
ပြောင်းလဲလာသည့်ရာသီဥတုကြောင့် လယ်ယာကဏ္ဍအတွက် စိုက်ပျိုးရေ လုံလောက်စွာရရှိရေးသည် အရေးကြီးသည့်အချက်တစ်ခုဖြစ်လာသည်။ အထူး သဖြင့် မိုးနည်းရပ်ဝန်းဒေသများအတွက် မိုးမျှော်၍ စိုက်ပျိုးမည်ဆိုပါက တောင်သူများစီးပွားမဖြစ်နိုင်။ ထို့အတွက် မိုးကိုမမျှော်ရဘဲ အချိန်မှန်စိုက်ပျိုး နိုင်မည့် ရေပေးဝေနိုင်သည့် ဆည်မြောင်းအဆောက်အအုံများကို တောင်သူများ အားကိုးအားထားပြုလာကြသည်။
မြန်မာနိုင်ငံတွင် ဆည်ရေသောက်စနစ်ဖြင့် နှစ်စဉ် မိုးစပါး၊ နွေစပါးနှင့် အခြားသီးနှံ ဧက ၂၄ သိန်းခန့်အတွက် စိုက်ပျိုးရေပေးဝေလျက်ရှိသည်။ ထိုကဲ့သို့ စိုက်ပျိုးရေပေးဝေနိုင်ရန်အတွက် နိုင်ငံအတွင်း ရေလှောင်တမံ ၂၄၅ ခု၊ ရေလွှဲဆည် ၁၄၄ ခု၊ ကန် ၇၂ ခု၊ ရေတံခါး ၁၉၉ ခုနှင့် မြစ်ရေတင် ၂၁၀ စုစုပေါင်းဆည်မြောင်း အဆောက်အအုံ ၈၇၀ ကို တည်ဆောက်ထိန်းသိမ်းကာ စီမံဆောင်ရွက်လျက် ရှိကြောင်း
c ဆည်ရေသောက်စနစ်မှ
ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန မှ သိရသည်။
အဆင့်မြှင့်တင်လျက်ရှိ
စိုက်ပျိုးရေများ ပေးဝေရာတွင် တည်ဆောက်ပြီး ဆည်ရေသောက်စနစ်များကို အဆင့်မြှင့်တင်ပြုပြင် ခြင်းဖြင့် စိုက်ပျိုးရေများ အလေအလွင့်မရှိဘဲ လိုအပ် သည့်အချိန်တွင် လိုအပ်သလောက်ပေးဝေနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ထို့အတွက် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန သည် နှစ်စဉ်ဘဏ္ဍာငွေရရှိမှုအပေါ် မူတည်၍ လည်းကောင်း၊ နိုင်ငံတကာအကူအညီများ ရယူ၍ လည်းကောင်း တည်ဆောက်ပြီး နှစ်ကာလကြာမြင့် သည့် ဆည်ရေသောက်စနစ်များကို ဦးစားပေးအလိုက် အဆင့်မြှင့်တင်လျက်ရှိသည်။
ပဲခူးအနောက်ဘက်ခြမ်းရှိ မြောက်နဝင်း၊ တောင်နဝင်း၊ ဝဲကြီးနှင့် တောင်ညိုရေသောက်စနစ် များ အဆင့်မြှင့်တင်ပြုပြင်ခြင်းလုပ်ငန်းများကို ဂျပန် နိုင်ငံ ODA ချေးငွေဖြင့် ဆောင်ရွက်ပေးနိုင်ခဲ့ပြီး အဆိုပါ ရေသောက်စနစ်များတွင်ပါဝင်သည့် စိုက်ပျိုး မြေဧက နှစ်သိန်းကျော်ကို စိုက်ပျိုးရေ လုံလောက်စွာ ပေးဝေနိုင်ခဲ့ပြီဖြစ်သည်။
ဆောင်ရွက်ဆဲ
