
ယဉ်လာဒ်၊ ဓာတ်ပုံ-ကျော်စွာ၊ ကိုကွေကာ(ဂေါ်ရန်ဂျီလမ်းညွှန်)
မော်တင်စွန်းအငူမှာ တည်ထား
‘‘မော်တင်စွန်းအငူမှာ တည်ထား ကိုးကွယ်တဲ့ ဆံတော်ရှင်မြတ်မော်တင်စွန်း စေတီတော်မြတ်ကြီးရဲ့ ဗုဒ္ဓပူဇနိယ ဘုရားပွဲတော်ကို အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးတွေက ရေလမ်းနဲ့သာမက ကုန်းလမ်းကပါ လာရောက်ဖူးမြော်နေ ကြတာကို တွေ့မြင်ရပါတယ်” လို့ မြတ်မော်တင်စွန်း ဆရာတော်က စာရေး သူကို မိန့်ကြားပါတယ်။
ဧရာဝတီတိုင်းဒေသကြီး ငပုတော မြို့နယ် ဟိုင်းကြီးကျွန်းမြို့ မော်တင်စွန်း အငူမှာ ရှေးဟောင်းသမိုင်းဝင် ဆံတော် ရှင် မြတ်မော်တင်စွန်းတည်ရှိတာ ဖြစ်ပါ တယ်။ ပုသိမ်မြို့ကနေ လာမယ်ဆိုရင် မြတ်မော်တင်စွန်းအထိ ၉၅ မိုင် ကွာဝေး ပါတယ်။ ဆံတော်ရှင်မြတ်မော်တင်စွန်းစေတီတော်မြတ်ကြီးရဲ့ နှစ်စဉ် ဗုဒ္ဓပူဇနိယ ဘုရားပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိပေမယ့် ကိုဗစ်ကာလမှာ အကျဉ်းရုံးမျှသာ ကျင်းပခဲ့ကြပါတယ်။
ဘုရားပွဲတော်ကာလအတွင်း ဘုရား ဖူးခရီးသွားပြည်သူတွေ လာရောက် ဖူးမြော်နိုင်စေဖို့ ရေလမ်းနဲ့ ကုန်းလမ်း ကနေ ဖူးမြော်နိုင်ရန် စီစဉ်ပေးထားပါ တယ်။ “ဒီနေ့ဆိုရင် ရေလမ်းကလာတဲ့ ရှပ်ပြေးရေယာဉ် ရှစ်စင်းနဲ့ ဘုရားလာဖူး ကြတာ တွေ့ရပါတယ်။ ရေလမ်းရော ကုန်းလမ်းကပါ လာရောက်ဖူးမြော်ကြ ပါတယ်။ သန်းဌေးနဲ့ ရောင်းရင်းဘုရားဖူး ကားတွေရယ်၊ တခြား ဘုရားဖူးယာဉ် လိုင်းကားတွေလည်း လာဖူးကြတယ်။ ပိတ်ရက်ဆို ဘုရားဖူးဧည့်သည်များပါ တယ်”လို့ မြတ်မော်တင်စွန်း ဆရာတော် က မိန့်ကြားပါတယ်။
နှစ်ထပ်အမြန်ရေယာဉ်များနဲ့
ပြေးဆွဲပေးနေ
ရေလမ်းနဲ့ သွားရောက်ဖူးမြော်ချင်တဲ့ ဘုရားဖူးများအတွက် ပုသိမ်မြို့ကနေ ရွှေစင်ကြယ်ကမ်းရိုးတန်းသွား နှစ်ထပ် အမြန်ရေယာဉ်တွေနဲ့ ပြေးဆွဲပေးနေပြီး ခရီးသည်တစ်ဦးကို ကျပ် ၁၀၀၀၀၊ အဲကွန်း နဲ့ တစ်ခန်းကို လူနှစ်ဦးလိုက်ပါပါက ကျပ် ၃၅၀၀၀၊ ပန်ကာအခန်းဆိုပါက ကျပ် ၃၀၀၀၀ နဲ့ ပို့ဆောင်ပေးနေကြောင်း သိရပါတယ်။
