ဆူလ်တန် အီဘရာဟင် ကို မလေးရှားဘုရင်သစ်အဖြစ် ရွေးချယ်

 

ကွာလာလမ်ပူ အောက်တိုဘာ ၂၇


မလေးရှားနိုင်ငံ    အုပ်ချုပ်သူများ ညီလာခံက       ဂျိုဟာပြည်နယ်  ဆူလ်တန်၊ ဆူလ်တန်အီဘရာဟင် ဆူလ်တန်အစ်ကန်ဒါ ကို    နိုင်ငံ၏    ၁၇ ယောက်မြောက်ဘုရင်အဖြစ်  ရွေးချယ်ခဲ့ကြောင်း       နိုင်ငံပိုင် သတင်းအေဂျင်စီ  ဘာနာမာတွင်  ဖော်ပြထားသည်။ 


၂၀၂၄ ခုနှစ် ဇန်နဝါရီ ၃၁ ရက် မှ စတင်ကာ ဘုရင်အဖြစ်တရားဝင် ခန့်အပ်ခြင်းခံရမည်      ဖြစ်ကာ လက်ရှိဘုရင် ဆူလ်တန်အဗ္ဗဒူလာ ဆူလ်တန်အာမက်ရှာ၏ နေရာတွင် အစား  ဝင်ယူရမည်ဖြစ်သည်ဟု ကြေညာချက်   ထုတ်ပြန်ခဲ့သည်။ အီဘရာဟင်ကို    ၁၉၅၈ ခုနှစ် တွင် မွေးဖွားကာ  ၂၀၁၀  ပြည့်နှစ် မှ  စတင်ပြီး  စင်ကာပူနှင့်  နယ်နိ မိတ်ချင်း   ထိစပ်နေသည့်  ဂျိုဟာ ပြည်နယ်ကို အုပ်စိုးခဲ့သည်။ 


မလေးရှားနိုင်ငံသည် စည်းမျဉ်း ခံ  ဘုရင်စနစ်ဖြစ်ပြီး သက်ဆိုင်ရာ      ပြည်နယ်အုပ်ချုပ်သူ    ဆူလ်တန် ကိုးဦးသည်  ငါးနှစ်လျှင်တစ်ကြိမ်  ဘုရင်အဖြစ်  အလှည့်ကျ   တာဝန်  ထမ်းဆောင်ကြသည်။    


ဆင်ဟွာ