ထို့အတူဂျပန်နိုင်ငံ ODA ချေးငွေဖြင့် စစ်ကိုင်း တိုင်းဒေသကြီးအတွင်းရှိ သဖန်းဆိပ်ဆည်ရေသောက် စနစ် အဆင့်မြှင့်တင်ပြုပြင်ခြင်းလုပ်ငန်းများသည် ဆောင်ရွက်ဆဲဖြစ်ပြီး လုပ်ငန်းပြီးစီးပါက မူလ ဆည်ရေသောက်ဧရိယာ ငါးသိန်းခန့်ကို စိုက်ပျိုးရေ လုံလောက်စွာပေးဝေကာ ဒေသခံတောင်သူများ၏ လူမှုစီးပွားဘဝများကို အထောက်အကူပြုနိုင်မည် ဖြစ်သည်။ အလားတူ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနက ဆောင်ရွက်နေဆဲဖြစ်သည့် ဖြူးနှင့် မဒန်းဆည်ရေသောက်စနစ်များ ပြီးစီး ပါက လယ်မြေဧက ခုနစ်သောင်းကျော် အကျိုးပြု နိုင်မည်ဖြစ်သည့်အပြင် တောင်သူများ၏ လယ်မြေ ဧက ရှစ်သောင်းကျော်ကိုအကျိုးပြုမည့် ဆင်သေ၊ ဆွာချောင်း၊ မာလဲနတ်တောင်၊ မြောက်ယမားရေ လှောင်တမံ၊ ငလိုက်ရေလှောင်တမံ၊ ဇီးတောရေလွှဲ ဆည်၊ ဘောနီရေလှောင်တမံ၊ သဲကောရေလှောင်တမံ အဆင့်မြှင့်တင်ပြုပြင်ခြင်းလုပ်ငန်းများကို ဆည်မြောင်း နှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက ဆောင်ရွက် ပေးလျက်ရှိသည်။
ထို့ပြင် ကာလတိုငါးနှစ်စီမံကိန်းအဖြစ် ဆောင်ရွက်ရန် လျာထားသည့် လယ်မြေဧက ခုနစ် သိန်းကျော်ကို အကျိုးပြုစေနိုင်မည့် ရေခေါ်မြောင်း တူးဖော်ပေးခြင်း၊ ရေလွှဲဆည်၊ ရေတံခါးများ အသစ် တည်ဆောက်ခြင်းလုပ်ငန်းပေါင်း ၄၃၆ ခုကိုလည်း ရန်ပုံငွေခွဲဝေရရှိမှုပေါ်မူတည်၍ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
တည်ဆောက်ပြီးဆည်တာတမံများမှ စိုက်ပျိုးရေ ပေးဝေရာတွင် ကွက်ဆင့်သောက်စနစ်ကို အသုံးပြု နေခြင်းကြောင့် ရေခွဲဝေမှုစနစ်မကျခြင်းဖြစ်ပေါ်၍ ရေလေလွင့်ဆုံးရှုံးမှုများပြားခြင်း၊ လယ်သမား အချင်းချင်း ပြဿနာဖြစ်ပွားခြင်းစသည့် အခက်အခဲ များရှိနေသည်။ ထိုအခက်အခဲကို ဖြေရှင်းနိုင်ရန် အတွက် စနစ်ကျလယ်ယာမြေများဖော်ထုတ်ရေး၊ လယ်ကြားမြောင်းများဖောက်လုပ်၍ ရေရယူ သုံးစွဲ ရေးတို့ကို ဆောင်ရွက်နိုင်ရန် ရေအသုံးချသူအသင်း/အဖွဲ့များက ဖွဲ့စည်းကာ စည်းရုံးဆောင်ရွက်လျက် ရှိသည်။
ဖွဲ့စည်းထား
ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်များကြောင့် ရေလှောင်တမံများတွင် ရေဝင်ရောက်မှုနည်းပါးလာ ခြင်းကြောင့် စိုက်ပျိုးရေပေးဝေမှုလျော့နည်းခြင်း မဖြစ်စေရန်၊ ရေစီမံခန့်ခွဲမှုစနစ် ပိုမိုအားကောင်း လာစေရန် ရေအသုံးချသူများအသင်း (Water User Association) ရှစ်သင်းနှင့် တောင်သူလယ်သမား ၂၃၉၃၁၄ ဦးပါဝင်သည့် ရေအသုံးချသူများအဖွဲ့ (Water User Group) ၈၂၈၉ ဖွဲ့ ဖွဲ့စည်းထားပြီးဖြစ် သည်။
ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် စိုက်ပျိုးရေရရှိရေးကို ဦးစားပေး ဆောင်ရွက်နေသကဲ့သို့ ရေကြီးနစ်မြုပ်မှုလျော့ပါးသက်သာရေးနှင့် ရေဘေးကာကွယ်ရေးလုပ်ငန်းများ ကိုလည်း ဆောင်ရွက်လျက်ရှိသည်။
လယ်ယာမြေများရေကြီးနစ်မြုပ်မှုမှ ကာကွယ် နိုင်ရန်အတွက် ချောင်းကောမြောင်းကော ရေနုတ် မြောင်းတူးဖော်ခြင်း၊ ရေဘေးကာကွယ်ရေးတာနှင့် ရေငန်တားတာများ ကြံ့ခိုင်မှုရှိစေရေးလုပ်ငန်းများကို ပြည်ထောင်စုရန်ပုံငွေ၊ တိုင်းဒေသကြီးရန်ပုံငွေများ သုံးစွဲကာ နှစ်အလိုက် ဆောင်ရွက်ပေးလျက်ရှိသည်။ ယခုအချိန်အထိ ဌာနအနေဖြင့် လယ်ယာမြေဧက ၂၆ သိန်းကျော်ကို ရေဘေးကာကွယ်ပေးနိုင်သည့် ရေဘေးကာကွယ်ရေးတာနှင့် ရေငန်တားတာပေါင်း ၂၂၁ ခု၊ အလျားမိုင်ပေါင်း ၂၄၆၆ မိုင်ခန့်ကို တည်ဆောက် ထားရှိပြီး ထိန်းသိမ်းစောင့်ရှောက်လျက်ရှိသည်။
အချိန်မီပြုပြင်လျက်ရှိ
ထို့ပြင် ရေလှောင်တမံများ ဘေးကင်းလုံခြုံမှုရှိ စေရန်နှင့် အောက်ဘက်ရှိ မြို့ပြကျေးရွာများ အန္တရာယ် ကင်းစေရန်အတွက်(Dam Safety)လုပ်ငန်းစဉ်များကို စနစ်တကျ ရေးဆွဲဆောင်ရွက်လျက်ရှိသည့်အပြင် ကြံ့ခိုင်မှုစစ်ဆေးခြင်းကိုလည်း နေ့စဉ်၊ အပတ်စဉ် ပုံမှန်စစ်ဆေးမှုများဖြင့် ပြုလုပ်လျက်ရှိသည်။ နှစ်စဉ် မိုးရာသီမတိုင်မီ ကွင်းဆင်းစစ်ဆေးရေးအဖွဲ့ လေးဖွဲ့ဖြင့် အရေးကြီးသော ရေလှောင်တမံများကို ဦးစားပေး အလိုက် ကွင်းဆင်းစစ်ဆေးကာ အားနည်းချက် ရှိသည့်နေရာများရှာဖွေဖော်ထုတ်ပြီး ကြံ့ခိုင်မှုရှိစေရန် အချိန်မီပြုပြင်လျက်ရှိသည်။
မိုးရာသီကာလ ရေဘေးကာကွယ်ရေးတာများ ပြုပြင်ထိန်းသိမ်းခြင်းနှင့် ပတ်သက်သည့် သရုပ်ပြပွဲ များကို နှစ်စဉ်ပြုလုပ်၍ ပြည်သူထံအသိပညာပေး လျက်ရှိသည်။ ဇွန်လပထမပတ်မှစတင်ပြီး အရေးပေါ်ပစ္စည်းများစုဆောင်းခြင်းလုပ်ငန်းကို ဆောင်ရွက် သကဲ့သို့ အကယ်၍ မြစ်ရေကြီးမှုဖြစ်ပေါ်ပါက အချိန် နှင့်တစ်ပြေးညီသိရှိရန် ၂၄ နာရီ ကင်းလှည့်စောင့်ကြည့် မည့်အစီအမံများကို ဆောင်ရွက်ထားသည်။
ရေကင်းတဲများကို တာမိုင် လေးမိုင်တွင် တစ်လုံး တည်ဆောက်ထားရှိကာ စောင့်ကြည့်သွားမည် ဖြစ်သလို စိုးရိမ်ရေမှတ်ရောက်သည်နှင့် တာမိုင် နှစ်မိုင်တွင် ကင်းတဲတစ်လုံးစီ ထပ်မံထည့်သွင်း တည်ဆောက်၍ အချိန်ပြည့်ကင်းလှည့်စောင့်ကြည့် ပြီး ထိန်းသိမ်းစောင့်ရှောက်လျက်ရှိသည်။
