ဆူဒန်နိုင်ငံ၌ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမှုကြောင့် သေဆုံးသူပေါင်း ၁၄၆ ဦးအထိ တိုးလာ

 

ခါတွန်   စက်တင်ဘာ   ၂၂


ဆူဒန်နိုင်ငံ၌     မိုးသည်းထန်စွာ ရွာသွန်းပြီး    ရေကြီးမှုကြောင့် သေဆုံးသူစုစုပေါင်း ၁၄၆ ဦးအထိ မြင့်တက်လာပြီး    ဒဏ်ရာရရှိသူ ၁၂၂ ဦးရှိကြောင်း နိုင်ငံ၏  အရပ် ဘက် ကာကွယ်ရေးဆိုင်ရာ အမျိုး သား  ကောင်စီက  စက်တင်ဘာ ၂၁ ရက်တွင် ပြောကြားသည်။

 


ဆူဒန်နိုင်ငံ၌    မိုးသည်းထန် စွာ   ရွာသွန်းမှုကြောင့်   အိမ်ခြေ ၅၄၇၅၈ လုံးနှင့် ဆိုင်ခန်းပေါင်း  ၂၉၈   လုံး   ပျက်စီးခဲ့ကြောင်း၊   စိုက်ပျိုးမြေ  ၁၀၁၁၉၃  ဟက်တာ ထိခိုက်ပျက်စီးခဲ့ပြီး နွားကောင်ရေ ၂၇၄၁ ကောင် သေဆုံးခဲ့ကြောင်း    ကောင်စီက ထုတ်ပြန်ထားသည်။

 


ဆူဒန်နိုင်ငံ၌   ဇွန်လနှောင်း ပိုင်းမှစကာ     မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့်   နိုင်ငံမြောက် ပိုင်း၊  အလယ်ပိုင်းနှင့်  အနောက် ပိုင်းတို့တွင် ကျေးရွာ ၂၅၀ ကျော် ပျက်စီးခဲ့ရကြောင်း   သိရသည်။ နိုင်ငံတစ်ဝန်း  ဇွန်လမှစကာ မိုး သည်းထန်စွာ ရွာသွန်းပြီး ရေကြီး မှုကြောင့် ပြည်သူ ၁၃၆၀၀၀ ခန့် ရေဘေးသင့်ခဲ့ကြောင်း     ကုလ သမဂ္ဂလူသားချင်း စာနာထောက် ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံးက ထုတ်ပြန်ထားသည်။

 


ဆူဒန်နိုင်ငံ၌         ဇွန်လမှ ဩဂုတ်လအတွင်း  မိုးသည်းထန် စွာ   ရွာသွန်းမှုကြောင့်   ရေကြီးမှု များ ဖြစ်ပွားလေ့ရှိကြောင်း သိရ သည်။               

ဆင်ဟွာ