
ခါတွန် မတ် ၃၁
ဆူဒန်နိုင်ငံမြောက်ပိုင်း၌ မတ် ၃၀ ရက်က ရွှေတွင်းပြိုကျမှုကြောင့် အနည်းဆုံး လူ ၁၀ ဦး သေဆုံးခဲ့ ကြောင်း ဒေသဆိုင်ရာမီဒီယာများ က မတ် ၃၁ ရက်တွင် ဖော်ပြသည်။
ဝါဒီဟယ်ဖာ ဧရိယာရှိ ဂျဘယ်လ်အယ်လ်အာမာ မိုင်းတွင်း ပြိုကျမှုကြောင့် ရွှေမိုင်းတွင်း လုပ်သားအများအပြား ပိတ်မိခဲ့ ကြောင်း ဆူဒန်နိုင်ငံ တရားဝင် သတင်းအေဂျင်စီ ဆူနာက ဖော်ပြ သည်။ သေဆုံးသွားသည့် မိုင်းတွင်းလုပ်သား ၁၀ ဦးအနက် အများစုမှာ လူငယ်များဖြစ်ပြီး ၎င်းရုပ်အလောင်းများနှင့် ဒဏ်ရာ ရရှိသူ သုံးဦးတို့ကို ဝါဒီဟယ်ဖာ ဆေးရုံသို့ လွှဲပြောင်းပေးခဲ့ကြောင်း ဖော်ပြထားသည်။
အခက်အခဲများ ကြားမှ ပျောက်ဆုံးသူများကို ရှာဖွေမှု များ လုပ်ဆောင်နေချိန်တွင် သေဆုံးသူအရေအတွက် တိုးလာ ဖွယ်ရှိကြောင်း ဒေသတွင်း လုံခြုံရေး သတင်းအရင်းအမြစ် များက ဖော်ပြသည်။
လုပ်ငန်းခွင်အခြေအနေ ဆိုးရွား ခြင်းနှင့် ဘေးကင်းလုံခြုံရေး ဆိုင်ရာစည်းမျဉ်းများ အားနည်း ခြင်းများကြောင့် ဆူဒန်တွင် မိုင်းတွင်း မတော်တဆမှုများ မကြာခဏဖြစ်ပွားလေ့ရှိပြီး ဆူဒန် နိုင်ငံ၏ ရွှေတူးဖော်ရေးကဏ္ဍတွင် ဆူဒန်နိုင်ငံသား နှစ်သန်းကျော် အလုပ်လုပ်ကိုင်နေကြောင်း ဆူဒန် နိုင်ငံ သတ္တုတွင်းဝန်ကြီးဌာနမှ သိရသည်။
ဆင်ဟွာ