ရေးဆွဲထားရှိ
ဆည်တာတမံများကြံ့ခိုင်ရေးကို အလေးထား ဆောင်ရွက်နေပြီး တစ်ဖက်ကလည်း တမံအောက်ဘက် ဒေသများတွင် တမံရေကြီးမှုကြုံတွေ့လာပါက ဒေသနေပြည်သူများကို ဘေးအန္တရာယ် ကင်းရှင်း သည့် ရေလွတ်နေရာများသို့ ရှာဖွေပို့ဆောင်ပေးနိုင် သည့် Flood Hazard Map များကို တောင်နဝင်း၊ ကညင်၊ မမြ၊ သုံးဆယ်၊ မုက္ခာ၊ ဆွာချောင်း၊ ဘောနီ၊ သဲကော၊ မာလဲနတ်တောင်၊ မြောက်ယမား၊ ဆင်သေ နှင့် ငလိုက်စသည့် ရေလှောင်တမံ ၁၂ ခုတွင် ရေးဆွဲ ထားရှိပြီးဖြစ်သည်။
တမံအောက်ဘက်ဒေသများ ဘေးအန္တရာယ် ကြုံတွေ့ပါက အလျင်မြန်ဆုံး ဘေးလွတ်ရာသို့ စီမံ ဆောင်ရွက်ပေးနိုင်မည့် အရေးပေါ်အခြေအနေကြိုတင် စီမံခန့်ခွဲမှုစီမံချက်ကိုလည်း ရေလှောင်တမံနှင့် ရေဘေးကာကွယ်ရေးတာတစ်ခုချင်းအလိုက် ရေးဆွဲ ထားပြီး လိုက်နာဆောင်ရွက်လျက်ရှိသည်။
“အရေးပေါ်အခြေအနေ ကြိုတင်စီမံခန့်ခွဲမှုစီမံချက် အရ အရေးပေါ်အခြေအနေ အဆင့်သုံးဆင့် သတ်မှတ် ထားပြီးတော့ အစိမ်းရောင်၊ အဝါရောင်၊ အနီရောင် အလံတွေကို ရေလှောင်တမံ၊ ရေဘေးကာကွယ်ရေး တာတွေနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွေမှာ စိုက်ထူ ပြီးတော့ ပြည်သူတွေကို အသိပေးနိုင်အောင် ဆောင်ရွက်ထားပါတယ်။ အဓိကက အရေးပေါ်အခြေ အနေဖြစ်ပေါ်မယ်ဆိုရင် လျင်လျင်မြန်မြန် တုံ့ပြန် ဆောင်ရွက်တတ်ဖို့၊ ထိခိုက်မှုအနည်းဆုံးဖြစ်ဖို့အထိ ဆက်သွယ်ရေးလမ်းကြောင်းကအစ သက်ဆိုင်ရာ အဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်မယ့် အစီအစဉ်တွေ အထိပါအောင် ရေးဆွဲထားတယ်။ ဒါတွေကို ပြည်သူ တွေသိအောင်၊ ပါဝင်ဆောင်ရွက်တတ်အောင် အသိ ပညာပေးခြင်းကို ဆောင်ရွက်ပေးလျက်ရှိပါတယ်” ဟု ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမြင့်စိုးက ရှင်းပြသည်။
ရေလှောင်တမံများ၏ ငလျင်ဒဏ်ခံနိုင်ရည်ရှိမှုကို ယနေ့ခေတ်အခြေအနေနှင့် ကိုက်ညီသည့်အချက် အလက်များကို အသုံးပြုကာ ခေတ်မီနည်းပညာဖြင့် ပြန်လည်တွက်ချက်ပြီး ကြံ့ခိုင်မှုအားဖြည့် ဆောင်ရွက်ခြင်းများကို ရဲနွယ်တမံနှင့် မုန်းတမံတို့ တွင် ကနဦးစတင်နိုင်ရန် စီမံဆောင်ရွက်နေပြီဖြစ် သည်။