‘‘ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင် မြတ်မော်တင်စွန်း ဘုရားပွဲတော်ကို နှစ်ညအိပ် သုံးရက်ခရီး ပို့ပေးပါတယ်။ ငွေတောင်ကမ်းခြေရယ် ဟိုင်းကြီးကျွန်း ကတစ်ဆင့် ကားခအပါ ထမင်းကျွေး အစီအစဉ်နဲ့ တည်းခိုတာပါအပြီးကို လူ တစ်ဦးကို ကျပ် ၁၂၀၀၀၀ ပါ။ တစ်ပတ်မှာ နှစ်ခေါက်ဆွဲပေးပါတယ်။ အခုဆွဲပေးပြီး တာ နှစ်ခေါက်ရှိပါပြီ။ ကျောက်ကလပ်ကို သွားတဲ့ ကုန်ကျစရိတ်ကတော့ စုပေါင်း ပြီးတော့ မျှခံရပါတယ်’’လို့ သန်းဌေးနဲ့ ရောင်းရင်း ဘုရားဖူးလုပ်ငန်းမှ တာဝန် ရှိသူက ပြောပါတယ်။
‘‘ဒါ့ပြင် အထူးအစီအစဉ်အနေနဲ့ ငွေဆောင်ကမ်းခြေကိုလည်း အပြန်ကျ ရင် ဝင်ပို့ပေးပါတယ်”လို့ သန်းဌေးနဲ့ ရောင်းရင်းဘုရားဖူးလုပ်ငန်းမှ တာဝန် ရှိသူက ဆိုပါတယ်။
ရင်ပြင်တော် တိုးချဲ့
ပြီးခဲ့တဲ့နှစ် ဘုရားပွဲတော်မတိုင်ခင် ကတည်းက စေတီတော်မြတ်ကြီးရဲ့ ရင်ပြင်တော်တိုးချဲ့ခြင်းများကို ပြုလုပ် ခဲ့ပြီးဖြစ်တာမို့ အခုနှစ်မှာ ဘုရားဖူးတွေစိတ်ချမ်းချမ်းသာသာနဲ့ ဘုရားဖူး လည်ပတ်နိုင်ပြီ ဖြစ်ပါတယ်။
ဒါ့အပြင် ရွှေချမ်းသာမြန်မာပြည်အနှံ့ ဘုရားဖူးနဲ့ ခရီးသွားပို့ဆောင်ရေးကလည်း ဆံတော်ရှင်မြတ်မော်တင်စွန်း၊ ဟိုင်းကြီး ကျွန်း၊ ငွေတောင်ကမ်းခြေ၊ ချောင်းသာ ကမ်းခြေ၊ ဖိုးကုလားကျွန်း၊ ကျောက် မောင်နှမ၊ Sea & Lake၊ ပုသိမ်ရွှေမုဋ္ဌော၊ ယိုးဒယားဘုရားနဲ့ ရေကြည်ရေနောက် ဘုရားတို့ကို ပို့ဆောင်ပေးမှာဖြစ်ပြီး သုံးညအိပ် လေးရက်ခရီးကို တစ်ဦးလျှင် ထမင်းစရိတ်ငြိမ်းအပါ ကျပ် ၉၀၀၀၀ နဲ့ ပို့ဆောင်ပေးနေတယ်လို့ ရွှေချမ်းသာ မြန်မာပြည်အနှံ့ ဘုရားဖူးနဲ့ခရီးသွား ပို့ဆောင်ရေးမှ တာဝန်ရှိသူကလည်း ပြောပါတယ်။
“အရင်ကထက်စာရင် ရင်ပြင်တော် က ပိုကျယ်သွားပြီ။ နှစ်စဉ်လာကြတဲ့ ဘုရားဖူးတွေကတော့ သိကြပါတယ်။ အရင်ကနဲ့မတူတော့တာကို မြင်ရမှာပါ။ လမ်းတွေလည်း ကောင်းသွားပြီ။ ဘုရား ဖူးတွေနားဖို့ နားနေခန်းတွေကလည်း အကျယ်ကြီး ဆောက်လုပ်ပေးထား တယ်။ ထပ်ပြီးတော့လည်း အာရုံခံ တန်ဆောင်းတွေ ထပ်ဆောက်လုပ် သွားမှာပါ။ အခုဆောင်ရွက်တာတွေက ကျပ် ၃ ဘီလီယံကျော် ကုန်ကျပါတယ်” လို့ မြတ်မော်တင်စွန်းဆရာတော်က စာရေးသူကို ပြောပြပါတယ်။
မြတ်မော်တင်စွန်း စေတီတော်မြတ် ကြီးရဲ့ဘုရားပွဲတော်ကို တပေါင်းလဆန်း ၁ ရက်ကနေ တပေါင်းလဆန်း ၁၅ ရက် အထိ အစဉ်အလာမပျက် တစ်နှစ်မှာ တစ်ကြိမ် ကျင်းပတာမို့ မြတ်မော်တင်စွန်း ဘုရားပွဲတော်ကာလမှာ သွားရောက် ဖူးမြော်နိုင်ဖို့ ဒီတစ်ပတ်ရဲ့ ခရီးသွား လမ်းညွှန်အနေနဲ့ ရေးသားဖော်ပြလိုက် ရပါတယ်။ ။