ဆူဒန်နိုင်ငံ၌ ကလေးနှစ်သန်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရ

 

ဂျနီဗာ    ဩဂုတ်     ၂၅


ဆူဒန်နိုင်ငံ၏     လေးလကြာ ပဋိပက္ခအတွင်း     ကလေးပေါင်း နှစ်သန်းကျော်     နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရသည်ဟု ကုလသမဂ္ဂ  ကလေးများ   ရန်ပုံငွေအဖွဲ့ (ယူနီ ဆက်ဖ်) က ဩဂုတ် ၂၄ ရက်တွင် ပြောသည်။  


ကလေးပေါင်း ၁၄ သန်း နီးပါး  မှာ လူသားချင်း စာနာထောက် ထားမှုဆိုင်ရာ    အကူအညီများ အရေးပေါ်        လိုအပ်နေသည်။ အများစုမှာ         နေ့ရက်တိုင်း ကြောက်စရာကောင်းသည့် အဖြစ် အပျက်များ၊    ခြိမ်းခြောက်မှုများ နှင့်   ရင်ဆိုင်နေရသည်ဟု   ယူနီ ဆက်ဖ်က ပြောသည်။  တိုက်ပွဲများ   အဓိကဖြစ်ပွားရာ   ခါတွန်မြို့နှင့် ဒါဖာမြို့တို့အပြင် ယခုအခါ အခြား လူဦးရေထူထပ်သည့်  နေရာများ ကိုပါ   တိုက်ပွဲများ  ပျံ့နှံ့လာပြီဖြစ် သည်။ အကူအညီချက်ချင်းလိုအပ်  နေသည့်နေရာများတွင် အသက် ကယ်ပစ္စည်းများပေးရန်နှင့်  အခြား သော     အကူအညီများပေးရန် အကန့်အသတ်များ ရှိနေသည်ဟု လည်း အဆိုပါအဖွဲ့က ပြောသည်။ 


လာမည့်လအတွင်း လူပေါင်း ၂၀  ဒသမ ၃ သန်းမှာ    အစား အသောက်   လုံခြုံစိတ်ချရမှုမရှိ ခြင်းနှင့်    ကြုံတွေ့ရတော့မည် ဖြစ်ပြီး ၎င်းတို့ထဲမှ   တစ်ဝက်မှာ ကလေးသူငယ်များဖြစ်ကြသည်။   


ဆူဒန်၌  ကလေးပေါင်း   ၉    ဒသမ  ၄ သန်းကျော်မှာ    သန့်ရှင်း သည့် သောက်သုံးရေမရခြင်းနှင့် အသက်   ငါးနှစ်အောက်ကလေး  ၃ ဒသမ ၄ သန်းမှာ  ဝမ်းလျှောခြင်း နှင့်    ကာလဝမ်းရောဂါ   ဖြစ်ပွား ခြင်းတို့နှင့် ကြုံတွေ့နေရသည်ဟု ယူနီဆက်ဖ်က ဆက်ပြောသည်။         


ဆင်ဟွာ