ရာသီဥတု ထူးကဲစွာပြောင်းလဲမှုဖြစ်စဉ်များ ကြောင့် မိုးရွာသွန်းမှုနည်းပါးပြီး ဆည်အတွင်း ရေဝင်နည်းပါး၍ စိုက်ပျိုးရေမလုံလောက်မှုများ ကြုံတွေ့နေရသဖြင့် စိုက်ပျိုးရေကို အကျိုးရှိထိရောက်စွာ ပေးဝေနိုင်ရန်၊ အလေအလွင့်နည်းပါးစေရန် ဆည် ရေသောက်ဧရိယာများတွင် ဆည်ရေပေးဝေမှု တိုးတက်ခေတ်မီရေးနှင့် ဆည်မြောင်းဆိုင်ရာ သုတေသနစီမံကိန်းကို ရှေ့ပြေးဧရိယာများ (Pilot Areas) သတ်မှတ်ဆောင်ရွက်လျက်ရှိသည်။ ယခု ၂၀၂၀-၂၀၂၁ ခုနှစ်အတွင်း ဆည်ရေပေးဝေမှု တိုးတက်ခေတ်မီရေးနှင့် ဆည်မြောင်းဆိုင်ရာ သုတေသနလုပ်ငန်း စီမံကိန်းများအနေဖြင့် နေပြည်တော်၊ စစ်ကိုင်း၊ မန္တလေး၊ မကွေးနှင့် ပဲခူးတိုင်းဒေသကြီးတို့အတွင်းရှိ ဆည်ရေသောက်စနစ် ၁၂ ခုတွင် ကွက်ဆင့်သောက်လယ်မြေ ဧက ၆၉၀၀ အား (Topographic Survey)တိုင်းတာခြင်း၊ ကွင်းမြေပုံထုတ်ခြင်း၊ ပုံစံထုတ်ခြင်းများ ဆောင်ရွက် လျက်ရှိသည်။
လျာထားဆောင်ရွက်လျက်ရှိ
ပေါင်းလောင်း၊ ချောင်းမငယ်၊ မဲဇလီဆည်၊ မိတ္ထီလာလွင်ပြင်စိမ်းလန်းစိုပြည်ရေးနှင့် မြောက်နဝင်း ဆည်ရေသောက် ငါးခုရှိရှေ့ပြေးဧရိယာ ၂၁၇၁ ဧကအတွင်း တူးမြောင်း၊ ရေနုတ်မြောင်းများတူးဖော် ခြင်း၊ လယ်ကြားရေပေးမြောင်းများတူးဖော်ခြင်း၊ ရေထုတ်ပေါက်ရေတံခါးများ တပ်ဆင်ခြင်းလုပ်ငန်း များကို လျာထားဆောင်ရွက်လျက်ရှိသည်။
ထိုကဲ့သို့ ဆည်တာတမံများကြံ့ခိုင်ကောင်းမွန်အောင် ပြုပြင်ထိန်းသိမ်းခြင်း၊ ရေသောက်စနစ်များ အဆင့်မြှင့်တင်ဆောင်ရွက်ခြင်းနှင့် ရေစီမံခန့်ခွဲမှုစနစ် ပိုမိုတိုးတက်ကောင်းမွန်စေရန် ဆောင်ရွက်ခြင်း၊ တောင်သူများအတွက် မရှိမဖြစ်လိုအပ်သည့် စိုက်ပျိုး ရေရရှိရေးလုပ်ငန်းများ၊ မြို့ရွာများနှင့် စိုက်ပျိုးပြီး သီးနှံများ ရေကြီးနစ်မြုပ်မှုမရှိစေရေးအတွက် ရေဘေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ၊ ဒေသစိမ်းလန်း စိုပြည်ရေးနှင့် သောက်သုံးရေရရှိရေးလုပ်ငန်းများကိုလိုအပ်ချက်အလိုက် ဦးစားပေးအကောင် အထည်ဖော်ဆောင်ရွက်ရင်းဖြင့် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနသည် ပြည်သူ တို့၏ အကျိုးစီးပွား၊ ဒေသခံတောင်သူများ၏ အကျိုး စီးပွားကို ကြိုးစားဖော်ဆောင်လျက်ရှိပါကြောင်း တင်ပြလိုက်ရပါသည်။