
j အသိပညာ၊ မရှိပါမူ
ဆိုပြောမတတ်၊ မအပ်မရာ
ပြုဖွယ်မှားယွင်း၊ သတင်းဖျင်း၏။
j အတတ်ပညာ၊ မလေ့လာမူ
ပင်ပန်းဆင်းရဲ၊ ဒုက္ခမွဲဖြင့်
ခါးစည်း၍ခံ၊ ဘဝဒဏ်ကို
ဖန်ဖန်ထပ်လဲ၊ ကြုံရမြဲ၏။
j အနုပညာ၊ မမွေ့ပါမူ
ချမ်းမြကြည်နူး၊ မရှိဘူးဟု
လောကအလှ၊ သဘာဝကို
ခံစားမသိ၊ လူဖြစ်ဘိ၏။
j ထိုထိုဒုက္ခ၊ မကြုံရအောင်
ညွှန်ပြပေလတ်၊ ဆရာမြတ်ထံ
နည်းနာခံ၍၊ ကျွန်ုပ်သင်ယူခဲ့ပါ၏။
j ထိုခါကျွန်ုပ်၊ အပြောဟုတ်၏
မှားယွင်းမလုပ်၊ လွန်ကြိုးကုတ်၏
သတင်းမွှေးပျံ့၊ လွန်စွာခန့်၏
ပညာပြည့်ကြွယ်၊ ဂုဏ်တင့်တယ်၏
စိတ်တွင်ကြည်မြ၊ နှလုံးလှ၏။
j ထိုထိုအကျိုး၊ ရည်မျှော်ကိုး၍
သင်ပြပေလတ်၊ ဆရာမြတ်၏
ဂုဏ်ရည်အထူး၊ မြတ်ကျေးဇူးကို
မြင်းမိုရ်ရွှေတောင်၊ မြတ်ထွဋ်ခေါင်နှင့်
ကျွန်ုပ်တင်စား၊ ရင်ဝယ်ထား၍
လေးမြတ်ဦးခိုက်လိုက်ပါ၏။
တူးမာ