဂျူလီယာ ဆင်ဆန်က ဖိလစ်ပိုင် နိုင်ငံ မနီလာတွင်    ကျင်းပပြုလုပ် ခဲ့သော    ကမ္ဘာ့ခရီးသွားလုပ်ငန်း ညီလာခံတွင် အလုပ်အကိုင်အခွင့် အလမ်းဖန်တီးမှု      သုံးခုတွင် တစ်ခုမှာ     ခရီးသွားလုပ်ငန်းနှင့် ပတ်သက်နေလိမ့်မည်           ဖြစ် ကြောင်း ပြောကြားခဲ့သည်။ 

 


အာရှနှင့်    ပစိဖိတ်ဒေသ တစ်ဝန်း   ခရီးသွားကဏ္ဍသည် သိသိသာသာ တိုးတက်လာမည် ဖြစ်ပြီး  လာမည့်ဆယ်စုနှစ်ကျော် ကာလတွင် အလုပ်အကိုင်အသစ်  ပေါင်း  ၇၇ သန်းနီးပါး ဖန်တီးနိုင် လိမ့်မည်ဟု အဆိုပါ အစီရင်ခံစာ တွင် ခန့်မှန်းဖော်ပြထားသည်။ 


ဆင်ဟွာ