ဆူဒန်၌ အစာရေစာငတ်မွတ်မှု ပိုမိုဆိုးရွားလာကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် သတိပေး

 

ခါတွန်   ဧပြီ   ၆


ဆူဒန်နိုင်ငံရှိ ပြည်သူများထံသို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ မရောက်ရှိ ပါက  ဆူဒန်နိုင်ငံ၏   အစာရေစာငတ်မွတ်မှုမှာ ပို၍ ဆိုးရွားလာနိုင်ကြောင်း ကုလသမဂ္ဂ   ကမ္ဘာ့စားနပ် ရိက္ခာအစီအစဉ်က ဧပြီ ၅ ရက်တွင် သတိပေးခဲ့သည်။ 


မကြုံစဖူး    ကြောက်မက်ဖွယ်ကောင်းသည့် ငတ်မွတ်မှုဘေးနှင့် အာဟာရချို့တဲ့မှုများ တွေ့ရှိရမည် ကို  စိုးရိမ်ထိတ်လန့်မိကြောင်း   ဆူဒန်နိုင်ငံဆိုင်ရာ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်    ကိုယ်စားလှယ်ဖြစ် သည့် အက်ဒီရိုဝီက ပြောသည်။
ချဒ်နိုင်ငံမှတစ်ဆင့် ပေးပို့နေသည့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ    အကူအညီပေးရေး လမ်းကြောင်းကို   ယာယီရပ်နားထားခြင်း၊    လက်ရှိ ဖြစ်ပွားနေသည့်ပဋိပက္ခများ၊  အတားအဆီးများနှင့် လုံခြုံရေးခြိမ်းခြောက်မှုများကြောင့် ဆူဒန်နိုင်ငံတွင်   လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ များ လိုအပ်သည့်အတိုင်းအတာအထိပေးရန် မဖြစ် နိုင်ကြောင်း ၎င်းက ပြောသည်။ 


အစားအသောက်ပေးပို့သည့် လမ်းကြောင်းများ ဆက်လက်ဖွင့်ပေးထားရမည်ဖြစ်သည်ဟု  ၎င်းက ဆက်ပြောသည်။ ထိုစဉ်  ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် နှင့်  မိတ်ဖက်အဖွဲ့အစည်းများအတွက်   လုံခြုံရေး အာမခံချက်ရှိရန်   လိုအပ်ကြောင်း၊   သို့မှသာလျှင် မြောက်ပိုင်းဒါဖာပြည်နယ်ရှိ ပြည်သူများထံ  အစား အသောက်များ   ဖြန့်ဖြူးပေးနိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ 


၂၀၂၃ ခုနှစ် ဧပြီ ၁၅ ရက်မှစတင်ကာ ဆူဒန်နိုင်ငံ တွင် ဆူဒန်တပ်ဖွဲ့နှင့်  Rapid   Support   Forces  တို့အကြား   ထိပ်တိုက်ရင်ဆိုင်မှုများ   ဖြစ်ပေါ်ခဲ့ပြီး လူပေါင်း ၁ ဒသမ ၈သန်းမှာ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။ လူပေါင်း  ၆ ဒသမ ၃  သန်းမှာမူ  ပြည်တွင်း၌ပင် ပြောင်းရွှေ့နေထိုင်ခဲ့ရသည်။ 


ဆင်ဟွာ