
ရန်ကုန် စက်တင်ဘာ ၆
ဆန်ဈေးနှုန်းနှင့် ဆန်ဈေးကွက် တည်ငြိမ်မှန်ကန်စေရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို စက်တင် ဘာ ၄ ရက်က ရန်ကုန်တိုင်းဒေသ ကြီး အစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ ၌ ကျင်းပသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက အမှာ စကားပြောကြားရာတွင် ဆန် ဈေးနှုန်းသည် ဖြစ်သင့်ဖြစ်ထိုက် သည့် ပမာဏထက်ကျော်လွန်၍ ဈေးနှုန်းတက်သည့် အနေအထား တစ်ရပ်ကို တွေ့ရပြီး အမြတ်ကြီး ရလိုမှုဖြင့် ဝယ်ယူသိုလှောင် ထားကြကာ တဖြည်းဖြည်း ဈေး ဆွဲတင် ဆောင်ရွက်နေကြောင်း၊ကောလာဟလသတင်းများအပေါ် မူတည်၍ ဈေးနှုန်းကို ဆွဲတင်နေ ကြသည့် ကုန်သည်များ ပိုမို များပြားလာပြီး ၎င်းတို့က ဈေးဆွဲတင်နေသည်ကို တွေ့ရ ကြောင်း၊ ဆန်စပါးသည် နိုင်ငံတွင်း ထုတ်လုပ်နေသော ကုန်ပစ္စည်း ဖြစ်ပြီး ဖူလုံရုံမျှမက ပိုလျှံမှုလည်း ရှိနေ၍ နှစ်စဉ်ပြည်ပသို့ ဆန်တန် ချိန် နှစ်သန်းခန့် တင်ပို့နိုင်ကြောင်း၊ ထို့ကြောင့် ယနေ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် လက်ရှိ ဆန် ဈေးနှုန်းဈေးကွက်တည်ငြိမ်ရေး အတွက် အစိုးရပိုင်းက ဦးဆောင်မှု ပြုပေးရမည့် အခန်းကဏ္ဍ၊ မြန်မာ နိုင်ငံကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များ အသင်း ချုပ် (UMFCCI)၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်နှင့် ညီနောင် အသင်းအဖွဲ့များ၊ ပုဂ္ဂလိကအသင်း အဖွဲ့များက ပူးပေါင်းဆောင်ရွက် ပေးရမည့် အခန်းကဏ္ဍ၊ ဆန် ဈေးနှုန်းကြီးမြင့်မှုကို အဖြေရှာ ဖြေရှင်းပေးရမည့် ကိစ္စရပ်များ၊ လက်ရှိ ကုမ္ပဏီများ၊ ဆန်ကုန်စည် ဒိုင်များ၊ ဆန်လက်လီဆိုင်များက ပူးပေါင်းရောင်းချပေးနေမှုကို ပိုမို ကောင်းမွန်အောင် ဆောင်ရွက်ကြ မည့်ကိစ္စရပ်များအပေါ် ပွင့်လင်း မြင်သာစွာ ဆွေးနွေးပေးကြရန် ပြောကြားသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသ ကြီးစီးပွားရေးရာဝန်ကြီး ဦးမျိုး မြင့်အောင်က ဆန်ဈေးနှုန်းနှင့် ဆန်ဈေးကွက် တည်ငြိမ်မှန်ကန် စေရေး အကြံပြုဆွေးနွေးပြော ကြားပြီး မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်၊ အထွေထွေအတွင်း ရေးမှူးချုပ် ဦးလူမော်မြင့်မောင်က ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့၏ ညွှန်ကြားမှုဖြင့် မြို့နယ် များသို့ ဆန်များကို သင့်တင့်မျှတ သော ဈေးနှုန်းဖြင့် လိုက်လံ ရောင်းချပေးနေမှုများကို ရှင်းလင်း တင်ပြသည်။
ထို့နောက် ဆန်ဈေးနှုန်းနှင့် ဆန်ဈေးကွက် တည်ငြိမ်မှန်ကန် စေရေး တက်ရောက်ကြသူများက ကဏ္ဍအလိုက် ဆွေးနွေးတင်ပြ ကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် က ဆွေးနွေးတင်ပြချက်အပေါ် လိုသည်များ မှာကြား၍ နိဂုံးချုပ် စကား ပြောကြားခဲ့ကြောင်း သိရ သည်။
ဆန်းကျော်ဦး